မန်ယူမှာ သူဟာ လုံလောက်တဲ့အချိန်ပေးခံရခြင်းမရှိဘူးလို့ ခံစားနေရတဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းဟောင်းမန်ယူမှာ သူ့ရဲ့စီမံကိန်းအတွက် လုံလောက်တဲ့အချိန်ပေးခံရခြင်းမရှိဘူးလို့ခံစားခဲ့ရပြီးနောက် မော်ရင်ဟိုဟာ လက်ရှိအသင်းစပါးမှာတော့ ရှည်ကြာစွာသူရှိနေနိုင်မယ်လို့ ယုံကြည်နေပါတယ်။

မကြာသေးခင်ကပဲ စပါးနည်းပြဘ၀ တစ်နှစ်ပြည့်သွားခဲ့တဲ့မော်ရင်ဟိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာတော့ အဲဒီလန်ဒန်ကလပ်ကို ဇယားထိပ်ဆုံးကနေ ဦးဆောင်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။

ဗုဒ္ဓဟူူးညပွဲတွေမတိုင်ခင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ စပါးဟာ လက်ရှိချန်ပီယံလီဗာပူးနဲ့ရမှတ်တူဖြစ်နေပေမယ့် ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နိုင်နေတာဖြစ်ပြီး သူတို့ထိပ်ဆုံးနှစ်သင်းဟာ ဒီကနေ့ညမှာ ရင်ဆိုင်တွေ့ကြမှာပါ။

မော်ရင်ဟိုဟာ သူ ၂ နှစ်ခွဲကြာကိုင်တွယ်ခဲ့တဲ့ မန်ယူကနေ ထုတ်ပယ်ခံခဲ့ရပြီး ၁၁ လအကြာမှာပဲ စပါးကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

နည်းပြဘဝအစောပိုင်းမှာ အသင်းပေါင်းများစွာနဲ့  လျင်မြန်တဲ့အောင်မြင်မှုတွေရရှိခဲ့ပြီးနောက် မော်ရင်ဟိုက မန်ယူဟာ ရေရှည်စီမံကိန်းတစ်ခုဖြစ်ပြီး အဲဒါဟာ သူထုတ်ပယ်ခံရမှုနဲ့အတူ မပြီးပြတ်ဖြစ်ခဲ့ကြောင်း ဆိုလိုက်တာပါ။

”ကျွန်တော့်နည်းပြဘဝရဲ့ကာလတစ်ခုမှာ အသင်းတစ်သင်းလက်ထဲရောက်လာတာနဲ့ အောင်မြင်မှုရဖို့ အချိန်အများကြီး မလိုအပ်ခဲ့ပါဘူး။ အဲဒါကို ပေါ်တို၊ အင်တာ၊ ရီးရဲလ်၊ ချဲလ်ဆီးနဲ့ဆို နှစ်ကြိမ် လုပ်နိုင်ခဲ့တာပါ။ အချိန်လိုအပ်တယ်လို့ ကျွန်တော်ခံစားရပြီး လုံလောက်တဲ့အချိန်ပေးခံရခြင်းမရှိတဲ့ ပထမဆုံးကလပ်က မန်ယူပါ”လို့ မော်ရင်ဟိုဖွင့်ဟခဲ့တာပါ။

ဆက်လက်ပြီး မော်ရင်ဟိုက”ဘာကြောင့်လဲဆိုတော့ စီမံကိန်းရဲ့တစ်ဝက်တစ်ပျက်မှာပဲ ကျွန်တော်ထွက်ခဲ့ရတယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားပါတယ်။ ကလပ်တွေက ထွက်ချိန်မှာ ကျွန်တော်ဟာ အားလုံးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကို ဆက်ထိန်းပါတယ်။ ယူနိုက်တက်က အဲဒါရဲ့နောက်ထပ်နမူနာတစ်ခုပေါ့”လို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုဟာ နည်းပြသက်တမ်းအနေနဲ့ နှစ် ၂၀ ကျော်ရှိပြီဖြစ်သလို အသက်အရွယ်ကလည်း ၅၇ ရှိလာပြီး လက်ရှိစပါးမှာ ပိုရှည်ကြာစွာရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူမွာ သူဟာ လုံေလာက္တဲ့အခ်ိန္ေပးခံရျခင္းမရွိဘူးလို႔ ခံစားေနရတဲ့ ေမာ္ရင္ဟို

အသင္းေဟာင္းမန္ယူမွာ သူ႔ရဲ႕စီမံကိန္းအတြက္ လုံေလာက္တဲ့အခ်ိန္ေပးခံရျခင္းမရွိဘူးလို႔ခံစားခဲ့ရၿပီးေနာက္ ေမာ္ရင္ဟိုဟာ လက္ရွိအသင္းစပါးမွာေတာ့ ရွည္ၾကာစြာသူရွိေနႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။ မၾကာေသးခင္ကပဲ စပါးနည္းျပဘ၀ တစ္ႏွစ္ျပည့္သြားခဲ့တဲ့ေမာ္ရင္ဟိုဟာ ဒီရာသီပရီးမီးယားလိဂ္မွာေတာ့ အဲဒီလန္ဒန္ကလပ္ကို ဇယားထိပ္ဆုံးကေန ဦးေဆာင္ႏိုင္ေအာင္ စြမ္းေဆာင္ေပးထားပါတယ္။

ဗုဒၶဟူူးညပြဲေတြမတိုင္ခင္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ စပါးဟာ လက္ရွိခ်န္ပီယံလီဗာပူးနဲ႔ရမွတ္တူျဖစ္ေနေပမယ့္ ဂိုးကြာျခားခ်က္အသာနဲ႔ ဦးေဆာင္ႏိုင္ေနတာျဖစ္ၿပီး သူတို႔ထိပ္ဆုံးႏွစ္သင္းဟာ ဒီကေန႔ညမွာ ရင္ဆိုင္ေတြ႕ၾကမွာပါ။ ေမာ္ရင္ဟိုဟာ သူ ၂ ႏွစ္ခြဲၾကာကိုင္တြယ္ခဲ့တဲ့ မန္ယူကေန ထုတ္ပယ္ခံခဲ့ရၿပီး ၁၁ လအၾကာမွာပဲ စပါးကို ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ နည္းျပဘဝအေစာပိုင္းမွာ အသင္းေပါင္းမ်ားစြာနဲ႔  လ်င္ျမန္တဲ့ေအာင္ျမင္မႈေတြရရွိခဲ့ၿပီးေနာက္ ေမာ္ရင္ဟိုက မန္ယူဟာ ေရရွည္စီမံကိန္းတစ္ခုျဖစ္ၿပီး အဲဒါဟာ သူထုတ္ပယ္ခံရမႈနဲ႔အတူ မၿပီးျပတ္ျဖစ္ခဲ့ေၾကာင္း ဆိုလိုက္တာပါ။

”ကြၽန္ေတာ့္နည္းျပဘဝရဲ႕ကာလတစ္ခုမွာ အသင္းတစ္သင္းလက္ထဲေရာက္လာတာနဲ႔ ေအာင္ျမင္မႈရဖို႔ အခ်ိန္အမ်ားႀကီး မလိုအပ္ခဲ့ပါဘူး။ အဲဒါကို ေပၚတို၊ အင္တာ၊ ရီးရဲလ္၊ ခ်ဲလ္ဆီးနဲ႔ဆို ႏွစ္ႀကိမ္ လုပ္ႏိုင္ခဲ့တာပါ။ အခ်ိန္လိုအပ္တယ္လို႔ ကြၽန္ေတာ္ခံစားရၿပီး လုံေလာက္တဲ့အခ်ိန္ေပးခံရျခင္းမရွိတဲ့ ပထမဆုံးကလပ္က မန္ယူပါ”လို႔ ေမာ္ရင္ဟိုဖြင့္ဟခဲ့တာပါ။

ဆက္လက္ၿပီး ေမာ္ရင္ဟိုက”ဘာေၾကာင့္လဲဆိုေတာ့ စီမံကိန္းရဲ႕တစ္ဝက္တစ္ပ်က္မွာပဲ ကြၽန္ေတာ္ထြက္ခဲ့ရတယ္လို႔ ခံစားရပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္ေလးစားပါတယ္။ ကလပ္ေတြက ထြက္ခ်ိန္မွာ ကြၽန္ေတာ္ဟာ အားလုံးနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးကို ဆက္ထိန္းပါတယ္။ ယူႏိုက္တက္က အဲဒါရဲ႕ေနာက္ထပ္နမူနာတစ္ခုေပါ့”လို႔ ေျပာခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ နည္းျပသက္တမ္းအေနနဲ႔ ႏွစ္ ၂၀ ေက်ာ္ရွိၿပီျဖစ္သလို အသက္အ႐ြယ္ကလည္း ၅၇ ရွိလာၿပီး လက္ရွိစပါးမွာ ပိုရွည္ၾကာစြာရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။