မန်ယူကိုပြောင်းဖို့ အဆင်သင့်ဖြစ်ခဲ့ဖူးကြောင်း ဝန်ခံလိုက်တဲ့ လီဝန်ဒေါစကီး

၂၀၁၂ တုန်းက မန်ယူကိုပြောင်းဖို့ ဂန္ထဝင်နည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန်နဲ့ ဆွေးနွေးခဲ့ဖူးကြောင်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှုးလီဝန်ဒေါစကီးက ဝန်ခံလိုက်ပါတယ်။

အဲဒီပိုလန်လက်ရွေးစင်ဟာ အသင်းဟောင်းဒေ့ါမန်မှာရှိခဲ့စဉ်က အိုးလ်ထရက်ဖို့ဒ်ကိုပြောင်းဖို့ အမြဲသတင်းထွက်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပရီးမီးယားလိဂ်အပြောင်းအရွှေ့ဟာ ဖြစ်မလာခဲ့ဘဲ အဲဒီအစား ဒေ့ါမန်ရဲ့ပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့ ဘိုင်ယန်ကိုသာ ၂၀၁၄ မှာ အလွတ်ပြောင်းရွှေ့သွားခဲ့တာပါ။

သူဟာ ဘိုင်ယန်အတွက် ၃၀၇ ပွဲမှာ ၂၆၆ ဂိုးတောင် သွင်းပေးထားတာဖြစ်ပြီး ဖလား ၃ လုံးအောင်မြင်မှုရခဲ့တဲ့ပြီးခဲ့တဲ့ရာသီမှာဆိုရင် ပြိုင်ပွဲ ၃ ရပ်စလုံးမှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်ကလည်း လီဝန်ဒေါစကီးဟာ ဖီဖာက ရွေးချယ်ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ The Best ဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်ပြောင်းရွှေ့ဖို့ကို ဒေါ့မန်ကသာ ပိတ်ပင်ခြင်းမရှိခဲ့ရင် သူ့ရဲ့ကစားသမားဘဝဟာ ကွဲပြားခြားနားတဲ့လမ်းကြောင်းတစ်ခုကို ရောက်ရှိသွားမယ်လို့ လီဝန်ဒေါစကီးက အခုလို ဖွင့်ဟခဲ့ပါတယ်။

”ဒေါ့မန်နဲ့ ကျွန်တော့်ရဲ့ဒုတိယနှစ်အပြီးမှာ ဆာအဲလက်စ်ဖာဂူဆန်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို မန်ချက်စတာဆီ လာစေချင်တာပါ။ ကျွန်တော်ကလည်း အရမ်းကိုစိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော် အဆင့်သင့်ဖြစ်ခဲ့တယ်လို့ တောင်ပြောနိုင်ပါတယ်”လို့ လီဝန်ဒေါစကီးက ပြင်သစ်ဘောလုံးမဂ္ဂဇင်းကို ပြောခဲ့တာပါ။

MUNICH, GERMANY – DECEMBER 17: Robert Lewandowski of FC Bayern Muenchen is pictured awaiting the decision of the FIFA Men’s Player 2020 during the FIFA The BEST Awards ceremony on December 17, 2020 in Munich, Germany. (Photo by Marco Donato-FC Bayern/Pool via Getty Images)

ဆက်လက်ပြီး လီဝန်ဒေါစကီးက”ဒါပေမဲ့ ဒေါ့မန်က ကျွန်တော့်ကို သွားခွင့်မပြုခဲ့ပါဘူး။ အဲဒါက ကျွန်တော့်ကို စိတ်မပျက်စေဘူးလို့ ဆိုနိုင်လောက်အောင် ဒေါ့မန်နဲ့အရမ်းကို အဆင်ပြေခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လီဝန်ဒေါစကီးရောက်မလာနိုင်တဲ့အတွက် ဖာဂူဆန်ဟာ ၂၀၁၂-၁၃ ရာသီမတိုင်ခင်မှာ အာဆင်နယ်က ဗန်ပါစီကိုသာ ခေါ်ယူခဲ့ကာ သူကလည်း ဂန္ထဝင်နည်းပြကြီးရဲ့နောက်ဆုံးရာသီမှာ ပရီးမီးယားလိဂ်အောင်မြင်မှုရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Zawgyi

မန္ယူကိုေျပာင္းဖုိ႔ အဆင္သင့္ျဖစ္ခဲ့ဖူးေၾကာင္း ၀န္ခံလိုက္တဲ့ လီ၀န္ေဒါစကီး

၂၀၁၂ တုန္းက မန္ယူကိုေျပာင္းဖုိ႔ ဂႏၳ၀င္နည္းျပေဟာင္းဆာအဲလက္စ္ဖာဂူဆန္နဲ႔ ေဆြးေႏြးခဲ့ဖူးေၾကာင္း ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႈးလီ၀န္ေဒါစကီးက ၀န္ခံလိုက္ပါတယ္။

အဲဒီပိုလန္လက္ေရြးစင္ဟာ အသင္းေဟာင္းဒေ့ါမန္မွာရွိခဲ့စဥ္္က အိုးလ္ထရက္ဖို႔ဒ္ကိုေျပာင္းဖို႔ အၿမဲသတင္းထြက္ခဲ့သူ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ပရီးမီးယားလိဂ္အေျပာင္းအေရႊ႕ဟာ ျဖစ္မလာခဲ့ဘဲ အဲဒီအစား ေဒ့ါမန္ရဲ႕ျပည္တြင္းၿပိဳင္ဘက္ျဖစ္တဲ့ ဘိုင္ယန္ကိုသာ ၂၀၁၄ မွာ အလြတ္ေျပာင္းေရႊ႕သြားခဲ့တာပါ။

သူဟာ ဘုိင္ယန္အတြက္ ၃၀၇ ပြဲမွာ ၂၆၆ ဂိုးေတာင္ သြင္းေပးထားတာျဖစ္ၿပီး ဖလား ၃ လုံးေအာင္ျမင္မႈရခဲ့တဲ့ၿပီးခဲ့တဲ့ရာသီမွာဆုိရင္ ၿပိဳင္ပြဲ ၃ ရပ္စလံုးမွာ ထိပ္တန္းဂုိးသြင္းရွင္ျဖစ္ခဲ့တာပါ။

ၿပီးခဲ့တဲ့အပတ္ကလည္း လီ၀န္ေဒါစကီးဟာ ဖီဖာက ေရြးခ်ယ္ခ်ီးျမွင့္တဲ့ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ The Best ဆုကို ဆြတ္ခူးခဲ့ပါတယ္။

ဒါေပမဲ့ ပရီးမီးယားလိဂ္ေျပာင္းေရႊ႕ဖို႔ကုိ ေဒါ့မန္ကသာ ပိတ္ပင္ျခင္းမရွိခဲ့ရင္ သူ႔ရဲ႕ကစားသမားဘ၀ဟာ ကြဲျပားျခားနားတဲ့လမ္းေၾကာင္းတစ္ခုကို ေရာက္ရွိသြားမယ္လို႔ လီ၀န္ေဒါစကီးက အခုလို ဖြင့္ဟခဲ့ပါတယ္။

”ေဒါ့မန္နဲ႔ ကၽြန္ေတာ့္ရဲ႕ဒုတိယႏွစ္အၿပီးမွာ ဆာအဲလက္စ္ဖာဂူဆန္နဲ႔ စကားေျပာျဖစ္ခဲ့ပါတယ္။ သူက ကၽြန္ေတာ့္ကို မန္ခ်က္စတာဆီ လာေစခ်င္တာပါ။ ကၽြန္ေတာ္ကလည္း အရမ္းကိုစိတ္၀င္စားခဲ့ပါတယ္။ ကၽြန္ေတာ္ အဆင့္သင့္ျဖစ္ခဲ့တယ္လုိ႔ ေတာင္ေျပာႏိုင္ပါတယ္”လို႔ လီ၀န္ေဒါစကီးက ျပင္သစ္ေဘာလုံးမဂၢဇင္းကို ေျပာခဲ့တာပါ။

ဆက္လက္ၿပီး လီ၀န္ေဒါစကီးက”ဒါေပမဲ့ ေဒါ့မန္က ကၽြန္ေတာ့္ကို သြားခြင့္မျပဳခဲ့ပါဘူး။ အဲဒါက ကၽြန္ေတာ့္ကို စိတ္မပ်က္ေစဘူးလုိ႔ ဆုိႏိုင္ေလာက္ေအာင္ ေဒါ့မန္နဲ႔အရမ္းကို အဆင္ေျပခဲ့ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

လီ၀န္ေဒါစကီးေရာက္မလာႏိုင္တဲ့အတြက္ ဖာဂူဆန္ဟာ ၂၀၁၂-၁၃ ရာသီမတိုင္ခင္မွာ အာဆင္နယ္က ဗန္ပါစီကိုသာ ေခၚယူခဲ့ကာ သူကလည္း ဂႏၳ၀င္နည္းျပႀကီးရဲ႕ေနာက္ဆုံးရာသီမွာ ပရီးမီးယားလိဂ္ေအာင္ျမင္မႈရရွိေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။