မန်စီးတီးပရိသတ်တွေကိုသာမက အင်္ဂလန်လွှတ်တော်အမတ်အချို့ကိုပါဒေါသထွက်စေခဲ့တဲ့ မန်စီးတီးပိုင်ရှင်ရဲ့ လုပ်ရပ်

မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆောဟာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့

ဆီးရီးယားသမ္မတ အာဆတ်ကိုပွေ့ဖက်ကာတွေ့ဆုံခဲ့လို့

အင်္ဂလန်မှာသူ့လုပ်ရပ်ကိုဒေါသထွက်နေကြတယ်လို့ သိရပါတယ်။

နာမည်အပြည့်အစုံက ရှိတ်မန်ဆောဘင်ဇာယက်အယ်လ်နာယန် လို့ခေါ်ရှိတ်မန်ဆော ရဲ့

အခုလိုပြုမှုပုံက မန်စီးတီးပရိသတ်တွေကိုသာမက

အင်္ဂလန်လွှတ်တော်အမတ်အချို့ကိုပါဒေါသထွက်စေခဲ့တာပါ။

ဘာရှားအာဆတ်ဟာ ဆီးရီးယားပြည်တွင်းစစ်မှာ ဓာတုလက်နက်သုံးစွဲပြီး

သူ့ကိုပုန်ကန်သူတွေကို တိုက်ခိုက်ခဲ့တဲ့အတွက်

အပြင်းအထန်ဝေဖန်ခံနေရသူဖြစ်ပါတယ်။

ဒါကြောင့်လည်းလွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ခရစ္စဘရိုင်ယန့် ကရှိတ်မန်ဆောဟာ

အင်္ဂလန်ကဘောလုံးကလပ်တစ်ခုကို ပိုင်ဆိုင်ဖို့သင့်တော်တဲ့သူ

ဟုတ် မဟုတ်ဆိုတာကို မေးခွန်းထုတ်သွားခဲ့ပါတယ်။

လက်ရှိမှာ အာဆတ် ဟာသူ့နိုင်ငံအတွင်းမှာ ရိုင်းစိုင်းကြမ်းတမ်းတဲ့

လုပ်ရပ်တွေကျူးလွန်ပြီး သတ်ဖြတ်မှုတွေကိုအဆက်မပြတ်လုပ်နေဆဲဖြစ်လို့

အာဆတ်ကိုအခုလိုပွေ့ဖက်လိုက်တာထက်စာရင် အနောက်မှာထားပြီး

ဆက်ဆံတာကပိုပြီးကောင်းမယ်လို့လည်း ဘရိုင်ယန့်ကဆိုပါတယ်။

ရှိတ်မန်ဆောဟာပေါင် ၁၇ ဘီလီယံအထိကြွယ်ဝသူဖြစ်ပြီး

မကြာသေးခင်ကသူ့နိုင်ငံ ယူအေအီး မှာ အာဆတ်ကိုလက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒါဟာပြီးခဲ့တဲ့ ၁၁ နှစ်က ဆီးရီးယားပြည်တွင်းစစ်စတင်ပြီးနောက်ပိုင်း

အာဆတ်ရဲ့ အာရပ်နိုင်ငံတစ်ခုကိုပထမဆုံးထွက်ခွာတဲ့ခရီးလည်းဖြစ်ခဲ့ပါတယ်။

ဒီခရီးစဥ်ဟာ ယူအေအီးနဲ့ ဆီးရီးယား တို့အကြားဆက်ဆံရေးနွေးထွေးလာတာကို

ပြသနေလို့ အကြီးအကျယ်စိတ်ပျက်ရတယ်လို့ အမေရိကန်ကဆိုပါတယ်။

နိုင်ငံကာလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Amnesty International ကတော့

အာဆတ်ရော ယူအေအီးပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက်

အပြစ်ရှိတဲ့နိုင်ငံတွေလို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းပရိသတ်အဖွဲ့တစ်ခုကလည်း ”သူတို့ကလပ်ပိုင်ရှင်က

အာဆတ်နဲ့သူ့ရဲ့ညှင်းပန်းနှိပ်စက်ကလူပြုတဲ့ နိုင်ငံကိုအခုလိုဆက်ဆံတဲ့အပေါ်

အများကြီးစက်ဆုပ်မိပါတယ်” လို့ထုတ်ပြန်ပါတယ်။

ရုရှားက ယူကရိန်းအပေါ်ကျူးကျော်မှုကြောင့် ချဲလ်ဆီးပိုင်ရှင် မိုဗစ်ချ်ကို

ဗြိတိန်အစိုးရက အရေးယူမှုပြလုပ်ခဲ့တဲ့အချိန်မှာ

ရှိတ်မန်ဆောရဲ့အခုလို ပြုမူပုံဟာ မန်စီးတီးအပေါ်မလိုအပ်ဘဲ

ဖိအားတွေရှိစေမှာကိုလည်း စိုးရိမ်နေကြပါတယ်။

zawgyi

မန္စီးတီးပရိသတ္ေတြကိုသာမက အဂၤလန္လႊတ္ေတာ္အမတ္အခ်ိဳ႕ကိုပါေဒါသထြက္ေစခဲ့တဲ့ မန္စီးတီးပိုင္ရွင္ရဲ႕ လုပ္ရပ္

မန္စီးတီးအသင္းပိုင္ရွင္ ရွိတ္မန္ေဆာဟာ နာမည္ဆိုးနဲ႔ေက်ာ္ၾကားေနတဲ့

ဆီးရီးယားသမၼတ အာဆတ္ကိုေပြ႕ဖက္ကာေတြ႕ဆုံခဲ့လို႔

အဂၤလန္မွာသူ႔လုပ္ရပ္ကိုေဒါသထြက္ေနၾကတယ္လို႔ သိရပါတယ္။

နာမည္အျပည့္အစုံက ရွိတ္မန္ေဆာဘင္ဇာယက္အယ္လ္နာယန္ လို႔ေခၚရွိတ္မန္ေဆာ ရဲ႕

အခုလိုျပဳမႈပုံက မန္စီးတီးပရိသတ္ေတြကိုသာမက

အဂၤလန္လႊတ္ေတာ္အမတ္အခ်ိဳ႕ကိုပါေဒါသထြက္ေစခဲ့တာပါ။

ဘာရွားအာဆတ္ဟာ ဆီးရီးယားျပည္တြင္းစစ္မွာ ဓာတုလက္နက္သုံးစြဲၿပီး

သူ႔ကိုပုန္ကန္သူေတြကို တိုက္ခိုက္ခဲ့တဲ့အတြက္

အျပင္းအထန္ေဝဖန္ခံေနရသူျဖစ္ပါတယ္။

ဒါေၾကာင့္လည္းလႊတ္ေတာ္အမတ္တစ္ဦးျဖစ္တဲ့ ခရစၥဘ႐ိုင္ယန႔္ ကရွိတ္မန္ေဆာဟာ

အဂၤလန္ကေဘာလုံးကလပ္တစ္ခုကို ပိုင္ဆိုင္ဖို႔သင့္ေတာ္တဲ့သူ

ဟုတ္ မဟုတ္ဆိုတာကို ေမးခြန္းထုတ္သြားခဲ့ပါတယ္။

လက္ရွိမွာ အာဆတ္ ဟာသူ႔ႏိုင္ငံအတြင္းမွာ ႐ိုင္းစိုင္းၾကမ္းတမ္းတဲ့

လုပ္ရပ္ေတြက်ဴးလြန္ၿပီး သတ္ျဖတ္မႈေတြကိုအဆက္မျပတ္လုပ္ေနဆဲျဖစ္လို႔

အာဆတ္ကိုအခုလိုေပြ႕ဖက္လိုက္တာထက္စာရင္ အေနာက္မွာထားၿပီး

ဆက္ဆံတာကပိုၿပီးေကာင္းမယ္လို႔လည္း ဘ႐ိုင္ယန႔္ကဆိုပါတယ္။

ရွိတ္မန္ေဆာဟာေပါင္ ၁၇ ဘီလီယံအထိႂကြယ္ဝသူျဖစ္ၿပီး

မၾကာေသးခင္ကသူ႔ႏိုင္ငံ ယူေအအီး မွာ အာဆတ္ကိုလက္ခံေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ဒါဟာၿပီးခဲ့တဲ့ ၁၁ ႏွစ္က ဆီးရီးယားျပည္တြင္းစစ္စတင္ၿပီးေနာက္ပိုင္း

အာဆတ္ရဲ႕ အာရပ္ႏိုင္ငံတစ္ခုကိုပထမဆုံးထြက္ခြာတဲ့ခရီးလည္းျဖစ္ခဲ့ပါတယ္။

ဒီခရီးစဥ္ဟာ ယူေအအီးနဲ႔ ဆီးရီးယား တို႔အၾကားဆက္ဆံေရးေႏြးေထြးလာတာကို

ျပသေနလို႔ အႀကီးအက်ယ္စိတ္ပ်က္ရတယ္လို႔ အေမရိကန္ကဆိုပါတယ္။

ႏိုင္ငံကာလူ႔အခြင့္အေရးအဖြဲ႕ျဖစ္တဲ့ Amnesty International ကေတာ့

အာဆတ္ေရာ ယူေအအီးပါ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ စစ္ရာဇဝတ္မႈေတြအတြက္

အျပစ္ရွိတဲ့ႏိုင္ငံေတြလို႔ ဆိုခဲ့ပါတယ္။

မန္စီးတီးအသင္းပရိသတ္အဖြဲ႕တစ္ခုကလည္း ”သူတို႔ကလပ္ပိုင္ရွင္က

အာဆတ္နဲ႔သူ႔ရဲ႕ညႇင္းပန္းႏွိပ္စက္ကလူျပဳတဲ့ ႏိုင္ငံကိုအခုလိုဆက္ဆံတဲ့အေပၚ

အမ်ားႀကီးစက္ဆုပ္မိပါတယ္” လို႔ထုတ္ျပန္ပါတယ္။

႐ုရွားက ယူကရိန္းအေပၚက်ဴးေက်ာ္မႈေၾကာင့္ ခ်ဲလ္ဆီးပိုင္ရွင္ မိုဗစ္ခ်္ကို

ၿဗိတိန္အစိုးရက အေရးယူမႈျပလုပ္ခဲ့တဲ့အခ်ိန္မွာ

ရွိတ္မန္ေဆာရဲ႕အခုလို ျပဳမူပုံဟာ မန္စီးတီးအေပၚမလိုအပ္ဘဲ

ဖိအားေတြရွိေစမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။