မန်ဇူကစ် ရောက်လာခဲ့ပြီးတဲ့နောက် ပြိုင်ဘက်တွေ ကြောက်စရာ တိုက်စစ်မှူး၂ဦး ရှိလာပြီလို့ အီဘရာဟီမိုဗစ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန်တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်က တိုက်စစ်ပိုင်းမှာ မန်ဇူကစ်ထပ်ရောက်လာလို့ ပျော်ရွှင်ကျေနပ်နေပါတယ်။

မန်ဇူကစ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လက အယ်လ်ဒါဟေးအသင်းကနေ ထွက်ခွာလာပြီးနောက် အလွတ်နဲ့အေစီမီလန်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မိုဗစ်က လက်ရှိအချိန်မှာ မန်ဇူကစ်ပါရောက်ရှိလာခဲ့တာကြောင့် ဂိုးသွင်းစက် ၂ ဦးအထိ ရှိလာခဲ့ပြီလို့ ထုတ်ဖော်ပြောကြားလိုက်ကာ အသင်းအတွက်အများကြီးအကျိုးရှိနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

“မန်ဇူကစ်ရောက်လာလို့ အရမ်းပျော်ပါတယ်။ အခုဆို ပြိုင်ဘက်တွေအတွက် ကြောက်စရာတိုက်စစ်မှူးက ၂ ဦးအထိ ရှိလာခဲ့ပါပြီ။

ကျွန်တော်တို့အခုဆို ရာသီဝက်ကိုရောက်လာခဲ့ပါပြီ။ နောက်ပိုင်းပွဲတွေက ပိုခက်လာပါပြီ။ မန်ဇူကစ်ရောက်လာတာ အရမ်းကောင်းပါတယ်။ အခုဆိုနည်းပြက အလှည့်ကျအသုံးပြုလို့ ရသွားပါပြီ”လို့ ဆွီဒင်သားက ပြောကြားခဲ့ပါတယ်။

မိုဗစ်ဟာ တနလာၤနေ့က ကက်ဂလီယာရီနဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အေစီမီလန်ကတော့ ၂၀၁၀ – ၁၁ နောက်ပိုင်း ပထမဆုံးစီးရီးအေချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

မာကာတိုသတင်းဌာနကတော့ မန်ဇူကစ်ဟာ အေစီမီလန်ကို ၆ လအငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရင် နောက်တစ်နှစ်ဆက်နေခွင့်ရရှိမှာဖြစ်ပါတယ်။

မန်ဇူကစ်ဟာ ဂျူဗင်တပ်စ်မှာလည်း ၂၀၁၅ ကနေ ၂၀၁၉ အထိ ကစားခဲ့ဖူးကာ ပြိုင်ပွဲစုံ ၁၆၂ ပွဲမှာ ၄၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

မန်ဇူငစ်ရောက်လာတာကြောင့် အသင်းရဲ့လူအင်အားက ပိုမိုတောင့်တင်းလာခဲ့ပြီလို့ နည်းပြ ပီအိုလီက ဆိုခဲ့ပါတယ်။

“ကျွန်တော်အရမ်းပျော်ပါတယ်။ မန်ဇူကစ်ရောက်လာတာက အသင်းလူအင်အားအတွက် ပိုကောင်းလာစေတော့မှာပါ။ အသင်းရဲ့ချန်ပီယံဆုအိပ်မက်ကလည်း ပီပြင်လာတော့မှာပါ”လို့ ပီအိုလီက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ဇူကစ္ ေရာက္လာခဲ့ျပီးတဲ့ေနာက္ ျပိဳင္ဘက္ေတြ ေၾကာက္စရာ တုိက္စစ္မွဴး၂ဦး ရွိလာျပီလို႔ အီဘရာဟီမိုဗစ္ဆို

ေအစီမီလန္တိုက္စစ္မွဴး ဇလာတန္အီဘရာဟီမိုဗစ္က တိုက္စစ္ပိုင္းမွာ မန္ဇူကစ္ထပ္ေရာက္လာလို႔ ေပ်ာ္ရႊင္ေက်နပ္ေနပါတယ္။ မန္ဇူကစ္ဟာ ျပီးခဲ့တဲ့ဇူလိုင္လက အယ္လ္ဒါေဟးအသင္းကေန ထြက္ခြာလာျပီးေနာက္ အလြတ္နဲ႔ေအစီမီလန္အသင္းကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ မိုဗစ္က လက္ရွိအခ်ိန္မွာ မန္ဇူကစ္ပါေရာက္ရွိလာခဲ့တာေၾကာင့္ ဂိုးသြင္းစက္ ၂ ဦးအထိ ရွိလာခဲ့ျပီလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ကာ အသင္းအတြက္အမ်ားၾကီးအက်ိဳးရွိႏိုင္တယ္လို႔ ဆိုခဲ့ပါတယ္။ “မန္ဇူကစ္ေရာက္လာလို႔ အရမ္းေပ်ာ္ပါတယ္။ အခုဆို ျပိဳင္ဘက္ေတြအတြက္ ေၾကာက္စရာတိုက္စစ္မွဴးက ၂ ဦးအထိ ရွိလာခဲ့ပါျပီ။

ကြ်န္ေတာ္တို႔အခုဆို ရာသီ၀က္ကိုေရာက္လာခဲ့ပါျပီ။ ေနာက္ပိုင္းပြဲေတြက ပိုခက္လာပါျပီ။ မန္ဇူကစ္ေရာက္လာတာ အရမ္းေကာင္းပါတယ္။ အခုဆိုနည္းျပက အလွည့္က်အသံုးျပဳလို႔ ရသြားပါျပီ”လို႔ ဆြီဒင္သားက ေျပာၾကားခဲ့ပါတယ္။ မိုဗစ္ဟာ တနလာၤေန႔က ကက္ဂလီယာရီနဲ႔ပြဲမွာ အသင္းအတြက္ အႏိုင္ဂုိး ၂ ဂိုးစလံုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ေအစီမီလန္ကေတာ့ ၂၀၁၀ – ၁၁ ေနာက္ပိုင္း ပထမဆံုးစီးရီးေအခ်န္ပီယံဆုကို ရယူႏုိင္ဖို႔ ပစ္မွတ္ထားေနပါတယ္။

မာကာတိုသတင္းဌာနကေတာ့ မန္ဇူကစ္ဟာ ေအစီမီလန္ကို ၆ လအငွားစာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ျပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရရင္ ေနာက္တစ္ႏွစ္ဆက္ေနခြင့္ရရွိမွာျဖစ္ပါတယ္။ မန္ဇူကစ္ဟာ ဂ်ဴဗင္တပ္စ္မွာလည္း ၂၀၁၅ ကေန ၂၀၁၉ အထိ ကစားခဲ့ဖူးကာ ျပိဳင္ပြဲစံု ၁၆၂ ပြဲမွာ ၄၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ မန္ဇူငစ္ေရာက္လာတာေၾကာင့္ အသင္းရဲ႕လူအင္အားက ပိုမိုေတာင့္တင္းလာခဲ့ျပီလို႔ နည္းျပ ပီအိုလီက ဆိုခဲ့ပါတယ္။

“ကြ်န္ေတာ္အရမ္းေပ်ာ္ပါတယ္။ မန္ဇူကစ္ေရာက္လာတာက အသင္းလူအင္အားအတြက္ ပိုေကာင္းလာေစေတာ့မွာပါ။ အသင္းရဲ႕ခ်န္ပီယံဆုအိပ္မက္ကလည္း ပီျပင္လာေတာ့မွာပါ”လို႔ ပီအိုလီက ေျပာၾကားခဲ့ပါတယ္။