
မန်ယူဂန္ထဝင်ကစားသမားဘရိုင်ယန်ရော့ဘ်ဆင်ဟာမန်ယူသမိုင်းတစ်လျှောက်
အကောင်းဆုံးကျောနံပါတ်၇ပိုင်ရှင်ကိုရွေးချယ်လာပါတယ်။
ရော့ဘ်ဆင်ဟာအိုးထရက်ဖို့ဒ်တွင် Captain Marvel အမည်ဖြင့်
နာမည်ကြီးခဲ့သူဖြစ်ပြီးကလပ်ကိုအခက်အခဲကြားထဲမှာဆွဲတင်ကာ
ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ရအောင်ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ရော့ဘ်ဆင်ဟာမန်ယူကစားသမားများရဲ့မဲအဆုံးအဖြတ်ဖြင့်
ကလပ်သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ်
ရွေးချယ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမယ့်အသက်၆၄နှစ်ရှိ
ရော့ဘ်ဆင်ဟာကိုယ်တိုင်ကျောနံပါတ် ၇ကိုဝတ်ဆင်ခဲ့ပေမယ့်
မန်ယူသမိုင်းတစ်လျှောက်အကောင်းဆုံးကျောနံပါတ်၇ကစားသမားစာရင်းမှာ
သူကိုယ်သူထိပ်ဆုံး၃ဦးစာရင်းမှာတောင်မထည့်သွင်းခဲ့ပါဘူး။
ရော့ဘ်ဆင်ကမန်ယူသမိုင်းတစ်လျှောက်အကောင်းဆုံးကျောနံပါတ်၇ပိုင်ရှင်အဖြစ်
လက်ရှိဝတ်ဆင်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုရွေးချယ်သွားခဲ့ပါတယ်။
မန်ယူအသင်းခေါင်းဆောင်ဟောင်းက “ခရစ္စတီယာနိုရော်နယ်ဒိုပါ။
မေးစရာတောင်မလိုပါဘူး။ နံပါတ် ၂ ကအဲရစ်ကန်တိုနာပါ။အရမ်းအရေးပါတဲ့
ကာလမှာကလပ်သို့သူဟာအင်မတန်ကြီးကျယ်တာတွေယူဆောင်လာခဲ့ပါတယ်။
နံပါတ်၃ကဂျော့ဘတ်စ်။ ကျောနံပါတ်၇ဝတ်ဆင်သူတွေထဲမှာမှော်ဆန်တဲ့သူပါ။
နံပါတ်၄ကရော့ဘ်ဆင်။ကျွန်တော်ဖြစ်မယ်ထင်တယ်။နံပါတ်၅ကစတီဗင်ကော့ဝဲလ်။
ဆိုးရွားတဲ့ဒဏ်ရာမရခင်တဲ့အထိသူကတကယ့်ကိုကောင်းတဲ့ကစားသမားပါ။
နံပါတ်၇ကဒေးဗစ်ဘက်ဟမ်းပါ။မန်ချက်စတာ၊အင်္ဂလိပ်နဲ့ကမ္ဘာ့ဘောလုံးလောကအတွက်
သူလုပ်ပေးခဲ့တာတွေအတွက်ရွေးချယ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူတွင်ပထမအကြိမ်ကစားခဲ့စဉ်တုန်းက
ပရီးမီးယားလိဂ်ဖလား၃ကြိမ်နှင့်ချန်ပီယံလိဂ်၁ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့အပြင်
Ballon d’Or ဆုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာနွေရာသီတွင်မန်ယူသို့တကျော့ပြန်ရောက်လာပြီးနောက်အကောင်းဆုံးပုံစံဖြင့်
ဆက်လက်ကစားနေပြီး၁၂ပွဲတွင်၉ဂိုးသွင်းယူထားနိုင်ပါတယ်။
zawgyi
မန္ယူသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးေက်ာနံပါတ္ ၇ ကစားသမားကိုေ႐ြးခ်ယ္လာတဲ့ မန္ယူဂႏၴဝင္ကစားသမားဘ႐ိုင္ယန္ေရာ့ဘ္ဆင္
မန္ယူဂႏၴဝင္ကစားသမားဘ႐ိုင္ယန္ေရာ့ဘ္ဆင္ဟာမန္ယူသမိုင္းတစ္ေလွ်ာက္
အေကာင္းဆုံးေက်ာနံပါတ္၇ပိုင္ရွင္ကိုေ႐ြးခ်ယ္လာပါတယ္။
ေရာ့ဘ္ဆင္ဟာအိုးထရက္ဖို႔ဒ္တြင္ Captain Marvel အမည္ျဖင့္
နာမည္ႀကီးခဲ့သူျဖစ္ၿပီးကလပ္ကိုအခက္အခဲၾကားထဲမွာဆြဲတင္ကာ
ပရီးမီးယားလိဂ္ဖလားႏွစ္ႀကိမ္ရေအာင္ဦးေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။
ေရာ့ဘ္ဆင္ဟာမန္ယူကစားသမားမ်ားရဲ႕မဲအဆုံးအျဖတ္ျဖင့္
ကလပ္သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားအျဖစ္
ေ႐ြးခ်ယ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။ဒါေပမယ့္အသက္၆၄ႏွစ္ရွိ
ေရာ့ဘ္ဆင္ဟာကိုယ္တိုင္ေက်ာနံပါတ္ ၇ကိုဝတ္ဆင္ခဲ့ေပမယ့္
မန္ယူသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးေက်ာနံပါတ္၇ကစားသမားစာရင္းမွာ
သူကိုယ္သူထိပ္ဆုံး၃ဦးစာရင္းမွာေတာင္မထည့္သြင္းခဲ့ပါဘူး။
ေရာ့ဘ္ဆင္ကမန္ယူသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးေက်ာနံပါတ္၇ပိုင္ရွင္အျဖစ္
လက္ရွိဝတ္ဆင္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေ႐ြးခ်ယ္သြားခဲ့ပါတယ္။
မန္ယူအသင္းေခါင္းေဆာင္ေဟာင္းက “ခရစၥတီယာႏိုေရာ္နယ္ဒိုပါ။
ေမးစရာေတာင္မလိုပါဘူး။ နံပါတ္ ၂ ကအဲရစ္ကန္တိုနာပါ။အရမ္းအေရးပါတဲ့
ကာလမွာကလပ္သို႔သူဟာအင္မတန္ႀကီးက်ယ္တာေတြယူေဆာင္လာခဲ့ပါတယ္။
နံပါတ္၃ကေဂ်ာ့ဘတ္စ္။ ေက်ာနံပါတ္၇ဝတ္ဆင္သူေတြထဲမွာေမွာ္ဆန္တဲ့သူပါ။
နံပါတ္၄ကေရာ့ဘ္ဆင္။ကြၽန္ေတာ္ျဖစ္မယ္ထင္တယ္။နံပါတ္၅ကစတီဗင္ေကာ့ဝဲလ္။
ဆိုး႐ြားတဲ့ဒဏ္ရာမရခင္တဲ့အထိသူကတကယ့္ကိုေကာင္းတဲ့ကစားသမားပါ။
နံပါတ္၇ကေဒးဗစ္ဘက္ဟမ္းပါ။မန္ခ်က္စတာ၊အဂၤလိပ္နဲ႔ကမာၻ႔ေဘာလုံးေလာကအတြက္
သူလုပ္ေပးခဲ့တာေတြအတြက္ေ႐ြးခ်ယ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူတြင္ပထမအႀကိမ္ကစားခဲ့စဥ္တုန္းက
ပရီးမီးယားလိဂ္ဖလား၃ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့တဲ့အျပင္
Ballon d’Or ဆုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။
သူဟာေႏြရာသီတြင္မန္ယူသို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္အေကာင္းဆုံးပုံစံျဖင့္
ဆက္လက္ကစားေနၿပီး၁၂ပြဲတြင္၉ဂိုးသြင္းယူထားႏိုင္ပါတယ္။