မန်ယူကို အဲရစ်ဆင်သာရောက်လာခဲ့မယ်ဆိုရင်……..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ အင်တာမီလန်အသင်းကွင်းလယ်လူ အဲရစ်ဆင် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် The Sun သတင်းစာကြီးက ဒီဒိန်းမတ်သားရောက်လာရင် မန်ယူရဲ့ဖြစ်လာနိုင်တဲ့ ကစားကွက်ကိုဖော်ပြပေးသွားပါတယ်။


အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီကမှ စပါးကနေပေါင် ၁၇ သန်းနဲ့ပြောင်းလာခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင် ကွန်တီနဲ့အဆင်မပြေဖြစ်ပြီး နေရာလည်းမရတော့တဲ့အတွက် ဒီရာသီစီးရီးအေမှာ ၂၇၄ မိနစ်သာပါဝင်ကစားခဲ့ရပြီး ချန်ပီယံလိဂ်မှာလည်း အရန်အဖြစ်နဲ့ဘဲ ဝင်ကစားရတာပါ။

ဒါကြောင့် စာချုပ်သက်တမ်းထပ်မံမတိုးတော့တဲ့မာတာ နဲ့လမ်းခွဲဖို့နီးစပ်လာပြီဖြစ်တဲ့ မန်ယူက အဲရစ်ဆင်ကိုခေါ်ယူလိုနေတာဖြစ်တယ်လို့ ဆိုပါတယ်။ အင်တာမီလန်ဟာ အဲရစ်ဆင်အတွက် ပေါင် ၂၇ သန်းအထိရဖို့ မျှော်လင့်ထားပေမယ့် ဒီတန်ကြေးဟာ မန်ယူအတွက် ဘာမှမဖြစ်လောက်တဲ့တန်ကြေးမျိုးလည်းဖြစ်ပါတယ်။

စပါးမှာတုန်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်မှာ ၂၂၆ ပွဲကစားပြီး ၅၁ ဂိုးသွင်းကာ ၆၂ ကြိမ်ဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ ပရီးမီးယားလိဂ်နဲ့အံဝင်ပြီးသားဖြစ်လို့ အဲရစ်ဆင်သာ ရောက်လာမယ်ဆိုရင် မန်ယူကွင်းလယ်ဟာ ပြိုင်ပွဲမှာ ထိပ်တန်းအကျဆုံးကွင်းလယ်တွေထဲက တစ်ခုဖြစ်လာနိုင်ပါတယ်။

မန်ယူကနေထွက်မယ်လို့ သတင်းတွေထွက်နေတဲ့ ပေါ့ဂ်ဘာ ကလည်း သူ့အေးဂျင့်ပြောစကားတွေကို ချေဖျက်တဲ့အနေနဲ့ မန်ယူအတွက်အပြည့်အဝအာရုံစိုက်ထားတယ်လို့ ပြန်ပြောထားတာကြောင့် ကွင်းလယ်တိုက်စစ်မှာ ပေါ့ဂ်ဘာ၊ အဲရစ်ဆင်နဲ့ ဖာနန်ဒက်စ် တို့ကိုတွဲဖက်စေလိမ့်မယ်လို့ The Sun ကဆိုခဲ့ပါတယ်။

အဲရစ်ဆင်ကို အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာထွက်ခဲ့မယ်ဆိုရင်လည်း မန်ယူကွင်းလယ်တိုက်စစ်မှာ အဲရစ်ဆင်နဲ့ ဖာနန်ဒက်စ်တို့ ရှိနေမှာဖြစ်လို့ ဖန်တီးနိုင်စွမ်း ပိုမိုအားကောင်းလာမှာဖြစ်ပါတယ်။

မန်ယူဟာ အဲရစ်ဆင်ကိုသာခေါ်ယူနိုင်မယ်ဆိုရင် ပေါင်သန်း ၁၀၀ လောက်ကုန်ကျနိုင်တဲ့ ဗီလာကွင်းလယ်လူ ဂရီယာလစ်ရှ်ကို ခေါ်ဖို့မရှိတော့ဘူးလို့လည်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူကို အဲရစ္ဆင္သာေရာက္လာခဲ့မယ္ဆိုရင္……..

မန္ယူအသင္းဟာ အင္တာမီလန္အသင္းကြင္းလယ္လူ အဲရစ္ဆင္ ကိုေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သတင္းေတြထြက္ေပၚခဲ့ၿပီးေနာက္ The Sun သတင္းစာႀကီးက ဒီဒိန္းမတ္သားေရာက္လာရင္ မန္ယူရဲ႕ျဖစ္လာႏိုင္တဲ့ ကစားကြက္ကိုေဖာ္ျပ ေပးသြားပါတယ္။ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီကမွ စပါးကေနေပါင္ ၁၇ သန္းနဲ႔ေျပာင္းလာခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ အခုဆိုရင္ ကြန္တီနဲ႔အဆင္မေျပျဖစ္ၿပီး ေနရာလည္းမရေတာ့တဲ့အတြက္ ဒီရာသီစီးရီးေအမွာ ၂၇၄ မိနစ္သာပါဝင္ကစားခဲ့ရၿပီး ခ်န္ပီယံလိဂ္မွာလည္း အရန္အျဖစ္နဲ႔ဘဲ ဝင္ကစားရတာပါ။

ဒါေၾကာင့္ စာခ်ဳပ္သက္တမ္းထပ္မံမတိုးေတာ့တဲ့မာတာ နဲ႔လမ္းခြဲဖို႔နီးစပ္လာၿပီျဖစ္တဲ့ မန္ယူက အဲရစ္ဆင္ကိုေခၚယူလိုေနတာျဖစ္တယ္လို႔ ဆိုပါတယ္။ အင္တာမီလန္ဟာ အဲရစ္ဆင္အတြက္ ေပါင္ ၂၇ သန္းအထိရဖို႔ ေမွ်ာ္လင့္ထားေပမယ့္ ဒီတန္ေၾကးဟာ မန္ယူအတြက္ ဘာမွမျဖစ္ေလာက္တဲ့တန္ေၾကးမ်ိဳးလည္းျဖစ္ပါတယ္။ စပါးမွာတုန္းက ကမာၻ႔အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့ အဲရစ္ဆင္ဟာ ပရီးမီးယားလိဂ္မွာ ၂၂၆ ပြဲကစားၿပီး ၅၁ ဂိုးသြင္းကာ ၆၂ ႀကိမ္ဖန္တီးေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

သူဟာ ပရီးမီးယားလိဂ္နဲ႔အံဝင္ၿပီးသားျဖစ္လို႔ အဲရစ္ဆင္သာ ေရာက္လာမယ္ဆိုရင္ မန္ယူကြင္းလယ္ဟာ ၿပိဳင္ပြဲမွာ ထိပ္တန္းအက်ဆုံးကြင္းလယ္ေတြထဲက တစ္ခုျဖစ္လာႏိုင္ပါတယ္။ မန္ယူကေနထြက္မယ္လို႔ သတင္းေတြထြက္ေနတဲ့ ေပါ့ဂ္ဘာ ကလည္း သူ႔ေအးဂ်င့္ေျပာစကားေတြကို ေခ်ဖ်က္တဲ့အေနနဲ႔ မန္ယူအတြက္အျပည့္အဝအာ႐ုံစိုက္ထားတယ္လို႔ ျပန္ေျပာထားတာေၾကာင့္ ကြင္းလယ္တိုက္စစ္မွာ ေပါ့ဂ္ဘာ၊ အဲရစ္ဆင္နဲ႔ ဖာနန္ဒက္စ္ တို႔ကိုတြဲဖက္ေစလိမ့္မယ္လို႔ The Sun ကဆိုခဲ့ပါတယ္။

အဲရစ္ဆင္ကို အာဆင္နယ္နဲ႔ ပီအက္စ္ဂ်ီတို႔ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။ ေပါ့ဂ္ဘာထြက္ခဲ့မယ္ဆိုရင္လည္း မန္ယူကြင္းလယ္တိုက္စစ္မွာ အဲရစ္ဆင္နဲ႔ ဖာနန္ဒက္စ္တို႔ ရွိေနမွာျဖစ္လို႔ ဖန္တီးႏိုင္စြမ္း ပိုမိုအားေကာင္းလာမွာျဖစ္ပါတယ္။ မန္ယူဟာ အဲရစ္ဆင္ကိုသာေခၚယူႏိုင္မယ္ဆိုရင္ ေပါင္သန္း ၁၀၀ ေလာက္ကုန္က်ႏိုင္တဲ့ ဗီလာကြင္းလယ္လူ ဂရီယာလစ္ရွ္ကို ေခၚဖို႔မရွိေတာ့ဘူးလို႔လည္း သိရပါတယ္။