မန်ယူကစားသမားနောက်တစ်ယောက်ကို ခေါ်ဖို့ကြံနေပြန်တဲ့ ကွန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်အသင်းနည်းပြ ကွန်တီဟာ လက်ရှိဇန်နဝါရီဈေးကွက်ထဲမှာ မန်ယူကွင်းလယ်လူ လင်ဂတ်ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ လင်ဂတ် ဟာဒီရာသီ မန်ယူရဲ့ပရီးမီးယားလိဂ် ၁၇ ပွဲလူစာရင်းမှာ ၄ ပွဲသာပါဝင်ခဲ့ရသူဖြစ်ပြီး ဖလားပြိုင်ပွဲတွေ မှာလည်း ၃ ကြိမ်သာပါဝင်ကစားခဲ့ရသူဖြစ်ပါတယ်။

မကြာသေးခင်က ဝက်ဖို့ဒ်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ အက်ဖ် အေဖလား တတိယအဆင့်ပွဲမှာလင်ဂတ်ဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ ဟာ ဆိုးလ်ရှားရဲ့လူစာရင်းမှာ ပုံမှန်နေရာရဖို့ ဝေးကွာနေဆဲဖြစ်လို့ အသင်းကနေထွက်ဖို့ ရှိနေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်တာနည်းပြ ကွန်တီ လင်ဂတ်ကိုခေါ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ကွန်တီဟာ မန်ယူ ကနေ လူကာကူ၊ အက်ရှ်လေယန်းနဲ့ ဆန်းချက်ဇ် တို့ကိုခေါ်ယူထားပြီးဖြစ်လို့ လင်ဂတ်ကိုသာထပ်ခေါ်ခဲ့မယ် ဆိုရင် မန်ယူကနေ ၄ ဦးမြောက်ခေါ်ယူမှုဖြစ်လာပါလိမ့်မယ်။ သတင်းတွေအရ ကွန်တီဟာ လင်ဂတ်ကိုခေါ်ဖို့ အတွက် လူကာကူနဲ့ အက်ရှ်လေယန်း တို့ဆီကနေ အကျိုးအကြောင်းမေးမြန်းနေတယ်လို့ သိရပါတယ်။ လူကာ ကူဟာ ၂၀၁၉ ကပေါင် ၇၄ သန်းနဲ့ အင်တာကိုပြောင်းခဲ့ပြီး အက်ရှ်လေယန်းက ပြီးခဲ့တဲ့ ၁၂ လကပေါင် ၁.၅ သန်း နဲ့ပြောင်းခဲ့တာပါ။ ဆန်းချက်ဇ်ဟာ ၂၀၁၉ ဩဂုတ်လမှာအငှားအရင်သွားကစားပြီးမှ နောက် ၁၂ လအကြာမှာ အပြီးအပြတ်ပြောင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လင်ဂတ်ကိုခေါ်ဖို့အတွက် လက်ရှိကွင်းလယ်လူ အဲရစ်ဆန် ထွက်ခွာခြင်းရှိမရှိ အပေါ်မူတည်နေတယ် လို့လည်းဆိုပါတယ်။ စပါးကွင်းလယ်ဖန်တီးရှင်ဟောင်းဖြစ်တဲ့ အဲရစ်ဆန်ဟာ အင်တာကိုရောက်တာ တစ်နှစ် ဘဲရှိသေးပေမယ့် အဆင်မပြေဖြစ်နေလို့ သူ့ကိုအသင်းကနေထွက်ခွာစေဖို့ ကွန်တီက ဆန္ဒရှိနေတာပါ။

သူ့ကို ပီအက်စ်ဂျီကခေါ်ယူလိုတယ်လို့ သတင်းတွေထွက်နေသလို ဝက်စ်ဟမ်း၊ အေဂျက်နဲ့ ဝုဗ် တို့ကလည်းခေါ်ယူ ဖို့ ဆန္ဒရှိနေပါတယ်။ လက်ရှိ ပီအက်စ်ဂျီနည်းပြဖြစ်နေတဲ့ ပိုချက်တီနိုဟာ စပါးမှာရှိတုန်းက အဲရစ်ဆန်ရဲ့ခြေ စွမ်းကို အကောင်းဆုံးဖြစ်အောင် အသုံးချနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အင္တာမီလန္အသင္းနည္းျပ ကြန္တီဟာ လက္ရွိဇန္နဝါရီေဈးကြက္ထဲမွာ မန္ယူကြင္းလယ္လူ လင္ဂတ္ကို အငွားေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ လင္ဂတ္ ဟာဒီရာသီ မန္ယူရဲ႕ပရီးမီးယားလိဂ္ ၁၇ ပြဲလူစာရင္းမွာ ၄ ပြဲသာပါဝင္ခဲ့ရသူျဖစ္ၿပီး ဖလားၿပိဳင္ပြဲေတြ မွာလည္း ၃ ႀကိမ္သာပါဝင္ကစားခဲ့ရသူျဖစ္ပါတယ္။ မၾကာေသးခင္က ဝက္ဖို႔ဒ္ကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ အက္ဖ္ ေအဖလား တတိယအဆင့္ပြဲမွာလင္ဂတ္ဟာ ပြဲထြက္လူစာရင္းကေန ပါဝင္လာခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ သူ ဟာ ဆိုးလ္ရွားရဲ႕လူစာရင္းမွာ ပုံမွန္ေနရာရဖို႔ ေဝးကြာေနဆဲျဖစ္လို႔ အသင္းကေနထြက္ဖို႔ ရွိေနသူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အင္တာနည္းျပ ကြန္တီ လင္ဂတ္ကိုေခၚဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ကြန္တီဟာ မန္ယူ ကေန လူကာကူ၊ အက္ရွ္ေလယန္းနဲ႔ ဆန္းခ်က္ဇ္ တို႔ကိုေခၚယူထားၿပီးျဖစ္လို႔ လင္ဂတ္ကိုသာထပ္ေခၚခဲ့မယ္ ဆိုရင္ မန္ယူကေန ၄ ဦးေျမာက္ေခၚယူမႈျဖစ္လာပါလိမ့္မယ္။ သတင္းေတြအရ ကြန္တီဟာ လင္ဂတ္ကိုေခၚဖို႔ အတြက္ လူကာကူနဲ႔ အက္ရွ္ေလယန္း တို႔ဆီကေန အက်ိဳးအေၾကာင္းေမးျမန္းေနတယ္လို႔ သိရပါတယ္။ လူကာ ကူဟာ ၂၀၁၉ ကေပါင္ ၇၄ သန္းနဲ႔ အင္တာကိုေျပာင္းခဲ့ၿပီး အက္ရွ္ေလယန္းက ၿပီးခဲ့တဲ့ ၁၂ လကေပါင္ ၁.၅ သန္း နဲ႔ေျပာင္းခဲ့တာပါ။ ဆန္းခ်က္ဇ္ဟာ ၂၀၁၉ ဩဂုတ္လမွာအငွားအရင္သြားကစားၿပီးမွ ေနာက္ ၁၂ လအၾကာမွာ အၿပီးအျပတ္ေျပာင္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ လင္ဂတ္ကိုေခၚဖို႔အတြက္ လက္ရွိကြင္းလယ္လူ အဲရစ္ဆန္ ထြက္ခြာျခင္းရွိမရွိ အေပၚမူတည္ေနတယ္ လို႔လည္းဆိုပါတယ္။ စပါးကြင္းလယ္ဖန္တီးရွင္ေဟာင္းျဖစ္တဲ့ အဲရစ္ဆန္ဟာ အင္တာကိုေရာက္တာ တစ္ႏွစ္ ဘဲရွိေသးေပမယ့္ အဆင္မေျပျဖစ္ေနလို႔ သူ႔ကိုအသင္းကေနထြက္ခြာေစဖို႔ ကြန္တီက ဆႏၵရွိေနတာပါ။ သူ႔ကို ပီအက္စ္ဂ်ီကေခၚယူလိုတယ္လို႔ သတင္းေတြထြက္ေနသလို ဝက္စ္ဟမ္း၊ ေအဂ်က္နဲ႔ ဝုဗ္ တို႔ကလည္းေခၚယူ ဖို႔ ဆႏၵရွိေနပါတယ္။ လက္ရွိ ပီအက္စ္ဂ်ီနည္းျပျဖစ္ေနတဲ့ ပိုခ်က္တီႏိုဟာ စပါးမွာရွိတုန္းက အဲရစ္ဆန္ရဲ႕ေျခ စြမ္းကို အေကာင္းဆုံးျဖစ္ေအာင္ အသုံးခ်ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။