မန်စီးတီး၊ လီဗာပူးတို့ရဲ့ ပွဲတိုင်းကို ကြည့်ပြီး လေ့လာနေတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဖာနန်ဒက်စ်ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး နဲ့ လီဗာပူးတို့ပွဲတိုင်းကို တီဗွီကနေ ကြည့်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

နော်ဝေသားကတော့ ဖိအားတွေကို အကောင်းဆုံးကွင်းတွယ်ထားနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိဖို့ ပစ်မှတ်ထားနေပေမယ့် ကြားရက်က အမှတ်ပေးဇယားအောက်ဆုံးက ရှက်ဖီးလ်ကိုအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

မက်ဂွါရီက ဘရိုင်ယန်ရဲ့ဦးဆောင်ဂိုးကိုပြန်လည်ချေပခဲ့ပေမယ့် အိုလီဗာဘာဂီက ရှက်ဖီးလ်အတွက် အရန်ခုံကနေဝင်လာပြီး အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ရှက်ဖီးလ်ကိုအရေးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံးတက်ရောက်နိုင်မယ့်အရေးနဲ့ လက်လွှတ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဂွါဒီယိုလာရဲ့မန်စီးတီးက ၇ ပွဲဆက်အနိုင်ရလဒ်နဲ့အတူ ချန်ပီယံဆုအတွက် ရေပန်းစားလာပါတယ်။

လက်ရှိချန်ပီယံလီဗာပူးကတော့ စီးတီးအသင်းနဲ့ ၄ မှတ်အကွာ အနေအထားမှာရပ်တည်နေပေမယ့် စီးတီးက ၁ ပွဲကျန်နေသေးတာဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ ဖာနန်ဒက်စ်ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး နဲ့ လီဗာပူးပွဲတွေကို စောင့်ကြည့်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အသက် ၂၆ နှစ်သားဟာ စနေနေ့မှာ ယူနိုက်တက်ကိုရောက်ရှိလာတာ ၁ နှစ်ပြည့်မှာဖြစ်ပြီး အသင်းအတွက် ၅၂ ပွဲမှာ ၂၈ ဂိုးသွင်း ၁၇ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားကတော့ ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး အသင်းအတွက် တကယ်ကောင်းတဲ့အားဖြည့်မှုတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်

“ဖာနန်ဒက်စ်က တီဗွီကနေ ပွဲတိုင်းနီးပါးကိုကြည့်ဖြစ်ပါတယ်။ အထူးသဖြင့်ပွဲကြီးတွေကို ပိုကြည့်ဖြစ်ပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ် ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ ယူနိုက်တက်ဟာ အာဆင်နယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

အာတီတာကလည်း ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး “ဖာနန်ဒက်စ်က ယူနိုက်တက်ရဲ့အဓိကကစားသမားပါ။ သူရောက်လာပြီးနောက် ယူနိုက်တက်က ပြောင်းလဲသွားခဲ့ပါတယ်။

သူ့မှာအရည်အချင်းအားလုံးရှိပြီး အသင်းကိုအောင်မြင်မှုရယူပေးနိုင်တဲ့ကစားသမားမျိုးပါ”လို့ ပြောကြားခဲ့ပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီး၊ လီဗာပူးတို႔ရဲ႕ ပဲြတိုင္းကို ၾကည့္ျပီး ေလ့လာေနတဲ့ ဖာနန္ဒက္စ္

ယူႏုိက္တက္နည္းျပ ဆိုးလ္ရွားက ဖာနန္ဒက္စ္ဟာ ျပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီး နဲ႔ လီဗာပူးတို႔ပြဲတိုင္းကို တီဗီြကေန ၾကည့္ျဖစ္တယ္လုိ႔ ဆိုခဲ့ပါတယ္။ ေနာ္ေ၀သားကေတာ့ ဖိအားေတြကို အေကာင္းဆံုးကြင္းတြယ္ထားႏိုင္ခဲ့တဲ့ ဖာနန္ဒက္စ္ကိုလည္း ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။ယူႏုိက္တက္ဟာ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိဖို႔ ပစ္မွတ္ထားေနေပမယ့္ ၾကားရက္က အမွတ္ေပးဇယားေအာက္ဆံုးက ရွက္ဖီးလ္ကိုအေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

မက္ဂြါရီက ဘရိုင္ယန္ရဲ႕ဦးေဆာင္ဂိုးကိုျပန္လည္ေခ်ပခဲ့ေပမယ့္ အုိလီဗာဘာဂီက ရွက္ဖီးလ္အတြက္ အရန္ခံုကေန၀င္လာျပီး အႏိုင္ဂုိးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ရွက္ဖီးလ္ကိုအေရးနိမ့္ခဲ့တာေၾကာင့္ ယူႏိုက္တက္ဟာ အမွတ္ေပးဇယားထိပ္ဆံုးတက္ေရာက္ႏိုင္မယ့္အေရးနဲ႔ လက္လႊတ္ခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဂြါဒီယိုလာရဲ႕မန္စီးတီးက ၇ ပြဲဆက္အႏိုင္ရလဒ္နဲ႔အတူ ခ်န္ပီယံဆုအတြက္ ေရပန္းစားလာပါတယ္။

လက္ရွိခ်န္ပီယံလီဗာပူးကေတာ့ စီးတီးအသင္းနဲ႔ ၄ မွတ္အကြာ အေနအထားမွာရပ္တည္ေနေပမယ့္ စီးတီးက ၁ ပြဲက်န္ေနေသးတာျဖစ္ပါတယ္။ ဆိုးလ္ရွားကေတာ့ ဖာနန္ဒက္စ္ဟာ ျပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီး နဲ႔ လီဗာပူးပြဲေတြကို ေစာင့္ၾကည့္ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္သားဟာ စေနေန႔မွာ ယူႏိုက္တက္ကိုေရာက္ရွိလာတာ ၁ ႏွစ္ျပည့္မွာျဖစ္ျပီး အသင္းအတြက္ ၅၂ ပြဲမွာ ၂၈ ဂုိးသြင္း ၁၇ ဂိုးဖန္တီးေပးထားႏုိင္ခဲ့ပါတယ္။

ဆိုးလ္ရွားကေတာ့ ဖာနန္ဒက္စ္ရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ျပီး အသင္းအတြက္ တကယ္ေကာင္းတဲ့အားျဖည့္မႈတစ္ခုျဖစ္ခဲ့တယ္လုိ႔ ဆုိခဲ့ပါတယ္။ “ဖာနန္ဒက္စ္က တီဗီြကေန ပြဲတိုင္းနီးပါးကိုၾကည့္ျဖစ္ပါတယ္။ အထူးသျဖင့္ပြဲၾကီးေတြကို ပိုၾကည့္ျဖစ္ပါတယ္”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ၂၀၁၃ ခုႏွစ္ ဖာဂူဆန္ထြက္ခြာသြားျပီးေနာက္ပိုင္း ခ်န္ပီယံဆုနဲ႔ ေ၀းကြာေနခဲ့တာျဖစ္ပါတယ္။ ဒီေန႔ညမွာေတာ့ ယူႏုိက္တက္ဟာ အာဆင္နယ္အသင္းနဲ႔ အေ၀းကြင္းပြဲစဥ္ရင္ဆုိင္ကစားရမွာျဖစ္ပါတယ္။

အာတီတာကလည္း ဖာနန္ဒက္စ္နဲ႔ပတ္သက္ျပီး “ဖာနန္ဒက္စ္က ယူႏုိက္တက္ရဲ႕အဓိကကစားသမားပါ။ သူေရာက္လာျပီးေနာက္ ယူႏုိက္တက္က ေျပာင္းလဲသြားခဲ့ပါတယ္။ သူ႕မွာအရည္အခ်င္းအားလံုးရွိျပီး အသင္းကိုေအာင္ျမင္မႈရယူေပးႏိုင္တဲ့ကစားသမားမ်ိဳးပါ”လို႔ ေျပာၾကားခဲ့ပါတယ္။