မန်စီးတီးမှာဆို မက်ဆီပျော်လိမ့်မယ်လို့ သူ့အစ်ကိုဝမ်းကွဲပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီရဲ့အစ်ကိုဝမ်းကွဲဖြစ်တဲ့ မက်ဆီမီလီယန်နိုဘီယန်ကူချီက မန်စီးတီးအသင်းဟာ မက်ဆီအတွက် ပြီးပြည့်စုံတဲ့အသင်းဖြစ်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့ပြီး ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကိုနှစ်ပွဲပေါင်း ၈-၂ နဲ့ရှုံးခဲ့ပြီးနောက် အသင်းကနေထွက်ခွာခွင့်တောင်းခံခဲ့သူဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့နွေရာသီကအသင်းပြောင်းလိုခဲ့ပေမယ့် သူငယ်ငယ်ကတည်းကရောက်ရှိနေတဲ့ ဘာစီလိုနာနဲ့ တရားရေးအရ ထိပ်တိုက်တွေ့ဖွယ်ရှိလို့ ဆက်နေခဲ့တာပါ။ ဘီယန်ကူချီက” မက်ဆီဟာ သူခင်တဲ့မိတ်ဆွေတွေနဲ့ ဘောလုံး အတူမကစားရမှ တော့ သူပျော်ရမယ့်နေရာကို ရှာတော့မှာပေါ့ဗျာ။ ဘာစီလိုနာမှာ သူပျော်နေအုံးမယ်ဆိုရင်တော့ ဆက်နေချင်နေမှာပေါ့။

ဒါပေမယ့် သူငယ်ငယ်ကတည်းက အတူကြီးပြင်းခဲ့တဲ့ ဇာဗီ၊ဖာဘရီဂတ်၊အင်နီရေစတာတို့တွေမရှိတော့တဲ့အချိန်မှာ နောက်ထပ်သူ့ရဲ့ သူငယ်ချင်း နေမာနဲ့ ဆွာရာဇ်တို့ကလည် အသင်းကထွက်ခွာသွားတာက သူရဲ့ ကစားအားကိုထိခိုက်စေခဲ့တာအမှန်ပါပဲ။ သူဟာ ခံစားချက်အပေါ်အာရုံစိုက်မယ့်သူလည်းဖြစ်ပါတယ်။ဘာစီလိုနာကနေ သူထွက်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မထင်ထားပါဘူး။

ဒါပေမယ့် သူပျော်မယ့်အသင်းတွေထဲက တစ်ခုကိုနာမည်တပ်ပြောရရင်တော့ မန်စီးတီးပေါ့ဗျာ။ သူဟာ မန်စီးတီးနဲ့ဆိုရင်လုံးဝကို အံဝင်ခွင်ကျလိမ့်မယ်။ မက်ဆီဟာ လူကောင်းတစ်ဦးဖြစ်လို့ ဘာစီလိုနာထိပ်ပိုင်းကျသူတွေက သူ့ကိုဝေဖန်ကြတာကိုကြားရတာ တကယ့်ကို စိတ်ပျက်စရာဖြစ်ရပါတယ်” လို့ပြောသွားပါတယ်။

ဒါပေမယ့် ဘီယန်ကူချီက မက်ဆီဟာသူ့ရဲ့ကလေးဘဝကလပ်ဖြစ်တဲ့ နယူးဝဲလ်အိုးလ်ဘွိုင်း အသင်းဆီပြန်သွားကစားလိမ့် မယ်လို့ယုံကြည်ကြောင်း ဆက်ပြောပါတယ်။ လက်ရှိအခြေအနေအရ မက်ဆီဟာ လာမယ့်နွေရာသီကျရင် ဘာစီလိုနာကနေထွက်ဖို့သေချာသလောက်ရှိနေပြီး ပရီးမီးယားလိဂ်ကလပ်အချို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဘီယန်ကူချီဟာလည်းတောင်အမေရိကမှာ နာမည်ကျော်တဲ့ ဘောလုံးသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာ ပါရာဂွေးကလပ် ရူဘီယိုနူအသင်းမှာ ကစားနေသူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္စီးတီးမွာဆို မက္ဆီေပ်ာ္လိမ့္မယ္လို႔ သူ႔အစ္ကိုဝမ္းကြဲေျပာ

ဘာစီလိုနာအသင္းတိုက္စစ္မႉး မက္ဆီရဲ႕အစ္ကိုဝမ္းကြဲျဖစ္တဲ့ မက္ဆီမီလီယန္ႏိုဘီယန္ကူခ်ီက မန္စီးတီးအသင္းဟာ မက္ဆီအတြက္ ၿပီးျပည့္စုံတဲ့အသင္းျဖစ္လိမ့္မယ္လို႔ ေျပာလိုက္ပါတယ္။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာက်န္ေတာ့ၿပီး ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္ကိုႏွစ္ပြဲေပါင္း ၈-၂ နဲ႔ရႈံးခဲ့ၿပီးေနာက္ အသင္းကေနထြက္ခြာခြင့္ေတာင္းခံခဲ့သူျဖစ္ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ေႏြရာသီကအသင္းေျပာင္းလိုခဲ့ေပမယ့္ သူငယ္ငယ္ကတည္းကေရာက္ရွိေနတဲ့ ဘာစီလိုနာနဲ႔ တရားေရးအရ ထိပ္တိုက္ေတြ႕ဖြယ္ရွိလို႔ ဆက္ေနခဲ့တာပါ။ ဘီယန္ကူခ်ီက” မက္ဆီဟာ သူခင္တဲ့မိတ္ေဆြေတြနဲ႔ ေဘာလုံး အတူမကစားရမွ ေတာ့ သူေပ်ာ္ရမယ့္ေနရာကို ရွာေတာ့မွာေပါ့ဗ်ာ။ ဘာစီလိုနာမွာ သူေပ်ာ္ေနအံုးမယ္ဆိုရင္ေတာ့ ဆက္ေနခ်င္ေနမွာေပါ့။ ဒါေပမယ့္ သူငယ္ငယ္ကတည္းက အတူၾကီးျပင္းခဲ့တဲ့ ဇာဗီ၊ဖာဘရီဂတ္၊အင္နီေရစတာတို႕ေတြမရွိေတာ့တဲ့အခ်ိန္မွာ ေနာက္ထပ္သူ႕ရဲ႕ သူငယ္ခ်င္း ေနမာနဲ႕ ဆြာရာဇ္တို႕ကလည္ အသင္းကထြက္ခြာသြားတာက သူရဲ႕ ကစားအားကိုထိခိုက္ေစခဲ့တာအမွန္ပါပဲ။ သူဟာ ခံစားခ်က္အေပၚအာ႐ုံစိုက္မယ့္သူလည္းျဖစ္ပါတယ္။ဘာစီလိုနာကေန သူထြက္မယ္လို႔ ကြၽန္ေတာ္ဘယ္တုန္းကမွ မထင္ထားပါဘူး။

ဒါေပမယ့္ သူေပ်ာ္မယ့္အသင္းေတြထဲက တစ္ခုကိုနာမည္တပ္ေျပာရရင္ေတာ့ မန္စီးတီးေပါ့ဗ်ာ။ သူဟာ မန္စီးတီးနဲ႔ဆိုရင္လုံးဝကို အံဝင္ခြင္က်လိမ့္မယ္။ မက္ဆီဟာ လူေကာင္းတစ္ဦးျဖစ္လို႔ ဘာစီလိုနာထိပ္ပိုင္းက်သူေတြက သူ႔ကိုေဝဖန္ၾကတာကိုၾကားရတာ တကယ့္ကို စိတ္ပ်က္စရာျဖစ္ရပါတယ္” လို႔ေျပာသြားပါတယ္။ ဒါေပမယ့္ ဘီယန္ကူခ်ီက မက္ဆီဟာသူ႔ရဲ႕ကေလးဘဝကလပ္ျဖစ္တဲ့ နယူးဝဲလ္အိုးလ္ဘြိဳင္း အသင္းဆီျပန္သြားကစားလိမ့္ မယ္လို႔ယုံၾကည္ေၾကာင္း ဆက္ေျပာပါတယ္။ လက္ရွိအေျခအေနအရ မက္ဆီဟာ လာမယ့္ေႏြရာသီက်ရင္ ဘာစီလိုနာကေနထြက္ဖို႔ေသခ်ာသေလာက္ရွိေနၿပီး ပရီးမီးယားလိဂ္ကလပ္အခ်ိဳ႕က သူ႔ကိုေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။ ဘီယန္ကူခ်ီဟာလည္းေတာင္အေမရိကမွာ နာမည္ေက်ာ္တဲ့ ေဘာလုံးသမားတစ္ဦးျဖစ္ၿပီး လက္ရွိမွာ ပါရာေဂြးကလပ္ ႐ူဘီယိုႏူအသင္းမွာ ကစားေနသူျဖစ္ပါတယ္။