မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ အပစ်ပယ်ခံ ခီတာယန် ဥရောပအကောင်းဆုံးကွင်းလယ်လူဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ အပစ်ပယ်ခံ ကစားသမားဖြစ်တဲ့ ဟင်းနရစ်ခီတာယန်ဟာ ဒီရာသီဥရောပ အကောင်းဆုံးကွင်းလယ်လူ ဖြစ်နေတယ်လို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။

ရိုးမားအသင်းရဲ့တောင်ပံကစား သမားဖြစ်တဲ့ ခီတာယန်ဟာ ပြီးခဲ့တဲ့ ကြာသပတေးက တိုရီနိုနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အချက်အလက်တွေ အပေါ်အခြေခံမှုအရသူဟာ ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ဂိုးရရှိအောင်စွမ်းဆောင်ပေးနိုင်မှု အမြင့်မားဆုံးသူဖြစ်လာတာပါ။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ခီတာယန်ဟာ တိုရီနိုကို ၃-၁ နဲ့နိုင်ခဲ့တဲ့ပွဲမှာ အသင်းအတွက်အဖွင့်ဂိုးကို အပြင်းကန်သွင်းပြီး ရယူပေးခဲ့တာပါ။

ဒါကြောင့် အာမေးနီးယား လက်ရွေးစင်ဖြစ်တဲ့ ခီတာယန်ဟာ ဒီရာသီစီးရီးအေမှာ ၁၂ ပွဲသာကစားရသေးပေမယ့် ၇ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်လို့ ဂိုးရဖို့သူ့ရဲ့တိုက်ရိုက်ပတ်သက်မှုက ၁၂ ကြိမ်ရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့် အချက်အလက်အရ သူဟာ မန်ယူက ဘရူနိုဖာနန်ဒက်စ်၊မာဆေးက သော်ဗင် တို့ရဲ့အထက်မှာရှိပြီး ဥရောပအကောင်းဆုံးကွင်းလယ် လူအဖြစ်သတ်မှတ်ခံခဲ့ရတာပါ။ ဖာနန်ဒက်စ်ဟာ မန်ယူအတွက် ၇ ဂိုးသွင်းပြီး ၄ ကြိမ်ဖန်တီး၊ သော်ဗင်က ၅ ဂိုးသွင်းပြီး ၆ ကြိမ်ဖန်တီးပေးထားလို့ သူတို့နှစ်ယောက်ရဲ့ ဂိုးရရှိရေးပတ်သက်မှုက ၁၁ ကြိမ်စီသာရှိနေသေးတာပါ။

ဗီလာက ဂရီလစ်ရှ်နဲ့ လန်းစ်က ဂေလ်ကာကူတာ တို့ကတစ်ယောက်ကို ၁၀ ကြိမ်စီသာပတ်သက်ထားကြတာပါ။ ခီတာယန်ဟာ ၂၀၁၆ ကနေ ၂၀၁၈ အထိမန်ယူမှာကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့လို့ အာဆင်နယ်ကို ပြောင်းသွားတာပါ။ အဲဒီမှာလည်းခြေစွမ်းမပေါ်လို့ ရိုးမားကိုအငှားသွားကစားခဲ့ရပြီး ၂၀၂၀ မှာတော့ အပြီးအပြတ်ရောင်းချခံလိုက်ရတာဖြစ်ပါတယ်။

သူဟာ မန်ယူမှာရှိနေစဉ် ၁၃ ဂိုးသွင်းပြီး ၁၁ ဂိုးသာဖန်တီးပေးခဲ့တာပါ။ အာဆင်နယ်အတွက် ၅၉ ပွဲကစားခဲ့ရာမှာတော့ ၉ ဂိုးသွင်းပြီး ၁၃ ဂိုးဖန်တီးပေးခဲ့ပါတယ်။ (ယခုအချက်အလက်များကို ဒီဇင်ဘာ ၁၈ ရက်အပြီး ပွဲစဉ်များအထိသာ တွက်ချက်ထားခြင်းဖြစ်ပါတယ်)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူနဲ႔ အာဆင္နယ္တို႔ရဲ႕ အပစ္ပယ္ခံ ခီတာယန္ ဥေရာပအေကာင္းဆုံးကြင္းလယ္လူျဖစ္ေန

မန္ယူနဲ႔ အာဆင္နယ္တို႔ရဲ႕ အပစ္ပယ္ခံ ကစားသမားျဖစ္တဲ့ ဟင္းနရစ္ခီတာယန္ဟာ ဒီရာသီဥေရာပ အေကာင္းဆုံးကြင္းလယ္လူ ျဖစ္ေနတယ္လို႔ စစ္တမ္းတစ္ရပ္အရ သိရပါတယ္။ ႐ိုးမားအသင္းရဲ႕ေတာင္ပံကစား သမားျဖစ္တဲ့ ခီတာယန္ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးက တိုရီႏိုနဲ႔ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အခ်က္အလက္ေတြ အေပၚအေျခခံမႈအရသူဟာ ဥေရာပရဲ႕ ထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ ဂိုးရရွိေအာင္စြမ္းေဆာင္ေပးႏိုင္မႈ အျမင့္မားဆုံးသူျဖစ္လာတာပါ။

အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ ခီတာယန္ဟာ တိုရီႏိုကို ၃-၁ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ အသင္းအတြက္အဖြင့္ဂိုးကို အျပင္းကန္သြင္းၿပီး ရယူေပးခဲ့တာပါ။ ဒါေၾကာင့္ အာေမးနီးယား လက္ေ႐ြးစင္ျဖစ္တဲ့ ခီတာယန္ဟာ ဒီရာသီစီးရီးေအမွာ ၁၃ ပြဲသာကစားရေသးေပမယ့္ ၇ ဂိုးသြင္းၿပီး ၆ ဂိုးဖန္တီးေပးႏိုင္ခဲ့တာျဖစ္လို႔ ဂိုးရဖို႔သူ႔ရဲ႕တိုက္႐ိုက္ပတ္သက္မႈက ၁၃ ႀကိမ္ရွိေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ အခ်က္အလက္အရ သူဟာ မန္ယူက ဘ႐ူႏိုဖာနန္ဒက္စ္၊မာေဆးက ေသာ္ဗင္ တို႔ရဲ႕အထက္မွာရွိၿပီး ဥေရာပအေကာင္းဆုံးကြင္းလယ္ လူအျဖစ္သတ္မွတ္ခံခဲ့ရတာပါ။ ဖာနန္ဒက္စ္ဟာ မန္ယူအတြက္ ၇ ဂိုးသြင္းၿပီး ၄ ႀကိမ္ဖန္တီး၊ ေသာ္ဗင္က ၅ ဂိုးသြင္းၿပီး ၆ ႀကိမ္ဖန္တီးေပးထားလို႔ သူတို႔ႏွစ္ေယာက္ရဲ႕ ဂိုးရရွိေရးပတ္သက္မႈက ၁၁ ႀကိမ္စီသာရွိေနေသးတာပါ။

ဗီလာက ဂရီလစ္ရွ္နဲ႔ လန္းစ္က ေဂလ္ကာကူတာ တို႔ကတစ္ေယာက္ကို ၁၀ ႀကိမ္စီသာပတ္သက္ထားၾကတာပါ။ ခီတာယန္ဟာ ၂၀၁၆ ကေန ၂၀၁၈ အထိမန္ယူမွာကစားခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့လို႔ အာဆင္နယ္ကို ေျပာင္းသြားတာပါ။ အဲဒီမွာလည္းေျခစြမ္းမေပၚလို႔ ႐ိုးမားကိုအငွားသြားကစားခဲ့ရၿပီး ၂၀၂၀ မွာေတာ့ အၿပီးအျပတ္ေရာင္းခ်ခံလိုက္ရတာျဖစ္ပါတယ္။ သူဟာ မန္ယူမွာရွိေနစဥ္ ၁၃ ဂိုးသြင္းၿပီး ၁၁ ဂိုးသာဖန္တီးေပးခဲ့တာပါ။ အာဆင္နယ္အတြက္ ၅၉ ပြဲကစားခဲ့ရာမွာေတာ့ ၉ ဂိုးသြင္းၿပီး ၁၃ ဂိုးဖန္တီးေပးခဲ့ပါတယ္။ (ယခုအခ်က္အလက္မ်ားကို ဒီဇင္ဘာ ၁၈ ရက္အၿပီး ပြဲစဥ္မ်ားအထိသာ တြက္ခ်က္
ထားျခင္းျဖစ္ပါတယ္)