မန်ယူနိုက်တက်မှာ အာမက် ကစားလိုတဲ့ စိတ်ကြိုက်နေရာ

အာမက် ဒီယာလိုဟာ အတ္တလန္တာကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ‌ေရာက်ရှိလာပြီး ကတည်းက ပွဲစဥ်အနည်းငယ်သာ ပါဝင်ခွင့်ရထားပေမယ့် ပရိသတ်တွေကတော့ တောက်ပလာမယ့် ကြယ်ပွင့် ကစာသမားအဖြစ် သတ်မှတ်ထားကြပါတယ်။

အသက် ( ၁၈ ) နှစ်အရွယ် ကစားသမားဟာ အတ္တလန္တာလူငယ်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခြင်းခံခဲ့ရပါတယ်။

အိုင်ဗရီကို့စ် လက်ရွေးစင်ဟာ ယခင်က အီတလီမှာ ညာတောင်ပံတိုက်စစ်မှူးအနေနဲ့ ကစားခဲ့ပြီး အဆိုပါ နေရာက သူ့ရဲ့ စိတ်ကြိုက်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အာမက်က UTD Unscripted နဲ့ အင်တာဗျူးတစ်ခုအတွင်း “ ကျွန်တော့်အနေနဲ့ ဒီမှာလည်း အီတလီမှာလို သဘောထားပြီး ကစားပါတယ်။

နည်းပြတွေကတော့ ပုံစံအမျိုးမျိုးတည်ဆောက်လေ့ရှိပါတယ်။

ဒါပေမယ့် ညာတောင်ပံမှာ ကစားရတာက လွတ်လွတ်လပ်လပ် တိုက်စစ်ဆင်ကစားခွင့်ရသလို ခံစစ်ကိုလည်း ကူညီနိုင်ပါတယ်။”လို့ ဆိုပါတယ်။

“ ကိုယ့်ကိုယ်ကိုယ် ညာတောင်ပံကစားသမားတစ်ယောက် (a wide-right player ) လို့ပဲ မြင်မိပါတယ်။

ကျွန်တော် ဒါကို မကြာခဏပြောဖူးပါတယ်။ ဘောလုံးမှာ ကိုယ်စိတ်ကြိုက်နေရာတစ်ခုထက် အရာအားလုံးအတွက် အဆင်သင့်ဖြစ်နေသင့်ပါတယ်။”

“ စိတ်ကြိုက်နေရာတစ်ခုကို ပြောရမယ်ဆိုရင်တော့ ညာတောင်ပံကို ရွေးချယ်မိပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ အဲ့ဒီကနေ dribble လုပ်နိုင်သလို နောက်ကနေ ပြိုင်ဘက်ခြမ်းထိ ဘောလုံးသယ်ယူနိုင်တဲ့အတွက်ကြောင့်ပါ။

ဒါ့ကြောင့် ကျွန်တော်အကြိုက်ဆုံး နေရာလို့ထင်ပါတယ်။

ဒါပေမယ့် နေရာအားလုံးအတွက် အဆင်သင့်ဖြစ်နေဖို့ ကြိုးစားရပါတယ်။”

ဂျေဒန် ဆန်ချို ရောက်ရှိလာမှုက အာမက်ရဲ့ တိုးတက်မှုကို နှောင့်‌ေနှးစေနိုင်တဲ့အတွက် ဒေါ့မွန်အသင်းထံ အပြန်အလှန် အငှားချသင့်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

Zawgyi

မန္ယူႏိုက္တက္မွာ အာမက္ ကစားလိုတဲ့ စိတ္ႀကိဳက္ေနရာ

အာမက္ ဒီယာလိုဟာ အတၱလႏၲာကေန မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ ‌ေရာက္ရွိလာၿပီး ကတည္းက ပြဲစဥ္အနည္းငယ္သာ ပါဝင္ခြင့္ရထားေပမယ့္ ပရိသတ္ေတြကေတာ့ ေတာက္ပလာမယ့္ ၾကယ္ပြင့္ ကစာသမားအျဖစ္ သတ္မွတ္ထားၾကပါတယ္။

အသက္ ( ၁၈ ) ႏွစ္အ႐ြယ္ ကစားသမားဟာ အတၱလႏၲာလူငယ္အသင္းနဲ႔အတူ ေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္ရဲ႕ ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးနဲ႔ ေခၚယူျခင္းခံခဲ့ရပါတယ္။ အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္ဟာ ယခင္က အီတလီမွာ ညာေတာင္ပံတိုက္စစ္မႉးအေနနဲ႔ ကစားခဲ့ၿပီး အဆိုပါ ေနရာက သူ႔ရဲ႕ စိတ္ႀကိဳက္ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

အာမက္က UTD Unscripted နဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း “ ကြၽန္ေတာ့္အေနနဲ႔ ဒီမွာလည္း အီတလီမွာလို သေဘာထားၿပီး ကစားပါတယ္။ နည္းျပေတြကေတာ့ ပုံစံအမ်ိဳးမ်ိဳးတည္ေဆာက္ေလ့ရွိပါတယ္။ ဒါေပမယ့္ ညာေတာင္ပံမွာ ကစားရတာက လြတ္လြတ္လပ္လပ္ တိုက္စစ္ဆင္ကစားခြင့္ရသလို ခံစစ္ကိုလည္း ကူညီႏိုင္ပါတယ္။”လို႔ ဆိုပါတယ္။

“ ကိုယ့္ကိုယ္ကိုယ္ ညာေတာင္ပံကစားသမားတစ္ေယာက္ (a wide-right player ) လို႔ပဲ ျမင္မိပါတယ္။ ကြၽန္ေတာ္ ဒါကို မၾကာခဏေျပာဖူးပါတယ္။ ေဘာလုံးမွာ ကိုယ္စိတ္ႀကိဳက္ေနရာတစ္ခုထက္ အရာအားလုံးအတြက္ အဆင္သင့္ျဖစ္ေနသင့္ပါတယ္။”

“ စိတ္ႀကိဳက္ေနရာတစ္ခုကို ေျပာရမယ္ဆိုရင္ေတာ့ ညာေတာင္ပံကို ေ႐ြးခ်ယ္မိပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အဲ့ဒီကေန dribble လုပ္ႏိုင္သလို ေနာက္ကေန ၿပိဳင္ဘက္ျခမ္းထိ ေဘာလုံးသယ္ယူႏိုင္တဲ့အတြက္ေၾကာင့္ပါ။ ဒါ့ေၾကာင့္ ကြၽန္ေတာ္အႀကိဳက္ဆုံး ေနရာလို႔ထင္ပါတယ္။ ဒါေပမယ့္ ေနရာအားလုံးအတြက္ အဆင္သင့္ျဖစ္ေနဖို႔ ႀကိဳးစားရပါတယ္။”

ေဂ်ဒန္ ဆန္ခ်ိဳ ေရာက္ရွိလာမႈက အာမက္ရဲ႕ တိုးတက္မႈကို ေႏွာင့္‌ေႏွးေစႏိုင္တဲ့အတြက္ ေဒါ့မြန္အသင္းထံ အျပန္အလွန္ အငွားခ်သင့္တယ္လို႔ သုံးသပ္မႈေတြရွိေနပါတယ္။