မန်ယူရှုံးပေမယ့် ဗန်ဒီအတွက် ကစားသမားဘဝ အကြီးကျယ်ဆုံး နေ့တစ်နေ့ဖြစ်လာ

မန်ယူတွင်နေရာပျောက်ဆုံးနေတဲ့ဒွန်နီဗန်ဒီဘိခ်ဟာယနေ့ညတွင်အိုးထရက်ဖို့ဒ်ကွင်းမှာ

မြို့ခံပြိုင်ဘက်မန်စီးတီးအား၂-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာမန်ယူကစားသမားဘဝ

အကြီးကျယ်ဆုံးနေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

မန်ယူဟာမန်ချက်စတာဒါဘီပွဲစဉ်တွင်အဲရစ်ဘိုင်လီရဲ့ပွဲအစပိုင်း ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုး၊

ပထမပိုင်းပြီးခါနီးမှာဘာနာဒိုဆေးလ်ဗားသွင်းယူတဲ့ဂိုးတို့ကြောင့်၂-ဝဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

မန်ယူပရိသတ်များဟာပထမပိုင်းအပြီးတွင် ပွဲချိန်၄၅မိနစ်အတွင်းခြေစွမ်းပိုင်း

အလွန်ဆိုးရွားခဲ့တဲ့မန်ယူကစားသမားများကိုလှောင်ပြောင်အော်ဟစ်မှုပြုလုပ်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာပထမပိုင်းမှာကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ဘိုင်လီနေရာမှာဆန်ချိုကို

အစားထိုးထည့်သွင်းခဲ့ပေမယ့်လည်းမန်ယူပရိသတ်များဘက်ကကျေနပ်မှုမရှိခဲ့ပါဘူး။

မန်ယူပရိသတ်များဟာဒုတိယတစ်ဝက်လောက်မှာဗန်ဒီဘိခ်သွေးပူလေ့ကျင့်ခန်း

ပြုလုပ်ချိန်မှာတော့ဒတ်ချ်လက်ရွေးစင်ကစားသမားရဲ့အမည်ကိုသံပြိုင်အော်ဟစ်ပြီး

အားပေးမှုပြုလုပ်ခဲ့ကြပါတယ်။

ဗန်ဒီဘိခ်ဟာပွဲပြီးခါနီး၁၁မိနစ်အလိုမှာဖရက်အစား

လူစားဝင်ရောက်ကစားပြီးသူ့ရဲ့ယခုရာသီပရီးမီးယားလိဂ်မှာဒုတိယမြောက်ပွဲအဖြစ်

ဝင်ရောက်ကစားခဲ့ပါတယ်။သူဟာမန်စီးတီးနှင့်ပွဲမတိုင်မီပရီးမီးယားလိဂ်မှာ

၆မိနစ်တည်းသာကစားခွင့်ရထားပါတယ်။

ဗန်ဒီဘိခ်ဟာလူစားဝင်ရောက်ပြီးနောက်အထူးကြိုးစားအားထုတ်ခဲ့ပေမယ့်

ပွဲအဖြေပြောင်းလဲနိုင်မယ့်လုပ်ဆောင်မှုမျိုးမလုပ်ပြနိုင်ခဲ့ဘဲ၂-ဝဂိုးဖြင့်ပင်ရှုံးနိမ့်ခဲ့ပါတယ်။

zawgyi

မန္ယူရႈံးေပမယ့္ ဗန္ဒီအတြက္ ကစားသမားဘဝ အႀကီးက်ယ္ဆုံး ေန႔တစ္ေန႔ျဖစ္လာ

မန္ယူတြင္ေနရာေပ်ာက္ဆုံးေနတဲ့ဒြန္နီဗန္ဒီဘိခ္ဟာယေန႔ညတြင္အိုးထရက္ဖို႔ဒ္ကြင္းမွာ

ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအား၂-ဝဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာမန္ယူကစားသမားဘဝ

အႀကီးက်ယ္ဆုံးေန႔တစ္ေန႔ကိုပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

မန္ယူဟာမန္ခ်က္စတာဒါဘီပြဲစဥ္တြင္အဲရစ္ဘိုင္လီရဲ႕ပြဲအစပိုင္း ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုး၊

ပထမပိုင္းၿပီးခါနီးမွာဘာနာဒိုေဆးလ္ဗားသြင္းယူတဲ့ဂိုးတို႔ေၾကာင့္၂-ဝဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

မန္ယူပရိသတ္မ်ားဟာပထမပိုင္းအၿပီးတြင္ ပြဲခ်ိန္၄၅မိနစ္အတြင္းေျခစြမ္းပိုင္း

အလြန္ဆိုး႐ြားခဲ့တဲ့မန္ယူကစားသမားမ်ားကိုေလွာင္ေျပာင္ေအာ္ဟစ္မႈျပဳလုပ္ခဲ့ပါတယ္။

ဆိုးလ္ရွားဟာပထမပိုင္းမွာကိုယ့္ဂိုးကိုယ္သြင္းခဲ့တဲ့ဘိုင္လီေနရာမွာဆန္ခ်ိဳကို

အစားထိုးထည့္သြင္းခဲ့ေပမယ့္လည္းမန္ယူပရိသတ္မ်ားဘက္ကေက်နပ္မႈမရွိခဲ့ပါဘူး။

မန္ယူပရိသတ္မ်ားဟာဒုတိယတစ္ဝက္ေလာက္မွာဗန္ဒီဘိခ္ေသြးပူေလ့က်င့္ခန္း

ျပဳလုပ္ခ်ိန္မွာေတာ့ဒတ္ခ်္လက္ေ႐ြးစင္ကစားသမားရဲ႕အမည္ကိုသံၿပိဳင္ေအာ္ဟစ္ၿပီး

အားေပးမႈျပဳလုပ္ခဲ့ၾကပါတယ္။ ဗန္ဒီဘိခ္ဟာပြဲၿပီးခါနီး၁၁မိနစ္အလိုမွာဖရက္အစား

လူစားဝင္ေရာက္ကစားၿပီးသူ႔ရဲ႕ယခုရာသီပရီးမီးယားလိဂ္မွာဒုတိယေျမာက္ပြဲအျဖစ္

ဝင္ေရာက္ကစားခဲ့ပါတယ္။သူဟာမန္စီးတီးႏွင့္ပြဲမတိုင္မီပရီးမီးယားလိဂ္မွာ

၆မိနစ္တည္းသာကစားခြင့္ရထားပါတယ္။

ဗန္ဒီဘိခ္ဟာလူစားဝင္ေရာက္ၿပီးေနာက္အထူးႀကိဳးစားအားထုတ္ခဲ့ေပမယ့္

ပြဲအေျဖေျပာင္းလဲႏိုင္မယ့္လုပ္ေဆာင္မႈမ်ိဳးမလုပ္ျပႏိုင္ခဲ့ဘဲ၂-ဝဂိုးျဖင့္ပင္ရႈံးနိမ့္ခဲ့ပါတယ္။