
ဟိုဆေးမော်ရင်ဟိုဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်
မန်ယူတွင်နေရာရရှိရန်ရုန်းကန်နေရတဲ့ကစားသမားနှစ်ဦးအားရိုးမားသို့
ခေါ်ဆောင်ရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။
မန်ယူနည်းပြဟောင်းဟာရောမတွင်ကြီးမားတဲ့စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရ
ပြီးလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အသင်းသို့ကစားသမား
သစ်ခေါ်ယူအားဖြည့်လိုနေပါတယ်။
မော်ရင်ဟိုဟာအသင်းရဲ့အားအနည်းဆုံးနေရာဖြစ်တဲ့ဗဟိုခံစစ်ကိုအဓိက
အားဖြည့်လိုနေတာလည်းဖြစ်ပါတယ်။
II Romanista ရဲ့ဖော်ပြချက်အရမော်ရင်ဟိုဟာအသင်းရဲ့ခံစစ်ပြဿနာအား
မန်ယူညာနောက်ခံလူဒါလော့နှင့်ဗဟိုနောက်ခံလူလင်ဒီလော့ဖ်တို့အား
ခေါ်ယူအားဖြည့်လိုနေတာဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ဒါလော့ဟာပြီးခဲ့တဲ့ရာသီတုန်းကအေစီမီလန်တွင်
အငှားဖြင့်သွားကစားစဉ်ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီးမန်ယူသို့ပြန်ရောက်လာ
ချိန်တွင်နေရာရရန်ရုန်းကန်နေပါတယ်။မော်ရင်ဟိုဟာမန်ယူကို
ကိုင်တွယ်စဉ်တုန်းကအသက်၂၂နှစ်ရှိဒါလော့ကိုအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်
ပေးခဲ့သူဖြစ်ပြီးသူ့ကိုရိုးမားသို့အငှားဖြင့်ခေါ်ယူလိုနေပါတယ်။
ဒါ့အပြင်မော်ရင်ဟိုဟာဗာရိန်းရောက်လာပြီးနောက်နေရာပျောက်နေတဲ့
လင်ဒီလော့ဖ်ကိုလည်းခေါ်ယူလိုနေပါတယ်။မန်ယူအနေဖြင့်အသက်၂၇နှစ်ရှိ
ဗဟိုခံစစ်မှူးကိုအလွယ်တကူလက်လွှတ်မယ့်အနေအထားမျိုးမှာတော့မရှိပါဘူး။
Zawgyi
မန္ယူမွတပည့္ႏွစ္ဦးကို ေခၚယူရန္ ေမာ္ရင္ဟိုပစ္မွတ္ထား
ဟိုေဆးေမာ္ရင္ဟိုဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္
မန္ယူတြင္ေနရာရရွိရန္႐ုန္းကန္ေနရတဲ့ကစားသမားႏွစ္ဦးအား႐ိုးမားသို႔
ေခၚေဆာင္ရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။
မန္ယူနည္းျပေဟာင္းဟာေရာမတြင္ႀကီးမားတဲ့စိန္ေခၚမႈမ်ားႏွင့္ရင္ဆိုင္ေနရ
ၿပီးလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသင္းသို႔ကစားသမား
သစ္ေခၚယူအားျဖည့္လိုေနပါတယ္။
ေမာ္ရင္ဟိုဟာအသင္းရဲ႕အားအနည္းဆုံးေနရာျဖစ္တဲ့ဗဟိုခံစစ္ကိုအဓိက
အားျဖည့္လိုေနတာလည္းျဖစ္ပါတယ္။
II Romanista ရဲ႕ေဖာ္ျပခ်က္အရေမာ္ရင္ဟိုဟာအသင္းရဲ႕ခံစစ္ျပႆနာအား
မန္ယူညာေနာက္ခံလူဒါေလာ့ႏွင့္ဗဟိုေနာက္ခံလူလင္ဒီေလာ့ဖ္တို႔အား
ေခၚယူအားျဖည့္လိုေနတာျဖစ္ပါတယ္။
ေပၚတူဂီလက္ေ႐ြးစင္ဒါေလာ့ဟာၿပီးခဲ့တဲ့ရာသီတုန္းကေအစီမီလန္တြင္
အငွားျဖင့္သြားကစားစဥ္ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ၿပီးမန္ယူသို႔ျပန္ေရာက္လာ
ခ်ိန္တြင္ေနရာရရန္႐ုန္းကန္ေနပါတယ္။ေမာ္ရင္ဟိုဟာမန္ယူကို
ကိုင္တြယ္စဥ္တုန္းကအသက္၂၂ႏွစ္ရွိဒါေလာ့ကိုအိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္
ေပးခဲ့သူျဖစ္ၿပီးသူ႔ကို႐ိုးမားသို႔အငွားျဖင့္ေခၚယူလိုေနပါတယ္။
ဒါ့အျပင္ေမာ္ရင္ဟိုဟာဗာရိန္းေရာက္လာၿပီးေနာက္ေနရာေပ်ာက္ေနတဲ့
လင္ဒီေလာ့ဖ္ကိုလည္းေခၚယူလိုေနပါတယ္။မန္ယူအေနျဖင့္အသက္၂၇ႏွစ္ရွိ
ဗဟိုခံစစ္မႉးကိုအလြယ္တကူလက္လႊတ္မယ့္အေနအထားမ်ိဳးမွာေတာ့မရွိပါဘူး။