မန်စီးတီးနဲ့တွေ့ဆုံမယ့်ပွဲမှာ ဆိုးလ်ရှား ဘယ်လိုဗျူဟာတွေထုတ်သုံးပြီး ဘယ် သရဲနီတပ်သားတွေကို ရွေးချယ်ပွဲထုတ်လာမလဲ…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့ည အတွက်ကတော့ အင်္ဂလန်မှာ ရင်လှိုက်သည်းဖို ပွဲစဉ်တစ်ပွဲဖြစ်လာပါမယ်။ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်က နောက်တစ်ဆင့်တက်ရဖို့ အရေးကြီးသလို၊ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ဘယ်အသင်းက အနိုင်ယူနိုင်သလဲဆိုတဲ့ ဂုဏ်သိက္ခာပိုင်းကလည်း ပိုလို့ အရေးကြီးပါတယ်။

ဖလားလက်မဲ့ ဖြစ်နေတာ ကြာနေပြီဖြစ်တဲ့၊ ပြီးခဲ့တဲ့ ရာသီက ဆီမီး အဆင့်တွေသာတက်ရောက်နိုင်ခဲ့တဲ့ ဆိုးလ်ရှား အတွက် ဒီနေ့ည ပွဲစဉ်က အရမ်းကို အရေးကြီးနေပါတယ်။

ဆိုးလ်ရှား ရဲ့ တပ်မဟာမှာတော့ ပြစ်ဒဏ်ခံနေရတဲ့ ကာဗာနီနဲ့ ကျောဒဏ်ရာရနေတဲ့လင်ဒီလော့တို့ မပါဝင်နိုင်သလို ဂွာဒီယိုလာရဲ့ အသင်းဖက်မှာလည်း ကိုရိုနာ နှိပ်စက်လို့ အသင်းသားတွေ အထိနာနေရပါတယ်။ ဒါကြောင့် လောလောဆယ် အနေအထားအရဆိုရင်တော့ ယူနိုက်တက်တို့ ကစားသမား အင်အားမှာ ရွေးချယ်စရာများစွာနဲ့ အားသာနေပါတယ်။

ဆိုးလ်ရှား ခင်းကျင်းနိုင်တဲ့ ခန့်မှန်းကစားကွက်ကတော့ 4-2-3-1 ဖြစ်နိုင်ပါတယ်။ ဒါဘီပွဲစဉ်အတွက် တိုက်ပွဲဝင်နိုင်တဲ့ သရဲနီတွေကတော့ ဂိုးသမားနေရာမှာ ဟန်ဒါဆန်ကို ခန့်မှန်းကြပါတယ်။

တခြားတပ်သားတွေကတော့ ဝမ်ဘစ်ဆာကာ၊ ဘိုင်လီ၊ မက်ဂွားယား၊ လုခ်ရှော၊ ဖရက်၊ တော်မီနေး၊ ရှက်ရှ်ဖို့၊ ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ မာရှယ်တို့ ဖြစ်နိုင်ပါတယ်။

အခု ယူနိုက်တက် နှင့် မန်စီးတီးတို့ ကာရာဘောင်ဖလား တွေ့ဆုံမှုဟာ (4) ကြိမ်မြောက်ဖြစ်ပြီး ၊ယူနိုက်တက်အသင်းဟာ မနှစ်ဘောလုံးရာသီတုန်းက မန်စီးတီးအသင်းနှင့် Carabao Cup ဆီမီးဖိုင်နယ်ပွဲစဉ် တွင် တွေ့ဆုံခဲ့ပြီး ပကျော့ရလဒ်မှာ 1ဂိုး -3ဂိုး ရလဒ်နဲ့ ရှုံးပြီး၊ ဒုကျော့အခေါက်မှာတော့ တစ်ဂိုး ၊ ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် စုစုပေါင်း 3ဂိုး -2ဂိုးရလဒ် ကြောင့် ယူနိုက်တက်တို့ပြိုင်ပွဲ ကနေထွက်ခဲ့ရပါတယ်။ အခုနှစ် ကာရာဘောင် ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို တော့ တစ်ကျော့သာယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနှင့်နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ(3)ပွဲတွင် (2)ပွဲနိုင်ပြီး (1)ပွဲသရေကျခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဂွာဒီယိုလာလက်ထက် ကာရာဘောင်ဖလားပွဲစဉ် ကစားခဲ့တဲ့ 23 ပွဲမှာ 2ပွဲသာ ရှုံးခဲ့ဖူးပြီး အဲဒီ 2 ပွဲကို ယူနိုက်တက်အသင်းနဲ့သာရှုံး ခဲ့တာပါ။ အခုအချိန်မှာတော့ စပါးအသင်းက ဖိုင်နယ်စင်မြင့်ကို ကြို ရောက်နေပါပြီ။

နည်းပြဆိုးလ်ရှား အနေနဲ့ ခုတစ်ခေါက် ဒါဘီပွဲစဉ်ကို ပြီးခဲ့တဲ့ တစ်ခေါက်လို ချစ်ကြည်ရေးပွဲအသွင် ကိုင်တွယ်မှာလား၊ လက်ဝှေ့ကြိုးဝိုင်းလို ကိုင်တွယ်မှာလားဆိုတာ ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္စီးတီးနဲ႔ေတြ႕ဆံုမယ့္ပြဲမွာ ဆိုးလ္ရွား ဘယ္လိုဗ်ဴဟာေတြထုတ္သံုးၿပီး ဘယ္ သရဲနီတပ္သားေတြကို ေ႐ြးခ်ယ္ပြဲထုတ္လာမလဲ…?

ဒီေန႔ည အတြက္ကေတာ့ အဂၤလန္မွာ ရင္လႈိက္သည္းဖို ပြဲစဥ္တစ္ပြဲျဖစ္လာပါမယ္။ ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္က ေနာက္တစ္ဆင့္တက္ရဖို႔ အေရးႀကီးသလို၊ မန္ခ်က္စတာ ဒါဘီပြဲစဥ္မွာ ဘယ္အသင္းက အႏိုင္ယူႏိုင္သလဲဆိုတဲ့ ဂုဏ္သိကၡာပိုင္းကလည္း ပိုလို႔ အေရးႀကီးပါတယ္။ ဖလားလက္မဲ့ ျဖစ္ေနတာ ၾကာေနၿပီျဖစ္တဲ့၊ ၿပီးခဲ့တဲ့ ရာသီက ဆီမီး အဆင့္ေတြသာတက္ေရာက္ႏိုင္ခဲ့တဲ့ ဆိုးလ္ရွား အတြက္ ဒီေန႔ည ပြဲစဥ္က အရမ္းကို အေရးႀကီးေနပါတယ္။

ဆိုးလ္ရွား ရဲ႕ တပ္မဟာမွာေတာ့ ျပစ္ဒဏ္ခံေနရတဲ့ ကာဗာနီနဲ႔ ေက်ာဒဏ္ရာရေနတဲ့လင္ဒီေလာ့တို႔ မပါဝင္ႏိုင္သလို ဂြာဒီယိုလာရဲ႕ အသင္းဖက္မွာလည္း ကို႐ိုနာ ႏွိပ္စက္လို႔ အသင္းသားေတြ အထိနာေနရပါတယ္။ ဒါေၾကာင့္ ေလာေလာဆယ္ အေနအထားအရဆိုရင္ေတာ့ ယူႏိုက္တက္တို႔ ကစားသမား အင္အားမွာ ေ႐ြးခ်ယ္စရာမ်ားစြာနဲ႔ အားသာေနပါတယ္။ ဆိုးလ္ရွား ခင္းက်င္းႏိုင္တဲ့ ခန႔္မွန္းကစားကြက္ကေတာ့ 4-2-3-1 ျဖစ္ႏိုင္ပါတယ္။ ဒါဘီပြဲစဥ္အတြက္ တိုက္ပြဲဝင္ႏိုင္တဲ့ သရဲနီေတြကေတာ့ ဂိုးသမားေနရာမွာ ဟန္ဒါဆန္ကို ခန႔္မွန္းၾကပါတယ္။ တျခားတပ္သားေတြကေတာ့ ဝမ္ဘစ္ဆာကာ၊ ဘိုင္လီ၊ မက္ဂြားယား၊ လုခ္ေရွာ၊ ဖရက္၊ ေတာ္မီေနး၊ ရွက္ရွ္ဖို႔၊ ဖာနန္ဒက္စ္၊ ေပါ့ဘာ၊ မာရွယ္တို႔ ျဖစ္ႏိုင္ပါတယ္။

အခု ယူႏိုက္တက္ ႏွင့္ မန္စီးတီးတို႔ ကာရာ​ေဘာင္ဖလား ေတြ႕ဆုံမႈဟာ (4) ႀကိမ္ေျမာက္ျဖစ္ၿပီး ၊ယူႏိုက္တက္အသင္းဟာ မႏွစ္ေဘာလုံးရာသီတုန္းက မန္စီးတီးအသင္းႏွင့္ Carabao Cup ဆီမီးဖိုင္နယ္ပြဲစဥ္ တြင္ ေတြ႕ဆုံခဲ့ၿပီး ပေက်ာ့ရလဒ္မွာ 1ဂိုး -3ဂိုး ရလဒ္နဲ႔ ရႈံးၿပီး၊ ဒုေက်ာ့အ​ေခါက္မွာ​ေတာ့ တစ္ဂိုး ၊ ဂိုးမရွိ နဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒါေပမယ့္ စုစုေပါင္း 3ဂိုး -2ဂိုးရလဒ္ ​ေၾကာင့္ ယူႏိုက္တက္တို႔ၿပိဳင္ပြဲ က​ေနထြက္ခဲ့ရပါတယ္။ အခုႏွစ္ ကာရာ​ေဘာင္ ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ကို ​ေတာ့ တစ္ေက်ာ့သာယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ မန္စီးတီးအသင္းႏွင့္ေနာက္ဆုံးကစားခဲ့တဲ့ၿပိဳင္ပြဲစုံ(3)ပြဲတြင္ (2)ပြဲႏိုင္ၿပီး (1)ပြဲသေရက်ခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ဂြာဒီယိုလာလက္ထက္ ကာရာ​ေဘာင္ဖလားပြဲစဥ္ ကစားခဲ့တဲ့ 23 ပြဲမွာ 2ပြဲသာ ရႈံးခဲ့ဖူးၿပီး အဲဒီ 2 ပြဲကို ယူႏိုက္တက္အသင္းနဲ႔သာရႈံး ခဲ့တာပါ။ အခုအခ်ိန္မွာ​ေတာ့ စပါးအသင္းက ဖိုင္နယ္စင္ျမင့္ကို ႀကိဳ ​ေရာက္​ေနပါၿပီ။ နည္းျပဆိုးလ္ရွား အ​ေနနဲ႔ ခုတစ္​ေခါက္ ဒါဘီပြဲစဥ္ကို ၿပီးခဲ့တဲ့ တစ္​ေခါက္လို ခ်စ္ၾကည္​ေရးပြဲအသြင္ ကိုင္တြယ္မွာလား၊ လက္​ေ၀ွ႔ႀကိဳး၀ိုင္းလို ကိုင္တြယ္မွာလားဆိုတာ ​ၾကည့္ၾကရ​ေအာင္ပါ။