
အက်ဒီဆင်ကာဗာနီဟာသူ့ရဲ့လက်ရွေးစင်ကစားသမားဘဝကိုကယ်တင်နိုင်ဖို့
အတွက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်မန်ချက်စတာယူနိုက်
တက်မှထွက်ခွာဖို့လိုအပ်နေပြီဖြစ်ပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာယခုဘောလုံးရာသီတွင်မန်ယူအတွက်ပရီးမီးယားလိဂ်
တွင်၁၀၄မိနစ်တည်းသာကစားခွင့်ရရှိထားမှုနဲ့အတူဥရုဂွေးရဲ့နောက်ဆုံးကမ္ဘာ့
ဖလားခြေစစ်ပွဲများတွင်အရန်ခုံတွင်ထိုင်လာရပါတယ်။
ကာဗာနီဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ခရစ္စတီယာနိုရော်နယ်ဒို
ရောက်လာမှုနဲ့အတူမန်ယူတွင်ကစားခွင့်ရရှိရန်အလွန်နည်းပါးလာတာလည်း
စ်ပါတယ်။ဒါကြောင့်လည်းဥရုဂွေးလက်ရွေးစင်ဟောင်းဂပ်စ်ပိုယက်က
ကာဗာနီအနေဖြင့်အသင်းပြောင်းရန်လိုအပ်နေပြီလို့ပြောကြားလာပါတယ်။
ဆန်းဒါးလန်းနည်းပြဟောင်းက “သူကိုကကံဆိုးတာပါ။ရော်နယ်ဒိုမရောက်
လာခင်တုန်းကအဓိကတိုက်စစ်မှူးအဖြစ်ကစားခွင့်ရလာခဲ့တာပါ။ဂျူဗင်တပ်၊
မန်စီးတီးတို့ရဲ့ဆုံးဖြတ်ချက်တွေကကာဗာနီအပေါ်မှာထိခိုက်လာခဲ့တယ်။
ဇန်နဝါရီမှာသူအသင်းပြောင်းဖို့လိုနေပါတယ်။သူ့စိတ်ထဲမယ်ဘယ်လိုရှိမလဲ
မသိပါဘူး။အခုအပြင်ကနေ ပြောရမယ်ဆိုရင်သူဟာကလပ်မှာကစားခွင့်
မရလို့လက်ရွေးစင်မှာလည်းမိနစ်၉၀ပြည့်မကစားရတော့ပါဘူး”လို့
ပြောကြားသွားပါတယ်။
အသက်၃၄နှစ်ရှိကာဗာနီဟာမန်ယူအတွက်ကစားတဲ့ပထမဆုံးရာသီတွင်
၃၉ပွဲကစားခဲ့ရာမှာ၁၇ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့်သူဟာနွေရာသီမှာရော်နယ်ဒိုရောက်လာပြီးနောက်သူ့ရဲ့ကျေ
ာနံပါတ်၇ကိုလွဲပြောင်းပေးခဲ့ရသလိုပွဲကစားခွင့်လည်းနည်းပါးလာခဲ့ပါတယ်။
မကြာသေးမီကအင်တာဗျူးတစ်ခုမှာတော့ကာဗာနီကမန်ယူတွင်နေရာရရှိ
ရေးအတွက်မလျှော့သောဇွဲဖြင့်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဆိုထားပါတယ်။
Zawgyi
မန္ယူက ထြက္ခြာဖို႔ လိုအပ္ေနၿပီလား ကာဗာနီ
အက္ဒီဆင္ကာဗာနီဟာသူ႔ရဲ႕လက္ေ႐ြးစင္ကစားသမားဘဝကိုကယ္တင္ႏိုင္ဖို႔
အတြက္ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မန္ခ်က္စတာယူႏိုက္
တက္မွထြက္ခြာဖို႔လိုအပ္ေနၿပီျဖစ္ပါတယ္။
ဥ႐ုေဂြးတိုက္စစ္မႉးဟာယခုေဘာလုံးရာသီတြင္မန္ယူအတြက္ပရီးမီးယားလိဂ္
တြင္၁၀၄မိနစ္တည္းသာကစားခြင့္ရရွိထားမႈနဲ႔အတူဥ႐ုေဂြးရဲ႕ေနာက္ဆုံးကမာၻ႔
ဖလားေျခစစ္ပြဲမ်ားတြင္အရန္ခုံတြင္ထိုင္လာရပါတယ္။
ကာဗာနီဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒို
ေရာက္လာမႈနဲ႔အတူမန္ယူတြင္ကစားခြင့္ရရွိရန္အလြန္နည္းပါးလာတာလည္း
ျဖစ္ပါတယ္။ဒါေၾကာင့္လည္းဥ႐ုေဂြးလက္ေ႐ြးစင္ေဟာင္းဂပ္စ္ပိုယက္က
ကာဗာနီအေနျဖင့္အသင္းေျပာင္းရန္လိုအပ္ေနၿပီလို႔ေျပာၾကားလာပါတယ္။
ဆန္းဒါးလန္းနည္းျပေဟာင္းက “သူကိုကကံဆိုးတာပါ။ေရာ္နယ္ဒိုမေရာက္
လာခင္တုန္းကအဓိကတိုက္စစ္မႉးအျဖစ္ကစားခြင့္ရလာခဲ့တာပါ။ဂ်ဴဗင္တပ္၊
မန္စီးတီးတို႔ရဲ႕ဆုံးျဖတ္ခ်က္ေတြကကာဗာနီအေပၚမွာထိခိုက္လာခဲ့တယ္။
ဇန္နဝါရီမွာသူအသင္းေျပာင္းဖို႔လိုေနပါတယ္။သူ႔စိတ္ထဲမယ္ဘယ္လိုရွိမလဲ
မသိပါဘူး။အခုအျပင္ကေန ေျပာရမယ္ဆိုရင္သူဟာကလပ္မွာကစားခြင့္
မရလို႔လက္ေ႐ြးစင္မွာလည္းမိနစ္၉၀ျပည့္မကစားရေတာ့ပါဘူး”လို႔
ေျပာၾကားသြားပါတယ္။
အသက္၃၄ႏွစ္ရွိကာဗာနီဟာမန္ယူအတြက္ကစားတဲ့ပထမဆုံးရာသီတြင္
၃၉ပြဲကစားခဲ့ရာမွာ၁၇ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္သူဟာေႏြရာသီမွာေရာ္နယ္ဒိုေရာက္လာၿပီးေနာက္သူ႔ရဲ႕ေက်
ာနံပါတ္၇ကိုလြဲေျပာင္းေပးခဲ့ရသလိုပြဲကစားခြင့္လည္းနည္းပါးလာခဲ့ပါတယ္။
မၾကာေသးမီကအင္တာဗ်ဴးတစ္ခုမွာေတာ့ကာဗာနီကမန္ယူတြင္ေနရာရရွိ
ေရးအတြက္မေလွ်ာ့ေသာဇြဲျဖင့္ဆက္လက္တိုက္ပြဲဝင္သြားမယ္လို႔ဆိုထားပါတယ္။