မန်ယူရဲ့ Come Back ပွဲဖြစ်မယ့်ဘက်ကရပ်တည်မယ်ဆိုရင် ၂၈/၁ အထိရမယ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီနေ့ည အိုးလ်ထရက်ဖို့ဒ်မှာ တွေ့ဆုံမယ့် မန်ယူနဲ့ မန်စီးတီးတို့ရဲ့မန်ချက်စတာ ဒါဘီပွဲမှာ မန်စီးတီးအနိုင်ရဖို့ ရေပန်းစားနေပေမယ့် မန်ယူရဲ့နာမည်ကျော် Come Back အမူအကျင့်ကြောင့် မန်စီးတီးကိုရှုံးပြီးမှ ပြန်အနိုင်ရမယ်ဆိုတဲ့ ကြေးဖွင့်လှစ်မှုတွေကိုပြုလုပ်နေတာ တွေ့ရပါတယ်။
ဆိုးလ်ရှားဟာ မန်ယူကိုတာဝန်ယူပြီးတဲ့နောက် ဂွာဒီယိုလာနဲ့ရင်ဆိုင်ရာမှာ မှတ်တမ်းတွေကောင်းမွန်ပြီး နောက်ဆုံးတွေ့ခဲ့တဲ့ ၅ ကြိမ်မှာ ၃ ကြိမ်နိုင်ထားပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဘွတ်ကီတွေရဲ့ကြေးဖွင့်မှုအရ မန်စီးတီးက နိုင်ဖို့ ပိုမိုရေပန်းစားနေပြီး ၃/၄ ဖွင့်လှစ်ထားပါတယ်။
မန်ယူနိုင်မယ့်ဘက်က ၁၇/၅ ဖြစ်ပြီး သရေကျမယ့်ဘက်က ၁၄/၅ ဖြစ်ပါတယ်။ မန်ယူဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆက်တိုက်ဆိုသလိုကောင်းခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်ကိုရှုံးပြီးနောက် ယူရိုပါလိဂ်ကိုရောက်သွားတာကြောင့် အသင်းရဲ့စိတ်ဓါတ်ပိုင်းကိုထိခိုက်စေခဲ့ပါတယ်။ မန်စီးတိးကတော့ချန်ပီယံလိဂ်နောက်ဆုံးပွဲစဉ်မှာ ပြိုင်ဘက်ကို (၃)ဂိုးပြတ်နဲ့အနိုင်ယူသွားခဲ့ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။ အသင်းနှစ်သင်းခြင်းလတ်တလောမှာ စိတ်ဓာတ်ပိုင်းအရ မန်စီးတီးကအသာစီးရနေပါတယ်။
ဒါကြောင့်လည်း မန်စီးတီးက ပိုမို ရေပန်းစားလာခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးမှာ အဂူရိုပြန်ပါလာမယ့်အပြင် ဒီဘရိုင်းနားကလည်း ခြေစွမ်းပြနေလို့ မန်စီးတီးအနိုင်ရမယ့်ဘက် ပိုပြီးအလေးပေးနေတာဖြစ်ပါတယ်။
ဒါပေမယ့် မန်ယူကလည်း သူတို့တွေဟာ Come Back King ဖြစ်နေဆဲဆိုတာကို အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်တို့နဲ့ပွဲတွေမှာ သက်သေပြထားလို့ မန်စီးတီးကိုရှုံးနေပြီးမှ ပြန်နိုင်မလားဆိုတဲ့ဘက်ကနေ ကြေးဖွင့်မှုရှိလာတာဖြစ်ပါတယ်။
မကြာသေးခင်က မန်ယူရဲ့ပွဲတွေကို ပြန်ကြည့်ရင် သူတို့ဟာဒုတိယပိုင်းမှာ ပိုပြီးကောင်းလာတယ်ဆိုတာကိုတွေ့ ခဲ့ရတာပါ။ ဒါပေမယ့် မန်စီးတီးဟာ မန်ယူရဲ့အထနှေးမှုကို ကောင်းကောင်းအခွင့်အရေးယူနိုင်တဲ့အသင်းဖြစ်လို့ မန်စီးတီးသာဦးဆောင်ဂိုးရရင် မန်ယူပြန်လာဖို့ သိပ်မလွယ်ပါဘူး။ ဒါကြောင့်လည်းမန်ယူရဲ့ Come Back ပွဲဖြစ်လာမယ်ဆိုတဲ့ဘက်က (ပထမပိုင်းရှုံးနေပြီး ဒုတိယပိုင်းပြန်နိုင်)အကျောပေးမှုဘက်က ၂၈/၁ ဖြစ်နေတာပါ။ သဘောကတော့ ၁ လေးလောင်းရင် ၂၈ လေးပြန်ရမယ်ဆိုတာပါဘဲ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi