မန်ယူပရိသတ်တွေ ချီးကျူးနေပေမယ့် တိုးတက်ဖို့ ဆက်ကြိုးစားရဦးမယ်လို့ နှိမ့်ချပြောလိုက်တဲ့ ဖရက်ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရက်ဘူးလ်လိုက်ပ်ဇစ်နဲ့ပွဲက ခြေစွမ်းကြောင့် သူ့အပေါ် ချီးကျူးနေကြပေမယ့် ဘရာဇီးကွင်းလယ်လူ ဖရက်ဒ်ကတော့ သူ့ရဲ့ဘောလုံးပေးပို့မှုတွေဟာ ဒီထက်မက များစွာ ပိုမိုးတိုးတက်ဖို့လိုသေးတယ်လို့ နှိမ့်ချပြောလိုက်ပါတယ်။

ကစားအားကောင်းလွန်းတာကြောင့် အဆုတ်အပိုတစ်ခု ထပ်ပါသူလားလို့အထိ ဖရက်ဒ်ကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက အမွမ်းတင်နေကြပါတယ်။

လိုက်ပ်ဇစ်ကို ၅ဂိုးပြတ်နဲ့ မန်ချက်စတာယူနိုက်တက် နိုင်ခဲ့တဲ့ပွဲတုန်းက ဖရက်ဒ်ရဲ့စွမ်းဆောင်ရည်ကိုကြည့်ရင် ဘောလုံးထိတဲ့အကြိမ်အရေ ပေါင်း ၇၂ ကြိမ်ရှိပြီး ပြိုင်ဘက်ရဲ့ နောက်ဆုံးခံစစ်ဇုန်မှာ ဘောလုံးအပေးအယူ ၁၂ ကြိမ်လုပ်နိုင်တာကိုတွေ့ရပါတယ်။

ဒါ့အပြင် ဘောလုံးဖြတ်ယူနိုင်မှု ၃ကြိမ်၊ ဘောလုံးရှင်းထုတ်မှု ၃ကြိမ်၊ ဘောလုံးဖျက်ထုတ်မှု ၂ကြိမ်နဲ့ ဂိုးကန်သွင်းခွင့် ၂ကြိမ်လည်းလုပ်နိုင်ခဲ့ပါတယ်။

ဖရက်ဒ်ဟာ ပြီးခဲ့တဲ့ရာသီကပရီးမီးယားလိဂ်မှာ ၁၇ပွဲပဲ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ဒီရာသီမှာတော့ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ပွဲဆက် ပွဲထွက်ခွင့်ရထားပါတယ်။ ဒါပေမယ့် နောက်ထပ် ခြေစွမ်းပြခွင့်ရဖို့ ကြိုးစားရဦးမယ်လို့ ဖရက်ဒ် ခံယူထားပါတယ်။

သူက “ကစားခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ အသင်းမှာ အရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်လာရတဲ့အပေါ်လည်း ကျေနပ်ပါတယ်။ အရေးကြီးဆုံးကတော့ နည်းပြရဲ့ချီးကျူးတာကိုခံရတာပါပဲ။ ကျွန်တော်တို့အသင်းဟာ ပွဲကြပ်ကာလကို ဖြတ်သန်းနေရတာပါ။

ပွဲကြပ်ကာလအတွင်း ၄ပွဲဆက် ကျွန်တော် ကစားခွင့်ရတာဖြစ်ပါတယ်။ ကွင်းလယ်မှာ ကျွန်တော့်ရဲ့ဘောလုံးအပေးအယူတချို့ လွှဲချော်ခဲ့တာကို ကျွန်တော် သိပေမယ့် ဒီထက်မက အများကြီး တိုးတက်နိုင်သေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားပါတယ်။ နောက်လာမယ့် အာဆင်နယ်နဲ့ပွဲက ခက်ခဲတဲ့ပွဲပါ။ ဒီပွဲအတွက်ကိုပဲ စဉ်းစားပြင်ဆင်ရပါမယ်”လို့ ပြောပါတယ်။

စပါးကို ၆-၁ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်ဟာ ၄ပွဲဆက် မရှုံးခဲ့ဘဲ အဲဒီ ၄ပွဲမှာ ဖရက်ဒ်ပါဝင်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဖရက်ဒ်ဟာ အောက်တိုဘာလအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုဆန်ကာတင်စာရင်းမှာ ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့အတူ ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

ကိုယ်တိုင်မဲပေးရွေးချယ်ချင်ရင်တော့ မိမိစိတ်ကြိုက်ကစားသမားကို ယူနိုက်တက်Official Appမှာ မဲပေးရွေးချယ်နိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ နောက်ပိုင်းပွဲတွေမှာ တောင်ပံတိုက်စစ်ကိုဖျောက်ပြီး ကွင်းလယ်ကို diamond shapeပုံစံပြောင်းရာမှာ ဖရက်ဒ်ရဲ့ နည်းစနစ်ကျွမ်းကျင်မှုက များစွာအရေးပါခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူပရိသတ္ေတြ ခ်ီးက်ဴးေနေပမယ့္ တိုးတက္ဖို႔ ဆက္ႀကိဳးစားရဦးမယ္လို႔ ႏွိမ့္ခ်ေျပာလိုက္တဲ့ ဖရက္ဒ္

ရက္ဘူးလ္လိုက္ပ္ဇစ္နဲ႔ပြဲက ေျခစြမ္းေၾကာင့္ သူ႔အေပၚ ခ်ီးက်ဴးေနၾကေပမယ့္ ဘရာဇီးကြင္းလယ္လူ ဖရက္ဒ္ကေတာ့ သူ႔ရဲ႕ေဘာလုံးေပးပို႔မႈေတြဟာ ဒီထက္မက မ်ားစြာ ပိုမိုးတိုးတက္ဖို႔လိုေသးတယ္လို႔ ႏွိမ့္ခ်ေျပာလိုက္ပါတယ္။

ကစားအားေကာင္းလြန္းတာေၾကာင့္ အဆုတ္အပိုတစ္ခု ထပ္ပါသူလားလို႔အထိ ဖရက္ဒ္ကို မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက အမြမ္းတင္ေနၾကပါတယ္။
လိုက္ပ္ဇစ္ကို ၅ဂိုးျပတ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ ႏိုင္ခဲ့တဲ့ပြဲတုန္းက ဖရက္ဒ္ရဲ႕စြမ္းေဆာင္ရည္ကိုၾကည့္ရင္ ေဘာလုံးထိတဲ့အႀကိမ္အေရ ေပါင္း ၇၂ ႀကိမ္ရွိၿပီး ၿပိဳင္ဘက္ရဲ႕ ေနာက္ဆုံးခံစစ္ဇုန္မွာ ေဘာလုံးအေပးအယူ ၁၂ ႀကိမ္လုပ္ႏိုင္တာကိုေတြ႕ရပါတယ္။

ဒါ့အျပင္ ေဘာလုံးျဖတ္ယူႏိုင္မႈ ၃ႀကိမ္၊ ေဘာလုံးရွင္းထုတ္မႈ ၃ႀကိမ္၊ ေဘာလုံးဖ်က္ထုတ္မႈ ၂ႀကိမ္နဲ႔ ဂိုးကန္သြင္းခြင့္ ၂ႀကိမ္လည္းလုပ္ႏိုင္ခဲ့ပါတယ္။
ဖရက္ဒ္ဟာ ၿပီးခဲ့တဲ့ရာသီကပရီးမီးယားလိဂ္မွာ ၁၇ပြဲပဲ ပြဲထြက္ခြင့္ရခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၄ပြဲဆက္ ပြဲထြက္ခြင့္ရထားပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ ေျခစြမ္းျပခြင့္ရဖို႔ ႀကိဳးစားရဦးမယ္လို႔ ဖရက္ဒ္ ခံယူထားပါတယ္။

သူက “ကစားခြင့္ရတဲ့အတြက္ အရမ္းေပ်ာ္ပါတယ္။ အသင္းမွာ အေရးပါတဲ့ကစားသမားတစ္ဦး ျဖစ္လာရတဲ့အေပၚလည္း ေက်နပ္ပါတယ္။ အေရးႀကီးဆုံးကေတာ့ နည္းျပရဲ႕ခ်ီးက်ဴးတာကိုခံရတာပါပဲ။ ကြၽန္ေတာ္တို႔အသင္းဟာ ပြဲၾကပ္ကာလကို ျဖတ္သန္းေနရတာပါ။

ပြဲၾကပ္ကာလအတြင္း ၄ပြဲဆက္ ကြၽန္ေတာ္ ကစားခြင့္ရတာျဖစ္ပါတယ္။ ကြင္းလယ္မွာ ကြၽန္ေတာ့္ရဲ႕ေဘာလုံးအေပးအယူတခ်ိဳ႕ လႊဲေခ်ာ္ခဲ့တာကို ကြၽန္ေတာ္ သိေပမယ့္ ဒီထက္မက အမ်ားႀကီး တိုးတက္ႏိုင္ေသးတယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ထားပါတယ္။ ေနာက္လာမယ့္ အာဆင္နယ္နဲ႔ပြဲက ခက္ခဲတဲ့ပြဲပါ။ ဒီပြဲအတြက္ကိုပဲ စဥ္းစားျပင္ဆင္ရပါမယ္”လို႔ ေျပာပါတယ္။

စပါးကို ၆-၁ဂိုးနဲ႔ အိမ္ကြင္းမွာ ရႈံးၿပီးေနာက္ပိုင္း မန္ခ်က္စတာယူႏိုက္တက္ဟာ ၄ပြဲဆက္ မရႈံးခဲ့ဘဲ အဲဒီ ၄ပြဲမွာ ဖရက္ဒ္ပါဝင္ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဖရက္ဒ္ဟာ ေအာက္တိုဘာလအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုဆန္ကာတင္စာရင္းမွာ ရက္ရွ္ဖို႔ဒ္၊ ဘ႐ူႏိုဖာနန္ဒက္စ္တို႔နဲ႔အတူ ေ႐ြးခ်ယ္ခံထားရတာျဖစ္ပါတယ္။ ကိုယ္တိုင္မဲေပးေရြးခ်ယ္ခ်င္ရင္ေတာ့ မိမိစိတ္ႀကိဳက္ကစားသမားကို ယူႏိုက္တက္Official Appမွာ မဲေပးေ႐ြးခ်ယ္ႏိုင္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ ေနာက္ပိုင္းပြဲေတြမွာ ေတာင္ပံတိုက္စစ္ကိုေဖ်ာက္ၿပီး ကြင္းလယ္ကို diamond shapeပုံစံေျပာင္းရာမွာ ဖရက္ဒ္ရဲ႕ နည္းစနစ္ကြၽမ္းက်င္မႈက မ်ားစြာအေရးပါခဲ့ပါတယ္။