မန်ယူကွင်းလယ်မှာ ဖာနန်ဒက်စ်ကိုတင်ပြီး ပေါ့ဂ်ဘာနဲ့ ဗန်ဒီဘိခ်တို့ပါ ပါဝင်မယ့် ကစားကွက်မျိုး ဆိုးလ်ရှား ဘယ်လိုတည်ဆောက်မလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ၄-၄-၂ ကစားကွက်ကိုအခြေခံပြီး ကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်၊ ဗန်ဒီဘိခ်နဲ့ တွန်မီနေးတို့ ၄ ယောက်ကို စိန်ပွင့်ပုံစံကစားကွက် ခင်း ကျင်းဖို့ရှိလာနိုင်ပါတယ်။

ဗန်ဒီဘိခ်တစ်ယောက် မန်ယူမှာ ပွဲထွက်ခွင့်မရတာနဲ့ပတ် သက်ပြီး နယ်သာလန်ဂန္ထဝင်ကစားသမား ဗန်ဘတ်စ်တင်က ဝေဖန်ခဲ့ပြီး ကစား သမားအနေနဲ့ မန်ယူအစား အခြားတစ်သင်းသင်းကို ပြောင်းရွှေ့သင့်တယ်လို့ ပြောခဲ့တာပါ။

သူ့ရဲ့ဝေဖန်ချက်ထွက်ပေါ်လာပြီးနောက်ပိုင်း မန်ယူကွင်းလယ်မှာ ဒီ ၄ ယောက်ကို တပြိုင်တည်းပွဲထုတ်ဖို့ရှိလာတာလည်း ဖြစ်ပါတယ်။

တကယ်လို့ ပွဲထုတ်ဖြစ်ခဲ့မယ်ဆိုရင် ဖာနန်ဒက်စ်က ကွင်းလယ်တိုက်စစ်နေရာမှာကစားပြီး တွန်မီနေးက ကွင်းလယ်အဖျက်နေရာမှာ ကစားရမှာဖြစ်သလို ပေါ့ဂ်ဘာနဲ့ ဗန်ဒီ ဘိခ်တို့ ၂ ဦးကတော့ ကွင်းလယ်ကစားသမားစစ်စစ်အဖြစ် ကစားရမှာပါ။

ဒီရာသီ မှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ဂိုးဖန်တီးပေးမှုအများဆုံးနေရာမှာ ရှိနေတာက ဒီဘရူနီဖြစ်နေပါတယ်။

Whoscored.com ရဲ့ စစ်တမ်းတွေအရ ဖာနန် ဒက်စ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဖန်တီးမှုအများဆုံးကစားသမားဖြစ်နေပြီး တစ်ပွဲပျမ်းမျှ အရေးပါတဲ့ဖန်တီးမှု ၃.၆ ကြိမ် လုပ်ပေးနိုင်တာကိုတွေ့ရပါတယ်။

မန်ယူကစားသမားတွေထဲမှာ အမြင့်ဆုံးဖြစ်ပြီး မန်စီးတီးက ဒီဘရူနီက ၃.၈ ကြိမ် ရှိနေပါတယ်။

တကယ်လို့ ဖာနန်ဒက်စ်နဲ့အတူ ဗန်ဒီဘိခ်၊ ပေါ့ဂ်ဘာတို့ကို ပွဲထုတ် လိုက်မယ်ဆိုရင် ကွင်းလယ်အနေအထားက အဆင့်တစ်ဆင့်ပိုမြင့်သွားမှာ အမှန် ပါပဲ။

နည်းပြဆိုးလ်ရှားအနေနဲ့ ဗန်ဒီဘိခ်ကို ကွင်းလယ်မှာ ကျောနံပါတ် ၈ ရဲ့ အခန်းကဏ္ဍမျိုးပေးအပ်ထားပြီး ဖာနန်ဒက်စ်ကတော့ ကျောနံပါတ် ၁၀ အခန်းကဏ္ဍပုံစံမျိုး ထမ်းဆောင်ရမှာပါ။

ဗန်ဒီဘိခ်ဟာ မန်ယူအသင်းရဲ့ ပွဲဦးထွက် ကစားသွားခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ တစ်ဂိုးသွင်းပေးနိုင်ခဲ့ပြီး လုပ်အားနှုန်းလည်း ကောင်းမွန်တာကို ပြသနိုင်ခဲ့တာပါ။

ဖာနန်ဒက်စ်က ပွဲချိန်မိနစ် ၉၀ အတွင်းမှာ ပျမ်းမျှဂိုးပေါက်ကိုကန်သွင်းချက် ၅.၇၈ ရှိခဲ့ပြီး သူ့ထက်များတဲ့ ကစားသမား ၃ ဦး သာ ပရီးမီးယားလိဂ်မှာရှိပါတယ်။

မန်ယူပရိသတ်တွေအနေနဲ့လည်း အသင်းရဲ့ ကွင်းလယ်မှာ အတောင့်တင်းဆုံးနဲ့ အကောင်းဆုံးကစားသမား ၄ ဦးအတွဲကို ပွဲ ထွက်တာမြင်ချင်နေပြီး နည်းပြဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက် ဘယ်လိုဖြစ်လာမလဲဆို တာ စောင့်ကြည့်ဖို့ပဲရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi












