မန်ယူဟာ မန်စီးတီးရဲ့ လူငယ်ပါရမီရှင် ဂျိမ်းစ်မက်အေတီးကို ခေါ်ယူရန်ကြိုးပမ်းနေ

မန်ချက်စတာယူနိုက်တက်ဟာမန်စီးတီးလူငယ်အသင်းတွင်

ဆဲလ်ဖို့ဒ်ဆေးလ်ဗားရယ်လို့နာမည်ကျော်ကြားနေတဲ့ လူငယ်ပါရမီရှင်အား

ခေါ်ယူရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။

ဂျိမ်းစ်မက်အေတီးဟာမန်စီးတီးအကယ်ဒမီမှထွန်းတောက်လာမယ့်

ကြယ်ပွင့်အဖြစ်သတ်မှတ်ခံထားရပြီးဖီးလ်ဖိုဒန်၊ကိုးလ်ပယ်မာ၊

လီယမ်ဒီလက်ပ်တို့ရဲ့ခြေရာနင်းမယ့်သူအဖြစ်ကျော်ကြားနေကာ

မန်စီးတီးဂန္ထဝင်ဒေးဗစ်ဆေးလ်ဗားနှင့်နှိုင်းယှဉ်ခြင်းခံနေရသူလည်းဖြစ်ပါတယ်။

သူဟာမန်ယူအကယ်ဒမီမှာလည်းကစားခဲ့ဖူးသူဖြစ်ပါတယ်။

အသက်၁၉နှစ်ရှိကစားသမားဟာမန်စီးတီးယူ-၂၃အသင်းမှာခြေစွမ်းပြ

ကစားလျက်ရှိပြီးယခုရာသီမှာပရီးမီးယားလိဂ်(၂)မှာ၉ပွဲကစားရာမှာ

၁၀ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ သူဟာပြီးခဲ့တဲ့လတုန်းဝိုင်ကွန်ဘီကို

၆-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်မှာ

အရန်အဖြစ်ဝင်ရောက်ကစားပြီးမန်စီးတီးအတွက်ပထမဆုံးပွဲကို

ကစားခွင့်ရခဲ့ပါတယ်။ သူ့ရဲ့လက်ရှိစာချုပ်က၂၀၂၃ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီး

မန်စီးတီးကနှစ်ရှည်စာချုပ်ချုပ်ဆိုလိုနေပါတယ်။

ဒါပေမယ့်မန်ယူနှင့်လီဗာပူးတို့ဟာအလယ်တန်းတိုက်စစ်သမားအား

ခေါ်ယူရန်အပြိုင်ကြိုးပမ်းနေကြပါတယ်။သူဟာဩဂုတ်လတုန်းက

မန်ယူအသင်းကို၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ယူ-၂၃ပွဲမှာဟက်ထရစ်သွင်းခဲ့သူလည်းဖြစ်ပါတယ်။

တကယ်လို့များမက်အေတီးသာမန်ယူသို့ပြောင်းရွှေ့ဖြစ်မယ်ဆိုရင်

ကားလို့စ်တီဗက်ဇ်၊အိုင်ဝင်ဟားဂရေ့ဗ်တို့ကဲ့သို့မန်ယူနှင့်မန်စီးတီးနှစ်သင်းလုံးတွင်

ကစားဖူးသူဖြစ်လာပါမယ်။လက်ရှိမန်ယူစတားဂျာဒွန်ဆန်ချိုမှာလည်း

မန်စီးတီးအကယ်ဒမီမှထွက်ပေါ်လာပြီးနောက်ဒေါ့မွန်သို့ပြောင်းခဲ့ပြီး

ယင်းမှတဆင့်နွေရာသီတွင်မန်ယူသို့ရောက်လာခဲ့တာပါ။

တကယ်လို့မက်အေတီးကိုခေါ်ယူဖို့စိတ်ဝင်စားနေတာမန်ယူနှင့်

လီဗာပူးတို့သာမဟုတ်ပါဘူး။ဘရိုက်တန်ဟာလည်းမက်အေတီးကို

ပေါင်၈သန်းအထိပေးပြီးကမ်းလှမ်းခဲ့ပြီးဖြစ်ပေမယ့်မန်စီးတီးကပယ်ချခဲ့ပါတယ်။

zawgyi

မန္ယူဟာ မန္စီးတီးရဲ႕ လူငယ္ပါရမီရွင္ ဂ်ိမ္းစ္မက္ေအတီးကို ေခၚယူရန္ႀကိဳးပမ္းေန

မန္ခ်က္စတာယူႏိုက္တက္ဟာမန္စီးတီးလူငယ္အသင္းတြင္

ဆဲလ္ဖို႔ဒ္ေဆးလ္ဗားရယ္လို႔နာမည္ေက်ာ္ၾကားေနတဲ့ လူငယ္ပါရမီရွင္အား

ေခၚယူရန္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

ဂ်ိမ္းစ္မက္ေအတီးဟာမန္စီးတီးအကယ္ဒမီမွထြန္းေတာက္လာမယ့္

ၾကယ္ပြင့္အျဖစ္သတ္မွတ္ခံထားရၿပီးဖီးလ္ဖိုဒန္၊ကိုးလ္ပယ္မာ၊

လီယမ္ဒီလက္ပ္တို႔ရဲ႕ေျခရာနင္းမယ့္သူအျဖစ္ေက်ာ္ၾကားေနကာ

မန္စီးတီးဂႏၴဝင္ေဒးဗစ္ေဆးလ္ဗားႏွင့္ႏႈိင္းယွဥ္ျခင္းခံေနရသူလည္းျဖစ္ပါတယ္။

သူဟာမန္ယူအကယ္ဒမီမွာလည္းကစားခဲ့ဖူးသူျဖစ္ပါတယ္။

အသက္၁၉ႏွစ္ရွိကစားသမားဟာမန္စီးတီးယူ-၂၃အသင္းမွာေျခစြမ္းျပ

ကစားလ်က္ရွိၿပီးယခုရာသီမွာပရီးမီးယားလိဂ္(၂)မွာ၉ပြဲကစားရာမွာ

၁၀ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။ သူဟာၿပီးခဲ့တဲ့လတုန္းဝိုင္ကြန္ဘီကို

၆-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ခါရာေဘာင္ဖလားတတိယအဆင့္ပြဲစဥ္မွာ

အရန္အျဖစ္ဝင္ေရာက္ကစားၿပီးမန္စီးတီးအတြက္ပထမဆုံးပြဲကို

ကစားခြင့္ရခဲ့ပါတယ္။ သူ႔ရဲ႕လက္ရွိစာခ်ဳပ္က၂၀၂၃ခုႏွစ္တြင္ကုန္ဆုံးမွာျဖစ္ၿပီး

မန္စီးတီးကႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုလိုေနပါတယ္။

ဒါေပမယ့္မန္ယူႏွင့္လီဗာပူးတို႔ဟာအလယ္တန္းတိုက္စစ္သမားအား

ေခၚယူရန္အၿပိဳင္ႀကိဳးပမ္းေနၾကပါတယ္။သူဟာဩဂုတ္လတုန္းက

မန္ယူအသင္းကို၄-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ယူ-၂၃ပြဲမွာဟက္ထရစ္သြင္းခဲ့သူလည္းျဖစ္ပါတယ္။

တကယ္လို႔မ်ားမက္ေအတီးသာမန္ယူသို႔ေျပာင္းေ႐ႊ႕ျဖစ္မယ္ဆိုရင္

ကားလို႔စ္တီဗက္ဇ္၊အိုင္ဝင္ဟားဂေရ႕ဗ္တို႔ကဲ့သို႔မန္ယူႏွင့္မန္စီးတီးႏွစ္သင္းလုံးတြင္

ကစားဖူးသူျဖစ္လာပါမယ္။လက္ရွိမန္ယူစတားဂ်ာဒြန္ဆန္ခ်ိဳမွာလည္း

မန္စီးတီးအကယ္ဒမီမွထြက္ေပၚလာၿပီးေနာက္ေဒါ့မြန္သို႔ေျပာင္းခဲ့ၿပီး

ယင္းမွတဆင့္ေႏြရာသီတြင္မန္ယူသို႔ေရာက္လာခဲ့တာပါ။

တကယ္လို႔မက္ေအတီးကိုေခၚယူဖို႔စိတ္ဝင္စားေနတာမန္ယူႏွင့္

လီဗာပူးတို႔သာမဟုတ္ပါဘူး။ဘ႐ိုက္တန္ဟာလည္းမက္ေအတီးကို

ေပါင္၈သန္းအထိေပးၿပီးကမ္းလွမ္းခဲ့ၿပီးျဖစ္ေပမယ့္မန္စီးတီးကပယ္ခ်ခဲ့ပါတယ္။