မန်ယူမှာဘဲ ကစားသမားဘဝတစ်လျှောက်လုံးနေချင်တာလို့ ရက်ရှ်ဖို့ဒ်ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းတိုက်စစ်မှူး မားကက်စ်ရက်ရှ်ဖို့ဒ်က သူ့ရဲ့ကစားသမားဘဝကို မန်ယူနဲ့ဘဲကုန်ဆုံးလိုတယ်လို့ ပြောလိုက်ပါတယ်။

အသက် ၂၃ နှစ်ရှိတဲ့ ရက်ရှ်ဖို့ဒ်ဟာ မန်ယူအကယ်ဒမီကနေ ပေါ်ထွက်လာသူဖြစ်ပြီး လက်ရှိမှာအရေးပါတဲ့ တိုက်စစ်မှူးအဖြစ်ရပ်တည်နေပါတယ်။ သူဟာ အင်္ဂလန်လက်ရွေးစင်လည်း ဖြစ်တဲ့အပြင် ကလေးတွေအတွက်သူ့ရဲ့အကျိုးပြုလှုပ်ရှားမှုတွေကြောင့် ဗြိတိန်ဘုရင်မကြီးရဲ့ သူကောင်းပြုမှုကိုလည်း ခံထားရသူဖြစ်ပါတယ်။

သူ့ကိုဘာစီလိုနာအသင်းက ခေါ်ယူဖို့စိတ်ဝင်စားခဲ့သေး တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ မန်ယူရဲ့ပြိုင်ဘက်တွေရဲ့ အင်္ကျီကိုဝတ်ဖို့ဆိုတာ သူ့ခေါင်းထဲမှာလုံးဝမရှိဘူးလို့ ပြောသွားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူကိုအသက် ၆ နှစ်သားကတည်းကရောက်ရှိနေတာဖြစ်ပြီး အသက် ၁၁ နှစ်မှာ သူ့ရဲ့ထူးချွန်မှုကြောင့် အကယ်ဒမီမှာ ဆက်နေခွင့်ရကာ အခုလိုအခြေအနေရောက်လာတာဖြစ်ပါတယ်။

သူက”ကျွန်တော်နဲ့ မန်ယူအကြား ပတ်သက်ဆက်နွယ်မှုက အသင်းကြီးမှာနေရာစ ရလာတဲ့ အရင် ၅ နှစ်က ဆိုတဲ့အတိုင်းအတာထက်အများကြီးပိုပြီး ကစားသမားဘဝတစ်လျှောက်လုံးနဲ့ သက်ဆိုင်တာပါ။ ကျွန်တော့်အတွက်တော့ မန်ယူကိုကျော်ပြီးကြည့်ရမယ့်အသင်းလည်း မရှိပါဘူး။

ကလေးဘဝကထဲကလည်း အခြားအသင်းအကြောင်းတွေက ကျွန်တော့်စိတ်ထဲကို လုံးဝရောက်လာခဲ့ခြင်းလည်း မရှိပါဘူး။ ပြိုင်ဘက်တွေရဲ့ အင်္ကျီဝတ်ဖို့ဆိုတာ ဘယ်လိုမှလည်းသင့်လျော်မှာ မဟုတ်ပါဘူး။ လက်ရှိအသင်းအတွက်ဘဲ တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပေးချင်တာကြောင့် ဒီမှာအကြာကြီးဆက်နေရမယ်လို့လည်း မျှော်လင့်မိပါတယ်” လို့ ပြောသွားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အောက်တိုဘာလအတွင်းက ဘုရင်မကြီးပေးအပ်တဲ့ MBE ဘွဲ့အပြင် မကြာသေးခင်ကလည်း British Sports Award မှာသူ့ရဲ့လူမှုရေးလုပ်ဆောင်ချက်တွေအတွက် Sport for Social Change ဆုကိုရရှိခဲ့ပါသေးတယ်။

မန်ယူဟာ စနေနေ့မှာ မန်စီးတီးနဲ့ အိမ်ကွင်းတွေ့ဆုံမှာဖြစ်ပြီး လိုက်ပ်ဇစ်ကိုရှုံးပြီး ချန်ပီယံလိဂ်ကနေထွက်ခဲ့ရမှုကို ကုစားဖို့ရည်ရွယ်နေတဲ့ နည်းပြဆိုးလ်ရှားအတွက် သူ့စကားတွေက အားဆေးတစ်ခွက်ဖြစ် တယ်လို့လည်း ဆိုကြပါတယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူမွာဘဲ ကစားသမားဘဝတစ္ေလွ်ာက္လုံးေနခ်င္တာလို႔ ရက္ရွ္ဖို႔ဒ္ေျပာ

မန္ယူအသင္းတိုက္စစ္မႉး မားကက္စ္ရက္ရွ္ဖို႔ဒ္က သူ႔ရဲ႕ကစားသမားဘဝကို မန္ယူနဲ႔ဘဲကုန္ဆုံးလိုတယ္လို႔ ေျပာလိုက္ပါတယ္။ အသက္ ၂၃ ႏွစ္ရွိတဲ့ ရက္ရွ္ဖို႔ဒ္ဟာ မန္ယူအကယ္ဒမီကေန ေပၚထြက္လာသူျဖစ္ၿပီး လက္ရွိမွာအေရးပါတဲ့ တိုက္စစ္မႉးအျဖစ္ရပ္တည္ေနပါတယ္။ သူဟာ အဂၤလန္လက္ေ႐ြးစင္လည္း ျဖစ္တဲ့အျပင္ ကေလးေတြအတြက္သူ႔ရဲ႕အက်ိဳးျပဳလႈပ္ရွားမႈေတြေၾကာင့္ ၿဗိတိန္ဘုရင္မႀကီးရဲ႕ သူေကာင္းျပဳမႈကိုလည္း ခံထားရသူျဖစ္ပါတယ္။ သူ႔ကိုဘာစီလိုနာအသင္းက ေခၚယူဖို႔စိတ္ဝင္စားခဲ့ေသး တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ရက္ရွ္ဖို႔ဒ္ကေတာ့ မန္ယူရဲ႕ၿပိဳင္ဘက္ေတြရဲ႕ အက်ႌကိုဝတ္ဖို႔ဆိုတာ သူ႔ေခါင္းထဲမွာလုံးဝမရွိဘူးလို႔ ေျပာသြားပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ မန္ယူကိုအသက္ ၆ ႏွစ္သားကတည္းကေရာက္ရွိေနတာျဖစ္ၿပီး အသက္ ၁၁ ႏွစ္မွာ သူ႔ရဲ႕ထူးခြၽန္မႈေၾကာင့္ အကယ္ဒမီမွာ ဆက္ေနခြင့္ရကာ အခုလိုအေျခအေနေရာက္လာတာျဖစ္ပါတယ္။ သူက”ကြၽန္ေတာ္နဲ႔ မန္ယူအၾကား ပတ္သက္ဆက္ႏြယ္မႈက အသင္းႀကီးမွာေနရာစ ရလာတဲ့ အရင္ ၅ ႏွစ္က ဆိုတဲ့အတိုင္းအတာထက္အမ်ားႀကီးပိုၿပီး ကစားသမားဘဝတစ္ေလွ်ာက္လုံးနဲ႔ သက္ဆိုင္တာပါ။ ကြၽန္ေတာ့္အတြက္ေတာ့ မန္ယူကိုေက်ာ္ၿပီးၾကည့္ရမယ့္အသင္းလည္း မရွိပါဘူး။ ကေလးဘဝကထဲကလည္း အျခားအသင္းအေၾကာင္းေတြက ကြၽန္ေတာ့္စိတ္ထဲကို လုံးဝေရာက္လာခဲ့ျခင္းလည္း မရွိပါဘူး။ ၿပိဳင္ဘက္ေတြရဲ႕ အက်ႌဝတ္ဖို႔ဆိုတာ ဘယ္လိုမွလည္းသင့္ေလ်ာ္မွာ မဟုတ္ပါဘူး။ လက္ရွိအသင္းအတြက္ဘဲ တတ္ႏိုင္သေလာက္ အေကာင္းဆုံးႀကိဳးစားေပးခ်င္တာေၾကာင့္ ဒီမွာအၾကာႀကီးဆက္ေနရမယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္” လို႔ ေျပာသြားပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ေအာက္တိုဘာလအတြင္းက ဘုရင္မႀကီးေပးအပ္တဲ့ MBE ဘြဲ႕အျပင္ မၾကာေသးခင္ကလည္း British Sports Award မွာသူ႔ရဲ႕လူမႈေရးလုပ္ေဆာင္ခ်က္ေတြအတြက္ Sport for Social Change ဆုကိုရရွိခဲ့ပါေသးတယ္။ မန္ယူဟာ စေနေန႔မွာ မန္စီးတီးနဲ႔ အိမ္ကြင္းေတြ႕ဆုံမွာျဖစ္ၿပီး လိုက္ပ္ဇစ္ကိုရႈံးၿပီး ခ်န္ပီယံလိဂ္ကေနထြက္ခဲ့ရမႈကို ကုစားဖို႔ရည္႐ြယ္ေနတဲ့ နည္းျပဆိုးလ္ရွားအတြက္ သူ႔စကားေတြက အားေဆးတစ္ခြက္ျဖစ္ တယ္လို႔လည္း ဆိုၾကပါတယ္