မန်ယူမှာ စိတ်မပါသလိုကစားနေတဲ့ ပေါ့ဂ်ဘာကို အသင်းဘုတ်အဖွဲ့နဲ့ ဆိုးလ်ရှားပေါင်းပြီး ဇောင်းထလို့မရအောင် လုပ်ထားတာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းရဲ့ လူငယ်စီမံကိန်းကထွက်ပေါ်ခဲ့ပြီး ဂျူဗင်တပ်မှာ ကမ္ဘာ့အဆင့် ကွင်းလယ်လူတစ်ဦးဖြစ်ခဲ့တဲ့ ပေါ့ဂ်ဘာကို မန်ယူက ပေါင် ၈၉ သန်းနဲ့ ကမ္ဘာ့စံချိန် တင်ပေးပြီး ပြန်ခေါ်ခဲ့တာပါ။

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ့ဂ် ဘာဟာ မန်ယူအတွက် ဒီနှစ်ဘောလုံးရာသီအစောပိုင်းပွဲတွေမှာ ခြေစွမ်းမပြနိုင်ဘဲ ပွဲဦးထွက်ပဲလေ့စ်နဲ့ပွဲမှာ သူ့ရဲ့အမှားကနေ ဂိုးပေးလိုက်ရတဲ့အထိ ခြေစွမ်းက လည်း ကျနေခဲ့တာပါ။

ပိုဆိုးတာက ကွင်းထဲမှာ မန်ယူအတွက် လစာယူပေးတာနဲ့ တန်အောင် မကစားနိုင်သလို စိတ်ပါလက်ပါ မရှိဘူးလို့ မန်ယူပရိသတ်တွေက ဝေဖန်နေကြတဲ့အထိ ပေါ့ဂ်ဘာရဲ့အာရုံတွေက မန်ယူမှာမရှိပါဘူး။

သူဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ် ပြင်သစ်အတွက်ကစားနေတုန်း အင်တာဗျူးတစ်ခုမှာ ရီးရဲလ်မှာကစား ဖို့က သူ့အတွက် အိပ်မက်ပါပဲလို့ပြောဆိုခဲ့တာကြောင့် မန်ယူ အသင်း ရလဒ်မကောင်းဖြစ်နေတဲ့အချိန်မှာ အသင်းပြောင်းဖို့ စကားပြောထွက်တဲ့ သူ့ကို ပရိသတ်တွေက ပိုပြီးကြည့်မရဖြစ်ခဲ့ကြပါတယ်။

မန်ယူမှာ တစ်ပတ်လစာ ပေါင် ၃ သိန်းကျော်ရနေတဲ့ ပေါ့ဂ်ဘာကို အသင်းဘုတ်အဖွဲ့က ၂၀၂၂ အထိ စာ ချုပ်သက်တမ်းတိုးလိုက်တဲ့အတွက် သူဟာ လာမယ့်နွေရာသီဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်မရှိတော့သလို အခြားကလပ်အသင်းတွေ နဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ စာချုပ်ကိစ္စ စကားပြောလို့လည်းမရတော့ပါဘူး။

ဘုတ်အဖွဲ့ဘက်က ပေါ့ဂ်ဘာကို ချုပ်ကွက်သုံးလိုက်သလိုမျိုး ဆိုးလ်ရှားကလည်း ကွင်းထဲမှာ Lesson ပြန်ပေးခဲ့ပါတယ်။ အဲဒါကတော့ ကွင်းလယ်တိုက်စစ်အတွက် ဘရူနိုဖာနန်ဒက်စ်တစ်ယောက်တည်းကိုတည်ပြီး နောက်ချန်ကွင်းလယ်အဖျက် ကစားသမားတွေအဖြစ် တွန်မီနေးနဲ့ဖရက်ဒ်ကို တွဲသုံးခဲ့တာပါပဲ။

ပေါင် ၈၉ သန်း တန် ပေါ့ဂ်ဘာကို ဆိုးလ်ရှားဟာ နယူးကာဆယ်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့နဲ့ ၃ ပွဲ စလုံးမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုဘဲ ခေါက်ထားခဲ့ပါတယ်။

ဒီ ၃ ပွဲစလုံးမှာ မန်ယူက ရှုံးပွဲမရှိဘဲ ၂ ပွဲနိုင်၊ ၁ ပွဲသရေဖြစ်ခဲ့တဲ့အတွက် မန်ယူကွင်းလယ်မှာ ပေါ့ဂ်ဘာရဲ့နေရာကို သုံးစရာမလိုအောင် ဆိုးလ်ရှား ပြသခဲ့တဲ့သဘောပါပဲ။

အရန်ခုံမှာ ဗန်ဒီဘိခ်၊ မာတစ်တို့လည်းရှိသေးတဲ့အတွက် ရှေ့လာမယ့်ပွဲစဉ်တွေမှာ ပေါ့ဂ်ဘာတစ်ယောက် ဖာနန်ဒက်စ်နဲ့ တွဲကစားနိုင်ဖို့ မ သေချာတော့ပါဘူး။ အသင်းဘုတ်အဖွဲ့က ပေါ့ဂ်ဘာ ထွက်ချင်တိုင်းထွက်လို့မရ အောင် ချုပ်ခဲ့သလို ဆိုးလ်ရှားကလည်း အသင်းအတွက် စိတ်မပါသလိုကစားနေ တဲ့ ပေါ့ဂ်ဘာကို Lesson ပြန်ပေးခဲ့တယ်လို့ ထင်ပါတယ်။
အခုဆိုရင် မန်ယူကွင်း လယ်မှာ ဖာနန်ဒက်စ်ကိုတည်ပြီး တွန်မီနေး-ဖရက်ဒ်အတွဲက အဓိကအသက်အ ဖြစ် ဆိုးလ်ရှားက ယူဆနိုင်ခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူမွာ စိတ္မပါသလိုကစားေနတဲ့ ေပါ့ဂ္ဘာကို အသင္းဘုတ္အဖြဲ႕နဲ႔ ဆိုးလ္ရွားေပါင္းၿပီး ေဇာင္းထလို႔မရေအာင္ လုပ္ထားတာလား

မန္ယူအသင္းရဲ႕ လူငယ္စီမံကိန္းကထြက္ေပၚခဲ့ၿပီး ဂ်ဴဗင္တပ္မွာ ကမာၻ႔အဆင့္ ကြင္းလယ္လူတစ္ဦးျဖစ္ခဲ့တဲ့ ေပါ့ဂ္ဘာကို မန္ယူက ေပါင္ ၈၉ သန္းနဲ႔ ကမာၻ႔စံခ်ိန္ တင္ေပးၿပီး ျပန္ေခၚခဲ့တာပါ။

ျပင္သစ္အသင္းနဲ႔အတူ ကမာၻ႔ခ်န္ပီယံျဖစ္ခဲ့တဲ့ ေပါ့ဂ္ ဘာဟာ မန္ယူအတြက္ ဒီႏွစ္ေဘာလံုးရာသီအေစာပိုင္းပဲြေတြမွာ ေျခစြမ္းမျပႏိုင္ဘဲ ပြဲဦးထြက္ပဲေလ့စ္နဲ႔ပြဲမွာ သူ႕ရဲ႕အမွားကေန ဂိုးေပးလိုက္ရတဲ့အထိ ေျခစြမ္းက လည္း က်ေနခဲ့တာပါ။

ပိုဆိုးတာက ကြင္းထဲမွာ မန္ယူအတြက္ လစာယူေပးတာနဲ႔ တန္ေအာင္ မကစားႏိုင္သလို စိတ္ပါလက္ပါ မရွိဘူးလို႔ မန္ယူပရိသတ္ေတြက ေ၀ဖန္ေနၾကတဲ့အထိ ေပါ့ဂ္ဘာရဲ႕အာရုံေတြက မန္ယူမွာမရွိပါဘူး။

သူဟာ ၿပီးခဲ့တဲ့ ေနးရွင္းလိဂ္ ျပင္သစ္အတြက္ကစားေနတုန္း အင္တာဗ်ဴးတစ္ခုမွာ ရီးရဲလ္မွာကစား ဖို႔က သူ႕အတြက္ အိပ္မက္ပါပဲလို႔ေျပာဆိုခဲ့တာေၾကာင့္ မန္ယူ အသင္း ရလဒ္မေကာင္းျဖစ္ေနတဲ့အခ်ိန္မွာ အသင္းေျပာင္းဖို႔ စကားေျပာထြက္တဲ့ သူ႕ကို ပရိသတ္ေတြက ပိုၿပီးၾကည့္မရျဖစ္ခဲ့ၾကပါတယ္။

မန္ယူမွာ တစ္ပတ္လစာ ေပါင္ ၃ သိန္းေက်ာ္ရေနတဲ့ ေပါ့ဂ္ဘာကို အသင္းဘုတ္အဖြဲ႕က ၂၀၂၂ အထိ စာ ခ်ဳပ္သက္တမ္းတုိးလိုက္တဲ့အတြက္ သူဟာ လာမယ့္ေႏြရာသီေစ်းကြက္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္မရွိေတာ့သလို အျခားကလပ္အသင္းေတြ နဲ႔ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ စာခ်ဳပ္ကိစၥ စကားေျပာလို႔လည္းမရေတာ့ပါဘူး။

ဘုတ္အဖြဲ႕ဘက္က ေပါ့ဂ္ဘာကို ခ်ဳပ္ကြက္သံုးလိုက္သလိုမ်ဳိး ဆိုးလ္ရွားကလည္း ကြင္းထဲမွာ Lesson ျပန္ေပးခဲ့ပါတယ္။ အဲဒါကေတာ့ ကြင္းလယ္တုိက္စစ္အတြက္ ဘရူႏိုဖာနန္ဒက္စ္တစ္ေယာက္တည္းကိုတည္ၿပီး ေနာက္ခ်န္ကြင္းလယ္အဖ်က္ ကစားသမားေတြအျဖစ္ တြန္မီေနးနဲ႔ဖရက္ဒ္ကို တြဲသံုးခဲ့တာပါပဲ။

ေပါင္ ၈၉ သန္း တန္ ေပါ့ဂ္ဘာကို ဆိုးလ္ရွားဟာ နယူးကာဆယ္၊ ပီအက္စ္ဂ်ီ၊ ခ်ဲလ္ဆီးတို႔နဲ႔ ၃ ပြဲ စလံုးမွာ ပြဲထြက္ကစားသမားအျဖစ္ အသံုးမျပဳဘဲ ေခါက္ထားခဲ့ပါတယ္။
ဒီ ၃ ပြဲစလံုးမွာ မန္ယူက ရံႈးပြဲမရွိဘဲ ၂ ပဲြႏိုင္၊ ၁ ပြဲသေရျဖစ္ခဲ့တဲ့အတြက္ မန္ယူကြင္းလယ္မွာ ေပါ့ဂ္ဘာရဲ႕ေနရာကို သံုးစရာမလိုေအာင္ ဆိုးလ္ရွား ျပသခဲ့တဲ့သေဘာပါပဲ။
အရန္ခံုမွာ ဗန္ဒီဘိခ္၊ မာတစ္တို႔လည္းရွိေသးတဲ့အတြက္ ေရွ႕လာမယ့္ပြဲစဥ္ေတြမွာ ေပါ့ဂ္ဘာတစ္ေယာက္ ဖာနန္ဒက္စ္နဲ႔ တြဲကစားႏိုင္ဖို႔ မ ေသခ်ာေတာ့ပါဘူး။ အသင္းဘုတ္အဖြဲ႕က ေပါ့ဂ္ဘာ ထြက္ခ်င္တိုင္းထြက္လို႔မရ ေအာင္ ခ်ဳပ္ခဲ့သလို ဆိုးလ္ရွားကလည္း အသင္းအတြက္ စိတ္မပါသလိုကစားေန တဲ့ ေပါ့ဂ္ဘာကို Lesson ျပန္ေပးခဲ့တယ္လုိ႔ ထင္ပါတယ္။
အခုဆုိရင္ မန္ယူကြင္း လယ္မွာ ဖာနန္ဒက္စ္ကိုတည္ၿပီး တြန္မီေနး-ဖရက္ဒ္အတြဲက အဓိကအသက္အ ျဖစ္ ဆိုးလ္ရွားက ယူဆႏိုင္ခဲ့ပါၿပီ။