မန်ယူနဲ့ပွဲကို ခက်ခက်ခဲခဲကစားရမယ်လို့ လမ်းပတ် ကြိုကန်ထား ရာသီကြိုခြေစမ်းပွဲတွေ မကစားခဲ့ရခြင်းကြောင့် ပြင်ဆင်ချိန်နည်းဟု အကြောင်းပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူနဲ့ အိုးလ်ထရက်ဖို့ဒ်မှာကစားရမယ့်ပွဲစဉ်မှာ အမှတ်ရဖို့ ခက်ခက်ခဲခဲကြိုးစားသွားရ ဖို့ရှိနေပြီး တကယ့်ကိုခက်ခဲတဲ့ပြိုင်ပွဲဖြစ်လာနိုင်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောကြားထားပါတယ်။ မန်ယူနဲ့ချဲလ်ဆီးတွေ့တဲ့ပွဲဟာ လက်ရှိအချိန်ထိ ပွဲကြီးပွဲကောင်း Big Game တစ်ခုဖြစ်နေဆဲပဲလို့ လမ်းပတ်က ခံစားမိပါတယ်။

အခုနောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံသရဖူပြိုင်ပွဲဟာ မန်စီးတီးနဲ့ လီဗာပူးဘက်ကိုရောက်သွားပြီး အရင်တုန်းက မန်ယူနဲ့ ချဲလ်ဆီး အားပြိုင်မှုတွေရှိခဲ့တဲ့ပွဲတွေဟာ ပြိုင်ဆိုင်မှုလျော့နည်းလာတဲ့ ပုံစံမျိုးဖြစ်နေတာပါ။ ဒါပေမဲ့ ဒီအမြင်တွေကို လမ်းပတ်ကလက်မခံဘဲ မန်ယူနဲ့ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ်ရဲ့ တကယ့်ပွဲကြီးပွဲကောင်းအသင်းတွေအဖြစ် မြင်နေပါတယ်။

ဒီခံစားချက်အပေါ် လမ်းပတ်က “ကျွန်တော်တို့ ၂ သင်းကြားမှာ ပွဲတွေအများကြီး ယှဉ်ပြိုင်ကစားခဲ့ပြီးပါပြီ။ မနှစ်ကဆိုရင် ပရီးမီးယားလိဂ် ၂ ပွဲအပြင် ဖလားပြိုင်ပွဲ ၂ ပွဲမှာ လည်း အကြိတ်အနယ်ကစားခဲ့ကြတာပါ။ မန်ယူဟာ တကယ်ကောင်းတဲ့အသင်းဖြစ်ပြီး စုစည်းမှုလည်းရှိပါတယ်။ ပြီးခဲ့တဲ့ ပီအက်စ်ဂျီနဲ့ပွဲမှာဆိုရင် တကယ့်ကို အထင်ကြီး လောက်တဲ့ရလဒ်ရယူနိုင်ခဲ့တာပါ။ အိုးလ်ထရက်ဖို့ဒ်မှာ အမှတ်ရဖို့ ခက်ခက်ခဲခဲကစားရ ဖို့ရှိပါတယ်။ တကယ့်ကို အကြိတ်အနယ်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲ ဖြစ်လာမှာပါ” လို့ ပြော ကြားသွားခဲ့ပါတယ်။

ဒီလိုပြောကြားမှုတွေအတွက် မန်ယူနဲ့မတွေ့ခင် လမ်းပတ်တစ် ယောက် ရလဒ်မကောင်းဖြစ်မှာကို စိုးရိမ်ပြီးပြောတာလား ဒါမှမဟုတ် လက်ရှိမန်ယူ အသင်း ရလဒ်တွေကြောင့် သွေးကြောင်နေပြီလားဆိုတာ ကာယကံရှင်ပဲသိမယ့်ကိစ္စပါ။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၃ ဂိုးစီသရေကျခဲ့တဲ့ပွဲ ၂ ပွဲအထိရှိခဲ့ပြီး ခံစစ်အနေအထားနဲ့ပတ်သက်လို့ လူပြောများနေပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအနေနဲ့ အခုလိုမျိုးဖြစ်ရတာဟာ ရာသီကြိုခြေစမ်းပွဲတွေကစားပြီး ပြင်ဆင်ချိန်မရှိခဲ့တဲ့အတွက် လို့ လမ်းပတ်က အကြောင်းပြထားပါတယ်။

သူက “ကျွန်တော်တို့အနေနဲ့ ကစားသမား သစ် ၆ ဦးခေါ်ယူထားပြီး သူတို့ထဲကအများကစုက လူငယ်တွေဖြစ်သလို ဒဏ်ရာရတဲ့သူ တွေလည်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ တစ်ပွဲထက် တစ်ပွဲပိုပြီး တိုးတက်လာတာမျိုးတွေမြင်နေပါတယ်။ အချိန်ပေးရမှာဖြစ်ပြီး အလောတ ကြီးဖြစ်လာဖို့ ဆန္ဒမရှိပါဘူး။ ရာသီကြိုခြေစမ်းပွဲတွေ မကစားခဲ့ရဘဲ တကယ့်ပွဲတွေကို တန်းကစားခဲ့ရတဲ့အတွက် လုံလောက်တဲ့ပြင်ဆင်မှုမျိုးမရခဲ့ပါဘူး” လို့ ပြောသွားခဲ့ပါ တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူနဲ႔ပဲြကို ခက္ခက္ခဲခဲကစားရမယ္လို႔ လမ္းပတ္ ႀကိဳကန္ထား

ရာသီႀကိဳေျခစမ္းပြဲေတြ မကစားခဲ့ရျခင္းေၾကာင့္ ျပင္ဆင္ခ်ိန္နည္းဟု အေၾကာင္းျပ

မန္ယူနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာကစားရမယ့္ပြဲစဥ္မွာ အမွတ္ရဖို႔ ခက္ခက္ခဲခဲႀကိဳးစားသြားရ ဖို႔ရွိေနၿပီး တကယ့္ကိုခက္ခဲတဲ့ၿပိဳင္ပြဲျဖစ္လာႏိုင္တယ္လို႔ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ေျပာၾကားထားပါတယ္။ မန္ယူနဲ႔ခ်ဲလ္ဆီးေတြ႕တဲ့ပြဲဟာ လက္ရွိအခ်ိန္ထိ ပြဲႀကီးပြဲေကာင္း Big Game တစ္ခုျဖစ္ေနဆဲပဲလို႔ လမ္းပတ္က ခံစားမိပါတယ္။

အခုေနာက္ပိုင္း ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံသရဖူၿပိဳင္ပြဲဟာ မန္စီးတီးနဲ႔ လီဗာပူးဘက္ကိုေရာက္သြားၿပီး အရင္တုန္းက မန္ယူနဲ႔ ခ်ဲလ္ဆီး အားၿပိဳင္မႈေတြရွိခဲ့တဲ့ပြဲေတြဟာ ၿပိဳင္ဆိုင္မႈေလ်ာ့နည္းလာတဲ့ ပံုစံမ်ဳိးျဖစ္ေနတာပါ။ ဒါေပမဲ့ ဒီအျမင္ေတြကို လမ္းပတ္ကလက္မခံဘဲ မန္ယူနဲ႔ခ်ဲလ္ဆီး ဟာ ပရီးမီးယားလိဂ္ရဲ႕ တကယ့္ပြဲႀကီးပြဲေကာင္းအသင္းေတြအျဖစ္ ျမင္ေနပါတယ္။

ဒီခံစားခ်က္အေပၚ လမ္းပတ္က “ကၽြန္ေတာ္တို႔ ၂ သင္းၾကားမွာ ပြဲေတြအမ်ားႀကီး ယွဥ္ၿပိဳင္ကစားခဲ့ၿပီးပါၿပီ။ မႏွစ္ကဆိုရင္ ပရီးမီးယားလိဂ္ ၂ ပြဲအျပင္ ဖလားၿပိဳင္ပြဲ ၂ ပြဲမွာ လည္း အႀကိတ္အနယ္ကစားခဲ့ၾကတာပါ။ မန္ယူဟာ တကယ္ေကာင္းတဲ့အသင္းျဖစ္ၿပီး စုစည္းမႈလည္းရွိပါတယ္။ ၿပီးခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႔ပြဲမွာဆိုရင္ တကယ့္ကို အထင္ႀကီး ေလာက္တဲ့ရလဒ္ရယူႏိုင္ခဲ့တာပါ။ အိုးလ္ထရက္ဖို႔ဒ္မွာ အမွတ္ရဖို႔ ခက္ခက္ခဲခဲကစားရ ဖို႔ရွိပါတယ္။ တကယ့္ကို အႀကိတ္အနယ္ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ပြဲ ျဖစ္လာမွာပါ” လို႔ ေျပာ ၾကားသြားခဲ့ပါတယ္။

ဒီလုိေျပာၾကားမႈေတြအတြက္ မန္ယူနဲ႔မေတြ႕ခင္ လမ္းပတ္တစ္ ေယာက္ ရလဒ္မေကာင္းျဖစ္မွာကို စိုးရိမ္ၿပီးေျပာတာလား ဒါမွမဟုတ္ လက္ရွိမန္ယူ အသင္း ရလဒ္ေတြေၾကာင့္ ေသြးေၾကာင္ေနၿပီလားဆိုတာ ကာယကံရွင္ပဲသိမယ့္ကိစၥပါ။

ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ေနာက္ဆံုး ၅ ပြဲမွာ ၃ ဂိုးစီသေရက်ခဲ့တဲ့ပြဲ ၂ ပြဲအထိရွိခဲ့ၿပီး ခံစစ္အေနအထားနဲ႔ပတ္သက္လို႔ လူေျပာမ်ားေနပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးအေနနဲ႔ အခုလိုမ်ဳိးျဖစ္ရတာဟာ ရာသီႀကိဳေျခစမ္းပြဲေတြကစားၿပီး ျပင္ဆင္ခ်ိန္မရွိခဲ့တဲ့အတြက္ လို႔ လမ္းပတ္က အေၾကာင္းျပထားပါတယ္။

သူက “ကၽြန္ေတာ္တို႔အေနနဲ႔ ကစားသမား သစ္ ၆ ဦးေခၚယူထားၿပီး သူတို႔ထဲကအမ်ားကစုက လူငယ္ေတြျဖစ္သလို ဒဏ္ရာရတဲ့သူ ေတြလည္းရွိပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္အျမင္အရေတာ့ တစ္ပြဲထက္ တစ္ပြဲပိုၿပီး တိုးတက္လာတာမ်ဳိးေတြျမင္ေနပါတယ္။ အခ်ိန္ေပးရမွာျဖစ္ၿပီး အေလာတ ႀကီးျဖစ္လာဖို႔ ဆႏၵမရွိပါဘူး။ ရာသီႀကိဳေျခစမ္းပြဲေတြ မကစားခဲ့ရဘဲ တကယ့္ပြဲေတြကို တန္းကစားခဲ့ရတဲ့အတြက္ လံုေလာက္တဲ့ျပင္ဆင္မႈမ်ဳိးမရခဲ့ပါဘူး” လို႔ ေျပာသြားခဲ့ပါ တယ္။