“ဗန်ဒီဘိခ် ယူနိုက်တက်မှာအောင်မြင်မှာသေချာပါတယ်။ ဒါပေမယ့်အချိန်ခဏတော့စောင့်ရအုံးမယ်”လို့ ပြောလိုက်တဲ့ ဆိုလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကွင်းလယ်လူဗန်ဒီဘိခ်ရဲ့အချိန်ရောက်လာလိမ့်မယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက အခိုင်အမာဆိုလိုက်ပြီး အဲဒီနယ်သာလန်လက်ရွေးစင်ဟာ မန်ယူမှာ အောင်မြင်မှာလို့လည်း ထောက်ခံပြောကြားလိုက်ပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အေဂျက်ကနေ ရောက်လာပေမယ့် အခုချိန်ထိ အိုးလ်ထရက်ဖို့ဒ်မှာ ပုံမှန်နေရာမရသေးတဲ့သူ ဖြစ်ပါတယ်။

သူဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၁၀ ပွဲသာ ကစားရသေးပြီး အဲဒီထဲမှာ ပွဲထွက်ဆိုလို့ ၂ ပွဲသာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ ချန်ပီယံလိဂ်နဲ့ကာရာဘောင်းဖလားတို့မှာ ၃ ကြိမ် ပွဲထက်ခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ၂၅၁ မိနစ်သာ ကစားခွင့်ရသေးတာပါ။

ဒါကြောင့် ဆန်ချိုနဲ့ဂရီယာလစ်ရှ်တို့အစား ဗန်ဒီဘိခ်ကိုခေါ်ယူခဲ့တဲ့ မန်ယူရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့လည်း ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ဆိုးလ်ရှားကတော့ ခက်ခဲတဲ့မန်ယူကစားသမားဘဝအစကြုံတွေ့ခဲ့ရတဲ့ ဖရက်ဒ်နဲ့လင်ဒီလော့ဖ်တို့လို ဗန်ဒီဘိခ်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

”အခွင့်အရေးရတယ်ဆိုတာနဲ့ ဗန်ဒီဘိခ်ဟာ ကောင်းကောင်းကစားနိုင်သူပါ။ သိပ်ကစားခွင့်မရတာနဲ့ ကျရှုံးမှုတစ်ခုလို့ ပြောနေကြတာဟာ စောလွန်းတယ်လို့ ထင်ပါတယ်”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ဆက်လက်ပြီး ဆိုးလ်ရှားက”အချိန်ယူခဲ့ရပြီး အခုတော့ အရမ်းကိုအရေးပါသူတွေဖြစ်နေကြတဲ့ ဖရက်ဒ်နဲ့လင်ဒီလော့ဖ်တို့ဟာ ဥပမာကောင်းတွေပါ။ ဗန်ဒီဘိခ်လည်း အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒ့ါအပြင် ဆိုးလ်ရှားက”ကျွန်တော့်ကွင်းလယ်မှာက ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ မာတစ်၊ တွမ်မီနေး၊ ဖရက်ဒ်၊ မာတာ၊ လင်ဂတ်တို့နဲ့ ရွေးချယ်စရာတွေ များလွန်းလှတယ်။ သူကတော့ အမြဲအဆင်သင့်ဖြစ်နေတတ်တာပါ။ လာမယ့်နှစ်မှာ ပိုပိုပြီးအခွင့်အရေးရလာမှာပါ”လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

“ဗန္ဒီဘိခ္ ယူႏိုက္တက္မွာေအာင္ျမင္မွာေသခ်ာပါတယ္။ ဒါေပမယ့္အခ်ိန္ခဏေတာ့ေစာင့္ရအုံးမယ္”လို႔ ေျပာလိုက္တဲ့ ဆိုလ္ရွား

ကြင္းလယ္လူဗန္ဒီဘိခ္ရဲ႕အခ်ိန္ေရာက္လာလိမ့္မယ္လို႔ မန္ယူနည္းျပဆုိးလ္ရွားက အခိုင္အမာဆုိလုိက္ၿပီး အဲဒီနယ္သာလန္လက္ေရြးစင္ဟာ မန္ယူမွာ ေအာင္ျမင္မွာလုိ႔လည္း ေထာက္ခံေျပာၾကားလုိက္ပါတယ္။ ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ေအဂ်က္ကေန ေရာက္လာေပမယ့္ အခုခ်ိန္ထိ အိုးလ္ထရက္ဖို႔ဒ္မွာ ပုံမွန္ေနရာမရေသးတဲ့သူ ျဖစ္ပါတယ္။ သူဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ၁၀ ပြဲသာ ကစားရေသးၿပီး အဲဒီထဲမွာ ပြဲထြက္ဆုိလုိ႔ ၂ ပြဲသာ ပါ၀င္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာ ခ်န္ပီယံလိဂ္နဲ႔ကာရာေဘာင္းဖလားတုိ႔မွာ ၃ ႀကိမ္ ပြဲထက္ခြင့္ရခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ၂၅၁ မိနစ္သာ ကစားခြင့္ရေသးတာပါ။ ဒါေၾကာင့္ ဆန္ခ်ိဳနဲ႔ဂရီယာလစ္ရွ္တုိ႔အစား ဗန္ဒီဘိခ္ကိုေခၚယူခဲ့တဲ့ မန္ယူရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လုိ႔လည္း ေ၀ဖန္ေမးခြန္းထုတ္မႈေတြ ရွိခဲ့ပါတယ္။ ဒါေပမဲ့လည္း ဆုိးလ္ရွားကေတာ့ ခက္ခဲတဲ့မန္ယူကစားသမားဘ၀အစႀကဳံေတြ႕ခဲ့ရတဲ့ ဖရက္ဒ္နဲ႔လင္ဒီေလာ့ဖ္တို႔လို ဗန္ဒီဘိခ္လုပ္ႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။

”အခြင့္အေရးရတယ္ဆိုတာနဲ႔ ဗန္ဒီဘိခ္ဟာ ေကာင္းေကာင္းကစားႏိုင္သူပါ။ သိပ္ကစားခြင့္မရတာနဲ႔ က်ရႈံးမႈတစ္ခုလုိ႔ ေျပာေနၾကတာဟာ ေစာလြန္းတယ္လုိ႔ ထင္ပါတယ္”လုိ႔ ဆိုးလ္ရွားက ဆုိပါတယ္။ဆက္လက္ၿပီး ဆိုးလ္ရွားက”အခ်ိန္ယူခဲ့ရၿပီး အခုေတာ့ အရမ္းကိုအေရးပါသူေတြျဖစ္ေနၾကတဲ့ ဖရက္ဒ္နဲ႔လင္ဒီေလာ့ဖ္တုိ႔ဟာ ဥပမာေကာင္းေတြပါ။ ဗန္ဒီဘိခ္လည္း အဲဒီလုိပဲ ျဖစ္ပါလိမ့္မယ္”လုိ႔ ေျပာပါတယ္။

ဒ့ါအျပင္ ဆုိးလ္ရွားက”ကၽြန္ေတာ့္ကြင္းလယ္မွာက ဖာနန္ဒက္စ္၊ ေပါ့ဂ္ဘာ၊ မာတစ္၊ တြမ္မီေနး၊ ဖရက္ဒ္၊ မာတာ၊ လင္ဂတ္တုိ႔နဲ႔ ေရြးခ်ယ္စရာေတြ မ်ားလြန္းလွတယ္။ သူကေတာ့ အၿမဲအဆင္သင့္ျဖစ္ေနတတ္တာပါ။ လာမယ့္ႏွစ္မွာ ပိုပိုၿပီးအခြင့္အေရးရလာမွာပါ”လုိ႔ ဆုိခဲ့ပါတယ္။