မန်ယူက ပင်နယ်တီပိုရတယ်ဆိုတဲ့ ကလော့ပ်စွပ်စွဲချက်ကို Daily Mail ပယ်ချ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးထက်ပိုပြီးပင်နယ်တီရနေတယ်ဆိုတဲ့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ရဲ့ စွပ်စွဲချက်မမှန်ဘူးလို့ Daily Mail သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။ ဆောက်သမ်တန်ကို ၁-၀ နဲ့ရှုံးခဲ့တဲ့ပွဲမှာ မာနေးကို ပြိုင်ဘက်ကစားသမား ဝေါ်လ်ကာပီတာ ကဖျက်ထုတ်ရာမှာပင်နယ်တီရသင့်တယ်လို့ ကလော့ပ်ကထင်နေပြီး မရခဲ့တဲ့အတွက် ပွဲအပြီးမှာဝေဖန်သွားတာဖြစ်ပါတယ်။

ဒီပွဲဟာ မန်ယူနဲ့မဆိုင်ပေမယ့် လာမယ့် ဇန်နဝါရီ ၁၇ မှာမန်ယူနဲ့ အိမ်ကွင်းကစားရမယ့်ပွဲအတွက်ပါ ရည်ရွယ်ပြီး ခဲတစ်လုံးနဲ့ ငှက် ၂ ကောင်ပစ်လိုက်တာဖြစ်ပါတယ်။ ကလော့ပ်က ” ကျွန်တော်ကြားနေရတာက မန်ယူရဲ့ပြီးခဲ့တဲ့ ၂ နှစ်အတွင်းပင်နယ်တီရရှိမှုဟာ ကျွန်တော် လီဗာပူးကို တာဝန်ယူခဲ့တဲ့ ၅ နှစ်ခွဲကာလအတွင်းရရှိမှုထက် ပိုများနေတယ်ဆိုတာပါဘဲ။

ဒါဟာကျွန်တော့်အမှားလားဆိုတာကို မသိသလို ဒီလိုမျိုးဖြစ်တတ်သလားဆိုတာကိုလည်း မသိပါဘူး။ ဒါပေမယ့် ဒီအတွက်ကျွန်တော်အကြောင်းပြချက် တွေပေးနေမှာမဟုတ်ပါဘူး ” လို့ပြောခဲ့တာပါ။ ဒါပေမယ့် Daily Mail ကတော့ နည်းစနစ်အရကြည့်ရင် ကလော့ပ်ပြောတာမှန်ပေမယ့်နည်းပြတစ်ဦးချင်းစီရဲ့ လက်ထက်နဲ့ VAR ပေါ်ပေါက်လာပြီးနောက်ပိုင်းမှာ ပင်နယ်တီရရှိမှုတွေပိုများလာတာ ကိုကြည့်ချိန်မှာတော့ ကလော့ပ်ပြောတာမှားတယ်လို့ ဖော်ပြသွားတာပါ။

ကလော့ပ်ဟာ လီဗာပူးကို ၂၀၁၅ အောက်တိုဘာမှာ စတင်တာဝန်ယူခဲ့ပြီးနောက်သူကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၁၉၉ ပွဲမှာ ပင်နယ်တီ အကြိမ် ၃၀ ရခဲ့တာပါ။ မန်ယူကို ၂၀၁၈ ဒီဇင်ဘာမှာစတင်တာဝန်ယူခဲ့တဲ့ ဆိုးလ်ရှားကတော့ ၇၅ ပွဲမှာ ၂၇ ကြိမ်ရခဲ့တာပါ။ ဒါကိုပျမ်းမျှတွက်ရင် ကလော့ပ်ဟာ ၇ ပွဲကိုတစ်ကြိမ်နဲ့ ဆိုးလ်ရှားက ၃ ပွဲကိုတစ်ကြိမ်ရရှိမှုဖြစ်ပါတယ်။

မန်ယူကို ဆိုးလ်ရှားတာဝန်ယူပြီး သိပ်မကြာခင်မှာ VAR စနစ်ကိုတွင်ကျယ်စွာအသုံးပြုလာပြီး အမှားတိုင်းကို သေချာစွာစောင့်ကြည့်နေလို့ မန်ယူတင်မဟုတ်ဘဲ အသင်းတိုင်းရဲ့ပင်နယ်တီရရှိမှုနှုန်းထားဟာ မြင့်မားလာခဲ့တယ်လို့လည်း Daily Mail ကဆက်လက်ဖော်ပြပါတယ်။

VAR စနစ်ကို ၂၀၁၉-၂၀ ဘောလုံးရာသီကမှ စတင်ကျင့်သုံးခဲ့တာဖြစ်လို့ လီဗာပူးကို ကလော့ပ်ကိုင်တွယ်တဲ့ ပထမ ၃ နှစ်အတွင်းနဲ့တော့ကျန်တဲ့အချိန်တွေ ကွာခြားမှုရှိမယ်လို့လည်း အဲဒီသတင်းစာက ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူက ပင္နယ္တီပိုရတယ္ဆိုတဲ့ ကေလာ့ပ္စြပ္စြဲခ်က္ကို Daily Mail ပယ္ခ်

မန္ယူဟာ ပရီးမီးယားလိဂ္မွာ လီဗာပူးထက္ပိုၿပီးပင္နယ္တီရေနတယ္ဆိုတဲ့ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္ရဲ႕ စြပ္စြဲခ်က္မမွန္ဘူးလို႔ Daily Mail သတင္းစာႀကီးက ေဖာ္ျပလိုက္ပါတယ္။ ေဆာက္သမ္တန္ကို ၁-၀ နဲ႔ရႈံးခဲ့တဲ့ပြဲမွာ မာေနးကို ၿပိဳင္ဘက္ကစားသမား ေဝၚလ္ကာပီတာ ကဖ်က္ထုတ္ရာမွာပင္နယ္တီရသင့္တယ္လို႔ ကေလာ့ပ္ကထင္ေနၿပီး မရခဲ့တဲ့အတြက္ ပြဲအၿပီးမွာေဝဖန္သြားတာျဖစ္ပါတယ္။ ဒီပြဲဟာ မန္ယူနဲ႔မဆိုင္ေပမယ့္ လာမယ့္ ဇန္နဝါရီ ၁၇ မွာမန္ယူနဲ႔ အိမ္ကြင္းကစားရမယ့္ပြဲအတြက္ပါ ရည္႐ြယ္ၿပီး ခဲတစ္လုံးနဲ႔ ငွက္ ၂ ေကာင္ပစ္လိုက္တာျဖစ္ပါတယ္။ ကေလာ့ပ္က ” ကြၽန္ေတာ္ၾကားေနရတာက မန္ယူရဲ႕ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္းပင္နယ္တီရရွိမႈဟာ ကြၽန္ေတာ္ လီဗာပူးကို တာဝန္ယူခဲ့တဲ့ ၅ ႏွစ္ခြဲကာလအတြင္းရရွိမႈထက္ ပိုမ်ားေနတယ္ဆိုတာပါဘဲ။

ဒါဟာကြၽန္ေတာ့္အမွားလားဆိုတာကို မသိသလို ဒီလိုမ်ိဳးျဖစ္တတ္သလားဆိုတာကိုလည္း မသိပါဘူး။ ဒါေပမယ့္ ဒီအတြက္ကြၽန္ေတာ္အေၾကာင္းျပခ်က္ ေတြေပးေနမွာမဟုတ္ပါဘူး ” လို႔ေျပာခဲ့တာပါ။ ဒါေပမယ့္ Daily Mail ကေတာ့ နည္းစနစ္အရၾကည့္ရင္ ကေလာ့ပ္ေျပာတာမွန္ေပမယ့္နည္းျပတစ္ဦးခ်င္းစီရဲ႕ လက္ထက္နဲ႔ VAR ေပၚေပါက္လာၿပီးေနာက္ပိုင္းမွာ ပင္နယ္တီရရွိမႈေတြပိုမ်ားလာတာ ကိုၾကည့္ခ်ိန္မွာေတာ့ ကေလာ့ပ္ေျပာတာမွားတယ္လို႔ ေဖာ္ျပသြားတာပါ။ ကေလာ့ပ္ဟာ လီဗာပူးကို ၂၀၁၅ ေအာက္တိုဘာမွာ စတင္တာဝန္ယူခဲ့ၿပီးေနာက္သူကိုင္တြယ္ခဲ့တဲ့ ပရီးမီးယားလိဂ္ ၁၉၉ ပြဲမွာ ပင္နယ္တီ အႀကိမ္ ၃၀ ရခဲ့တာပါ။ မန္ယူကို ၂၀၁၈ ဒီဇင္ဘာမွာစတင္တာဝန္ယူခဲ့တဲ့ ဆိုးလ္ရွားကေတာ့ ၇၅ ပြဲမွာ ၂၇ ႀကိမ္ရခဲ့တာပါ။ ဒါကိုပ်မ္းမွ်တြက္ရင္ ကေလာ့ပ္ဟာ ၇ ပြဲကိုတစ္ႀကိမ္နဲ႔ ဆိုးလ္ရွားက ၃ ပြဲကိုတစ္ႀကိမ္ရရွိမႈျဖစ္ပါတယ္။

မန္ယူကို ဆိုးလ္ရွားတာဝန္ယူၿပီး သိပ္မၾကာခင္မွာ VAR စနစ္ကိုတြင္က်ယ္စြာအသုံးျပဳလာၿပီး အမွားတိုင္းကို ေသခ်ာစြာေစာင့္ၾကည့္ေနလို႔ မန္ယူတင္မဟုတ္ဘဲ အသင္းတိုင္းရဲ႕ပင္နယ္တီရရွိမႈႏႈန္းထားဟာ ျမင့္မားလာခဲ့တယ္လို႔လည္း Daily Mail ကဆက္လက္ေဖာ္ျပပါတယ္။ VAR စနစ္ကို ၂၀၁၉-၂၀ ေဘာလုံးရာသီကမွ စတင္က်င့္သုံးခဲ့တာျဖစ္လို႔ လီဗာပူးကို ကေလာ့ပ္ကိုင္တြယ္တဲ့ ပထမ ၃ ႏွစ္အတြင္းနဲ႔ေတာ့က်န္တဲ့အခ်ိန္ေတြ ကြာျခားမႈရွိမယ္လို႔လည္း အဲဒီသတင္းစာက ဆိုခဲ့ပါတယ္။