မန်ယူနိုက်တက် အထနှေးနေတဲ့ ဗန်ဒီဘိခ်ကို ပြိုင်ဘက်ချဲလ်ဆီးကစားသမားဇီယက်ချ်က ဘယ်လိုအကြံပေးခဲ့သလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အေဂျက်ဇ်အသင်းကနေ ပြောင်းရွှေ့ကြေးပေါင်(၃၅)သန်းနဲ့ မန်ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ အသင်းပရိသတ်တွေအတွက် ကြီးမားတဲ့မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် ဗန်ဒီဘိခ်အနေနဲ့ အခုရာသီမှာ အသင်းသစ်မန်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်မရသေးပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့တပတ်က ပီအက်စ်ဂျီကို မန်ယူနိုက်တက်အသင်းအနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာလည်း သူ့အနေနဲ့ (၂)မိနစ်သာ ဝင်ကစားခွင့်ရခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ပရီးမီးယားလိဂ်မှာ သူလူစားလဲဝင်ကစားခွင့်ရတဲ့အချိန်အတွင်းမှာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ပြီး ကိုယ်တိုင်(၁)ဂိုးသွင်းယူကာ အသင်းဖော်တွေဂိုးသွင်းနိုင်အောင် (၁)ကြိမ်ဖန်တီးပေးထားပါတယ်။

ဒါကြောင့် မန်ယူနိုက်တကနည်းပြဆိုးလ်ရှားက လာမယ့်ပွဲစဉ်တွေမှာ ဗန်ဒီဘိခ်ကစားခွင့်ရမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

အခုလိုမန်ယူနိုက်တက်အသင်းမှာ အထနှေးနေတဲ့ ပြိုင်ဘက်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အေဂျက်ဇ်အသင်းဖော်ဟောင်းဇီယက်ချ်က တည်တည်ငြိမ်ငြိမ်နေဖို့ တိုက်တွန်းထားပါတယ်။

သူတို့နှစ်ဦးစလုံးဟာ အခုနွေရာသီမှာ အေဂျက်ဇ်အသင်းကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခဲ့ကြသူတွေဖြစ်ပါတယ်။

ဗန်ဒီဘိခ်က မန်ယူနိုက်တက်နဲ့ ဇီယက်ချ်က ချဲလ်ဆီးကို ရောက်ခဲ့တာပါ။

ဇီယက်ချ်ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝအစက မဖြောင့်ဖြူးခဲ့ပါဘူး။

ဘရိုက်တန်နဲ့ခြေစမ်းပွဲမှာ ဒူးဒဏ်ရာရခဲ့တာကြောင့် သူ့ရဲ့ချဲလ်ဆီး ကစားသမားဘဝအစအတွက် အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။

ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဇီယက်ချ်ဟာ ပြီးခဲ့တဲ့စနေနေ့က ဆောက်သမ်တန်နဲ့(၃)ဂိုး စီသရေကျခဲ့တဲ့ပွဲမှာ ချဲလ်ဆီးအတွက်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

အခုအခါမှာ ချဲလ်ဆီးကွင်းလယ်လူ ဇီယက်ချ်က အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဗန်ဒီဘိခ်ကို စိတ်ရှည်ဖို့ တိုက်တွန်းခဲ့ပြီး ဆိုးလ်ရှားရဲ့အသင်းကို ကောင်းမွန်တဲ့ခြေစွမ်းတွေ ဗန်ဒီဘိခ်တင်သွင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။


ဇီယက်ချ်က “မန်ယူနိုက်တက်ကို သူပြောင်းရွှေ့သွားတဲ့အစောပိုင်းမှာ ကျွန်တော်တို့စကားပြောဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့တပတ်မှာတော့ ကျွန်တော်တို့အများကြီးမပြောဖြစ်ပါဘူး။

သူ့ရဲ့အနေအထားနဲ့ပတ်သက်လို့ ကျွန်တော်တို့မပြောဖြစ်ပါဘူး။

သူ့အနေနဲ့ အချိန်ကောင်းကောင်းလိုအပ်တယ်လို့ ထင်ပါတယ်။

သူဟာ မတူညီတဲ့နေရာနဲ့ မတူညီတဲ့လိဂ်ကနေ ပြောင်းရွှေ့လာခဲ့တာပါ။

သူ့အတွက်အချိန်ယူရမယ်ဆိုတာ ကျွန်တော်သိပါတယ်။

အရေးပါဆုံးကတော့ အခုအချိန်မှာ တည်တည်ငြိမ်ငြိမ်နေဖို့ပါပဲ”လို့ တိုက်တွန်းခဲ့ပါတယ်။

zawgyi

မန္ယူႏိုက္တက္ အထေႏွးေနတဲ့ ဗန္ဒီဘိခ္ကို ၿပိဳင္ဘက္ခ်ဲလ္ဆီးကစားသမားဇီယက္ခ်္က ဘယ္လိုအႀကံေပးခဲ့သလဲ

အခုေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေအဂ်က္ဇ္အသင္းကေန ေျပာင္းေရႊ႕ေၾကးေပါင္(၃၅)သန္းနဲ႔ မန္ယူႏုိက္တက္ကို ေရာက္ရိွလာခဲ့တဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ အသင္းပရိသတ္ေတြအတြက္ ႀကီးမားတဲ့ေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္ပါတယ္။

ဒါေပမယ့္ ဗန္ဒီဘိခ္အေနနဲ႔ အခုရာသီမွာ အသင္းသစ္မန္ယူႏိုက္တက္အတြက္ ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားခြင့္မရေသးပါဘူး။ ဒါ့အျပင္ ၿပီးခဲ့တဲ့တပတ္က ပီအက္စ္ဂ်ီကို မန္ယူႏိုက္တက္အသင္းအႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာလည္း သူ႕အေနနဲ႔ (၂)မိနစ္သာ ၀င္ကစားခြင့္ရခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ ပရီးမီးယားလိဂ္မွာ သူလူစားလဲ၀င္ကစားခြင့္ရတဲ့အခ်ိန္အတြင္းမွာ အသင္းအတြက္ အေကာင္းဆံုးေပးဆပ္ၿပီး ကိုယ္တိုင္(၁)ဂိုးသြင္းယူကာ အသင္းေဖာ္ေတြဂိုးသြင္းႏိုင္ေအာင္ (၁)ႀကိမ္ဖန္တီးေပးထားပါတယ္။

ဒါေၾကာင့္ မန္ယူႏိုက္တကနည္းျပဆုိးလ္ရွားက လာမယ့္ပြဲစဥ္ေတြမွာ ဗန္ဒီဘိခ္ကစားခြင့္ရမယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

အခုလိုမန္ယူႏုိက္တက္အသင္းမွာ အထေႏွးေနတဲ့ ၿပိဳင္ဘက္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေအဂ်က္ဇ္အသင္းေဖာ္ေဟာင္းဇီယက္ခ်္က တည္တည္ၿငိမ္ၿငိမ္ေနဖို႔ တုိက္တြန္းထားပါတယ္။

သူတုိ႔ႏွစ္ဦးစလံုးဟာ အခုေႏြရာသီမွာ ေအဂ်က္ဇ္အသင္းကေန ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ခဲ့ၾကသူေတြျဖစ္ပါတယ္။

ဗန္ဒီဘိခ္က မန္ယူႏိုက္တက္နဲ႔ ဇီယက္ခ်္က ခ်ဲလ္ဆီးကို ေရာက္ခဲ့တာပါ။

ဇီယက္ခ်္ရဲ႕ပရီးမီးယားလိဂ္ကစားသမားဘ၀အစက မေျဖာင့္ျဖဴးခဲ့ပါဘူး။

ဘရိုက္တန္နဲ႔ေျခစမ္းပြဲမွာ ဒူးဒဏ္ရာရခဲ့တာေၾကာင့္ သူ႕ရဲ႕ခ်ဲလ္ဆီး ကစားသမားဘ၀အစအတြက္ အေႏွာင့္အယွက္ျဖစ္ခဲ့ရတယ္။

ဒါေပမယ့္လည္း ေနာက္ဆံုးမွာေတာ့ ဇီယက္ခ်္ဟာ ၿပီးခဲ့တဲ့စေနေန႔က ေဆာက္သမ္တန္နဲ႔(၃)ဂိုး စီသေရက်ခဲ့တဲ့ပြဲမွာ ခ်ဲလ္ဆီးအတြက္ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။

အခုအခါမွာ ခ်ဲလ္ဆီးကြင္းလယ္လူ ဇီယက္ခ်္က အသင္းေဖာ္ေဟာင္းျဖစ္ခဲ့ဖူးတဲ့ ဗန္ဒီဘိခ္ကို စိတ္ရွည္ဖုိ႔ တုိက္တြန္းခဲ့ၿပီး ဆုိးလ္ရွားရဲ႕အသင္းကုိ ေကာင္းမြန္တဲ့ေျခစြမ္းေတြ ဗန္ဒီဘိခ္တင္သြင္းႏိုင္မယ္လုိ႔ ယံုၾကည္ေနပါတယ္။

ဇီယက္ခ်္က “မန္ယူႏိုက္တက္ကို သူေျပာင္းေရႊ႕သြားတဲ့အေစာပိုင္းမွာ ကၽြန္ေတာ္တုိ႔စကားေျပာျဖစ္ၾကပါတယ္။

ၿပီးခဲ့တဲ့တပတ္မွာေတာ့ ကၽြန္ေတာ္တုိ႔အမ်ားႀကီးမေျပာျဖစ္ပါဘူး။

သူ႕ရဲ႕အေနအထားနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္တုိ႔မေျပာျဖစ္ပါဘူး။

သူ႕အေနနဲ႔ အခ်ိန္ေကာင္းေကာင္းလိုအပ္တယ္လုိ႔ ထင္ပါတယ္။

သူဟာ မတူညီတဲ့ေနရာနဲ႔ မတူညီတဲ့လိဂ္ကေန ေျပာင္းေရႊ႕လာခဲ့တာပါ။

သူ႕အတြက္အခ်ိန္ယူရမယ္ဆုိတာ ကၽြန္ေတာ္သိပါတယ္။

အေရးပါဆံုးကေတာ့ အခုအခ်ိန္မွာ တည္တည္ၿငိမ္ၿငိမ္ေနဖုိ႔ပါပဲ”လို႔ တုိက္တြန္းခဲ့ပါတယ္။