
လီဗာပူးနှင့်မန်စီးတီးတို့ဟာယခုရာသီတွင်ပရီးမီးယားလိဂ်မှခြေစွမ်းပြနေတဲ့
တိုက်စစ်သမားများထဲမှတစ်ဦးကိုခေါ်ယူရေးအပြိုင်ကြိုးပမ်းနေကြပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ရန်တဖြည်းဖြည်း
နီးကပ်လာမှုနဲ့အတူလီဗာပူးနှင့်မန်စီးတီးတို့ဟာဒုတိယရာသီဝက်အတွက်
အသင်းကိုအားဖြည့်ရန်ကစားသမားသစ်ရှာဖွေနေကြပါတယ်။
ယနေ့ထွက်ပေါ်လာတဲ့သတင်းအရမန်စီးတီးနည်းပြပက်ဂွါဒီယိုလာနှင့်
လီဗာပူးနည်းပြကလော့ပ်တို့ဟာကစားသမားတစ်ဦးတည်းအပေါ်တွင်
စိတ်ဝင်စားနေကြောင်းသိရပါတယ်။
၎င်းတို့ဟာဝုဗ်တွင်အငှားဖြင့်လာရောက်ကစားနေတဲ့ဟွမ်ဟီချန်ကို
အပြိုင်စိတ်ဝင်စားနေတာဖြစ်ပါတယ်။
တောင်ကိုရီးယားလက်ရွေးစင်တိုက်စစ်သမားဟာနွေရာသီတုန်းက
ဝုဗ်သို့လိုက်ဇစ်မှအငှားဖြင့်ရောက်လာသူဖြစ်ပါတယ်။ဝုဗ်ဟာ
အသက်၂၅နှစ်ရှိတောင်ကိုရီးယားစတားကိုအငှားဖြင့်ခေါ်ယူရာတွင်
အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းထားပါတယ်။
ဒါပေမယ့်မန်စီးတီးနှင့်လီဗာပူးတို့ဟာဝုဗ်ထက်လက်ဦးမှုရယူပြီး
ဟွမ်ဟီချန်ကိုခေါ်ယူရန်ကြိုးပမ်းလာပါတယ်။
တစ်ဖက်တွင်ဝုဗ်ဟာလည်းဟွမ်ဟီချန်ကိုအသင်းတွင်
ထိန်းထားနိုင်ရေးတွက်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပင်
အပြီးသတ်ခေါ်ယူရန်လိုက်ဇစ်နှင့်ဆွေးနွေးရန်စီစဉ်နေပါတယ်။
လီဗာပူးနည်းပြကလော့ပ်ဟာဇန်နဝါရီတွင်ဆာဒေယိုမာနေးနှင့်
မိုဟာမက်ဆာလက်တို့အားတောင်အာဖရိကပြိုင်ပွဲသို့လက်လွှတ်ရမှာဖြစ်လို့
ဟွမ်ဟီချင်ကိုခေါ်ယူလိုနေတာဖြစ်သလိုမန်စီးတီးနည်းပြဂွါဒီယိုလာမှာလည်း
တိုက်စစ်တွင်နေရာစုံကစားနိုင်စွမ်းရှိမှုကြောင့်ဟွမ်ဟီချင်ကိုအလိုရှိနေတာပါ။
ဟွမ်ဟီချန်ဟာယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲ၈ပွဲ
ကစားထားရာမှာ၄ဂိုးသွင်းယူထားနိုင်ပါတယ်။
zawgyi
မန္စီးတီးနဲ႔ လီဗာပူးတို႔ ေတာင္ကိုရီးယားစတားကို ေခၚယူေရးအၿပိဳင္ႀကိဳးပမ္းေနၾက
လီဗာပူးႏွင့္မန္စီးတီးတို႔ဟာယခုရာသီတြင္ပရီးမီးယားလိဂ္မွေျခစြမ္းျပေနတဲ့
တိုက္စစ္သမားမ်ားထဲမွတစ္ဦးကိုေခၚယူေရးအၿပိဳင္ႀကိဳးပမ္းေနၾကပါတယ္။
ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ဖြင့္လွစ္ရန္တျဖည္းျဖည္း
နီးကပ္လာမႈနဲ႔အတူလီဗာပူးႏွင့္မန္စီးတီးတို႔ဟာဒုတိယရာသီဝက္အတြက္
အသင္းကိုအားျဖည့္ရန္ကစားသမားသစ္ရွာေဖြေနၾကပါတယ္။
ယေန႔ထြက္ေပၚလာတဲ့သတင္းအရမန္စီးတီးနည္းျပပက္ဂြါဒီယိုလာႏွင့္
လီဗာပူးနည္းျပကေလာ့ပ္တို႔ဟာကစားသမားတစ္ဦးတည္းအေပၚတြင္
စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။
၎တို႔ဟာဝုဗ္တြင္အငွားျဖင့္လာေရာက္ကစားေနတဲ့ဟြမ္ဟီခ်န္ကို
အၿပိဳင္စိတ္ဝင္စားေနတာျဖစ္ပါတယ္။
ေတာင္ကိုရီးယားလက္ေ႐ြးစင္တိုက္စစ္သမားဟာေႏြရာသီတုန္းက
ဝုဗ္သို႔လိုက္ဇစ္မွအငွားျဖင့္ေရာက္လာသူျဖစ္ပါတယ္။ဝုဗ္ဟာ
အသက္၂၅ႏွစ္ရွိေတာင္ကိုရီးယားစတားကိုအငွားျဖင့္ေခၚယူရာတြင္
အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းထားပါတယ္။
ဒါေပမယ့္မန္စီးတီးႏွင့္လီဗာပူးတို႔ဟာဝုဗ္ထက္လက္ဦးမႈရယူၿပီး
ဟြမ္ဟီခ်န္ကိုေခၚယူရန္ႀကိဳးပမ္းလာပါတယ္။
တစ္ဖက္တြင္ဝုဗ္ဟာလည္းဟြမ္ဟီခ်န္ကိုအသင္းတြင္
ထိန္းထားႏိုင္ေရးတြက္လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ပင္
အၿပီးသတ္ေခၚယူရန္လိုက္ဇစ္ႏွင့္ေဆြးေႏြးရန္စီစဥ္ေနပါတယ္။
လီဗာပူးနည္းျပကေလာ့ပ္ဟာဇန္နဝါရီတြင္ဆာေဒယိုမာေနးႏွင့္
မိုဟာမက္ဆာလက္တို႔အားေတာင္အာဖရိကၿပိဳင္ပြဲသို႔လက္လႊတ္ရမွာျဖစ္လို႔
ဟြမ္ဟီခ်င္ကိုေခၚယူလိုေနတာျဖစ္သလိုမန္စီးတီးနည္းျပဂြါဒီယိုလာမွာလည္း
တိုက္စစ္တြင္ေနရာစုံကစားႏိုင္စြမ္းရွိမႈေၾကာင့္ဟြမ္ဟီခ်င္ကိုအလိုရွိေနတာပါ။
ဟြမ္ဟီခ်န္ဟာယခုရာသီတြင္ပရီးမီးယားလိဂ္ပြဲ၈ပြဲ
ကစားထားရာမွာ၄ဂိုးသြင္းယူထားႏိုင္ပါတယ္။