မန်ယူနဲ့ပွဲအတွက် နေမာအဆင်သင့်ပဲလို့ ဆိုလိုက်တဲ့တူချယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နီမက်စ်နဲ့ပွဲမှာ အနားပေးခဲ့ပြီးနောက် တိုက်စစ်မှုးနေမာဟာ မန်ယူကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပီအက်စ်ဂျီနည်းပြတူချယ်က အခိုင်အမာပြောကြားလိုက်ပါတယ်။ အဲဒီဘရာဇီးသားဟာ သောကြာညက နီမက်စ်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ လီဂူးပွဲစဉ်မှာ လူစာရင်းထဲပါဝင်ခြင်းမရှိဘဲ အမ်ဘက်ပီသာပါဝင်ကစားသွားခဲ့ကာ ၂ ဂိုးသွင်းခဲ့တာပါ။

နေမာဟာ နီမက်စ်နဲ့ပွဲမတိုင်ခင် ၃ ရက်လောက်က ပီရူးနဲ့ကစားခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး ဘရာဇီးအသင်းသမိုင်းတစ်လျှောက် ဒုတိယဂိုးအများဆုံးသွင်းသူအဖြစ် ရော်နယ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ နီမက်စ်နဲ့ပွဲတုန်းက နေမာကို အနားပေးဖို့ သူဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း တူချယ်ကဆိုခဲ့ပြီး မန်ယူနဲ့ချန်ပီယံလိဂ်အိမ်ကွင်းပွဲကျရင် အဆင်သင့်ဖြစ်လိမ့်မယ်လို့ ပြောခဲ့တာပါ။

”နေမာမှာ ဘာပြသနာမှ မရှိပါဘူး။ အမ်ဘက်ပီနဲ့ ကျွန်တော်လုပ်ခဲ့သလိုပဲ ကျွန်တော်တို့နှစ်ယောက် အတူစကားပြောခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ပြီး သူ့ကိုအနားပေးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။ သူဟာ မန်ယူနဲ့ပွဲအတွက် အဆင်သင့်ဖြစ်မှာပါ။ အဲဒီပွဲရောက်ရင် ကွင်းထဲ သူသေချာပေါက် ရှိနေမှာပါ”လို့ တူချယ်က ပြောခဲ့တာပါ။

ပီအက်စ်ဂျီဟာ ဒီရာသီလီဂူး ၇ ပွဲမှာ ၄ ပွဲကို နေမာမပါဘဲ ယှဉ်ပြိုင်ခဲ့ရပြီး ၃ ပွဲအနိုင်ရခဲ့ပါတယ်။ သူမပါတဲ့အချိန်မှာ တစ်ပွဲပျဉ်းမျှ ၂ ဂိုးနှုန်းသွင်းနိုင်ခဲ့ပြီး သူပါတဲ့အချိန်မှာတော့ တစ်ပွဲပျဉ်းမျှဂိုးအရေအတွက်ဟာ ၂.၇ ကိုတက်သွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ယူနဲ႔ပြဲအတြက္ ေနမာအဆင္သင့္ပဲလို႔ ဆိုလိုက္တဲ့တူခ်ယ္

နီမက္စ္နဲ႔ပြဲမွာ အနားေပးခဲ့ၿပီးေနာက္ တုိက္စစ္မႈးေနမာဟာ မန္ယူကုိရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလုိ႔ ပီအက္စ္ဂ်ီနည္းျပတူခ်ယ္က အခိုင္အမာေျပာၾကားလိုက္ပါတယ္။ အဲဒီဘရာဇီးသားဟာ ေသာၾကာညက နီမက္စ္ကို ၄-၀ နဲ႔အႏိုင္ရခဲ့တဲ့ လီဂူးပြဲစဥ္မွာ လူစာရင္းထဲပါ၀င္ျခင္းမရွိဘဲ အမ္ဘက္ပီသာပါ၀င္ကစားသြားခဲ့ကာ ၂ ဂိုးသြင္းခဲ့တာပါ။

ေနမာဟာ နီမက္စ္နဲ႔ပြဲမတုိင္ခင္ ၃ ရက္ေလာက္က ပီရူးနဲ႔ကစားခဲ့တဲ့ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့ၿပီး ဘရာဇီးအသင္းသမိုင္းတစ္ေလွ်ာက္ ဒုတိယဂိုးအမ်ားဆုံးသြင္းသူအျဖစ္ ေရာ္နယ္ဒိုကုိ ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ နီမက္စ္နဲ႔ပြဲတုန္းက ေနမာကုိ အနားေပးဖို႔ သူဆုံးျဖတ္ခဲ့တာျဖစ္ေၾကာင္း တူခ်ယ္ကဆိုခဲ့ၿပီး မန္ယူနဲ႔ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲက်ရင္ အဆင္သင့္ျဖစ္လိမ့္မယ္လုိ႔ ေျပာခဲ့တာပါ။

”ေနမာမွာ ဘာျပသနာမွ မရွိပါဘူး။ အမ္ဘက္ပီနဲ႔ ကၽြန္ေတာ္လုပ္ခဲ့သလုိပဲ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ အတူစကားေျပာခဲ့ပါတယ္။ ပြင့္ပြင့္လင္းလင္းေဆြးေႏြးခဲ့ၿပီး သူ႔ကုိအနားေပးဖို႔ ကၽြန္ေတာ္ဆုံးျဖတ္ခဲ့တာပါ။ သူဟာ မန္ယူနဲ႔ပြဲအတြက္ အဆင္သင့္ျဖစ္မွာပါ။ အဲဒီပြဲေရာက္ရင္ ကြင္းထဲ သူေသခ်ာေပါက္ ရွိေနမွာပါ”လုိ႔ တူခ်ယ္က ေျပာခဲ့တာပါ။

ပီအက္စ္ဂ်ီဟာ ဒီရာသီလီဂူး ၇ ပြဲမွာ ၄ ပြဲကုိ ေနမာမပါဘဲ ယွဥ္ၿပိဳင္ခဲ့ရၿပီး ၃ ပြဲအႏိုင္ရခဲ့ပါတယ္။ သူမပါတဲ့အခ်ိန္မွာ တစ္ပြဲပ်ဥ္းမွ် ၂ ဂိုးႏႈန္းသြင္းႏိုင္ခဲ့ၿပီး သူပါတဲ့အခ်ိန္မွာေတာ့ တစ္ပြဲပ်ဥ္းမွ်ဂိုးအေရအတြက္ဟာ ၂.၇ ကိုတက္သြားပါတယ္။