မန်ယူအတွက်နောက်ထပ်မလွယ်ကူတဲ့ ဥရောပပွဲစဉ်တစ်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်က ဆင်းလာတဲ့ မန်ယူဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ ဆိုစီဒက်နဲ့ရင်ဆိုင်ရမှာ ဖြစ်ပြီးအာဆင်နယ်လည်း ပေါ်တူဂီရဲ့ အမှတ်ပေးဇယားမှာ ဒုတိယနေရာက ဘင်ဖီကာနဲ့ ထိပ်တိုက်တွေ့ဆုံ နေတာကြောင့် ပရီမီးယားလိဂ်အသင်းနှစ်သင်းအတွက်တော့ လက်ရှိမတည်ငြိမ်တဲ့သူတို့နှစ်သင်းရဲ့ ခြေစွမ်းတွေကြောင့် နောက်တစ်ဆင့်တက်နိုင်ဖို့အတော် ရုန်းကန်ရမှာဖြစ်ပါတယ်။

မတူညီတဲ့အသင်းနှစ်သင်းနဲ့ ယူရိုပါလိဂ်မှာ ၂ ကြိမ်တိုင် ဗိုလ်စွဲခဲ့ဖူးတဲ့ မော်ရင်ဟိုအတွက်တော့ ဒီတစ်ခါမှာ သူ ဦးဆောင်နေတဲ့ စပါးအသင်းက သြစတြီးယားကလပ် ဝုလ်ဘာဂါ နဲ့ရင်ဆိုင်ရမှာမို့ မော်ရင်ဟိုရဲ့နည်းဗျူဟာနဲ့ဆိုရင် နောက်တစ်ဆင့်တက်ပြီလို့တောင်ပြောလို့ရပါတယ်။ ဝုလ်ဘာဂါ ဟာလည်း အခုအချိန်မှာ သြစတြီးယားလိဂ်မှာလည်း အခြေအနေမကောင်းမွန်ဘဲ (၁၀)ပွဲကစားပြီးချိန်မှာ (၅)ပွဲရှုံး၊ (၁)ပွဲသရေ၊ (၄)ပွဲနိုင်နဲ့ ရမှတ် (၁၃)မှတ်သာရရှိပြီးအဆင့် (၇)နေရာကိုရောက်ရှိနေပါတယ်။

နောက်ထပ် ပရီမီးယားလိဂ်အသင်း တစ်သင်းဖြစ်တဲ့ လက်စတာဟာလည်း ၃၂ သင်းအဆင့်မှာ ချက်ပထမတန်းလိဂ်မှာ ဦးဆောင်နေတဲ့ ဆလာဗီးယားပရက်နဲ့ကစားရမယ်ဆိုပေမယ့် လိဂ်အဆင့်အတန်းခြင်းကွာခြားတာကြောင့် ဒီ(၃၂)သင်း အဆင့်ကို လက်စတာကစားသမားတွေနဲ့ရော်ဂျာ ကျော်လွှားနိုင်ပါလိမ့်မယ်။

အီတလီကိုယ်စားပြုအသင်းတွေကတော့ ဒီ (၃၂)သင်း အဆင့်မဲခွဲမှုမှာ အခြေအနေကောင်းမွန်နေကြပါတယ်။ အေစီမီလန်က ဆားဗီးယားကလပ် ရပ်စတားဘဲဂရိတ်နဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး။ နှစ်သင်းစလုံးဟာ သူတို့ရဲ့ပြည်တွင်းလိဂ်တွေမှာ ရှုံးပွဲမရှိပဲအမှတ်ပေးဇယား ထိပ်မှာဦးဆောင်နေကြပါတယ်။

ရိုးမားက ပေါ်တူဂီကလပ် ဘရာဂါနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သက်ဆိုင်ရာလိဂ်တွေမှာ အလယ်အလတ်အဆင့်အသင်း(၂)သင်းရင်ဆိုင်ကြမယ့်ပွဲဖြစ်တာကြောင့် လိဂ်အဆင့်ကွာဟတဲ့ ရိုးမားကတော့အခွင့်အရေးပိုသာနေပါတယ်။

နာပိုလီအသင်းက စပိန်ကလပ် ဂရန်နာဒါနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကစားသမားပိုင်းမှာ ပိုသာပြီး ဂတ်တူဆိုဦးဆောင်တဲ့ နာပိုလီအသင်းက ဒီအဆင့်ကို အလွယ်တကူ ကျော်လွှားနိုင်မယ်လို့ယူဆရပါတယ်။

ဒီနှစ်ယူရိုပါလိဂ်မဲရွေးချယ်မှုကတော့ စပိန်အသင်းတွေ အတွက် ပွဲကျပ်တွေနဲ့ရင်ဆိုင်နေရတယ်လို့ ပြောလို့ရပါတယ်။ နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ကနေ ဆင်းလာတဲ့ အသင်းနှစ်သင်းနဲ့ တွေ့ဆုံနေကြပါတယ်။ မန်ယူနဲ့ ဆိုစီဒက်တို့တွေ့ဆုံနေသလို ဗီလာရီးရဲလ်ဟာလည်း ပွဲကျပ်နေပြီး သူတို့ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကဆင်းလာတဲ့ သြစတြီးယားကလပ်ဆဲလ်ဘတ်နဲ့ကစားရမှာပါ။

ချန်ပီယံလိဂ်အုပ်စုအဆင့်ကဆင်းလာတဲ့အသင်းတွေထဲမှာ မဲနှိုက်ရွေးချယ်မှုအရ ဒိုင်နမိုကိဗ် နဲ့ ဘရုဂျက် တို့ နှစ်သင်းသာ ယူရိုပါလိဂ်မှာ ထိပ်တိုက်တွေ့ဆုံနေပြီး ကျန်အသင်းတွေကတော့ ယူရိုပါလိဂ်ကအသင်းတွေနဲ့သာရင်ဆိုင်သွားရမှာပါ။

အဲ့သည့်အသင်းတွေကတော့ ခရက်စ်နိုဒါ နဲ့ ဒိုင်နမိုဇာဂရက်၊ ရှက်တာဒိုးနက် နဲ့ မက္ကာဘီတဲလ်အဗစ်၊

လိုင်လီ နဲ့ အေဂျက်၊

အိုလံပီယာကို့စ် – ပီအက်စ်ဗီတို့နဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုတွေထဲမှာ ရှက်တာဒိုးနက်ကတော့ ကံအကောင်းဆုံးအသင်းဖြစ်နေပြီး ယူရိုပါလိဂ်မှာ အားအနဲဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မက္ကာဘီတဲလ်အဗစ်နဲ့သာရင်ဆိုင်ရတာကြောင့်လည်းဖြစ်ပါတယ်။

ဂျာမန်အသင်းနှစ်သင်းဖြစ်ကြတဲ့ လေဗာကူဆင် နဲ့ ဟော်ဖန်ဟိမ်းတို့ကလည်း ယူရိုပါလိဂ်မှာ သူတို့အသင်းတွေနဲ့ယှဉ်ရင် အားနဲတဲ့ အသင်းတွေနဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့် နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

လေဗာကူဆင်က ယန်းဘွိုင်းစ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဟော်ဖန်ဟိမ်းက မိုလ်ဒီ နဲ့ ယှဉ်ပြိုင်သွားရမှာပါ။

နည်းပြ ဂျာရတ်ဦးဆောင်လာတဲ့ ရိန်းဂျာအသင်းကတော့ ရိုင်ရယ် အန်းဝဒ်အသင်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ရဲ့ပထမအကျော့ပွဲတွေကို ဖေဖော်ဝါရီ ၁၈ ရက်မှာကစားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ နောက် (၇) ရက်အကြာမှာ ကစားမှာပါ။ ယူရိုပါလိဂ် ၃၂ သင်းအဆင့် မဲရွေးချယ်ပြီးချိန်မှာ တွေ့ဆုံကြမယ့် ပွဲစဉ်တွေကတော့

ဝုလ်ဘာဂါ – စပါး ၊ ဒိုင်နမိုကိဗ် – ဘရုဂျက် ၊ ဆိုစီဒက် – မန်ယူ ၊ ဘင်ဖီကာ – အာဆင်နယ်

ရပ်စတားဘဲဂရိတ် – အေစီမီလန် ၊ ရိုင်ရယ် အန်းဝဒ် – ရိန်းဂျား၊ ဆလာဗီးယားပရက် – လက်စတာ ၊ ဆဲလ်ဘတ် – ဗီလာရီးရဲလ်

ဘရာဂါ – ရိုးမား ၊ ခရက်စ်နိုဒါ – ဒိုင်နမိုဇာဂရက် ၊ ယန်းဘွိုင်းစ် – လေဗာကူဆင် ၊ မိုလ်ဒီ – ဟော်ဖန်ဟိမ်း

ဂရန်နာဒါ – နာပိုလီ ၊ ရှက်တာဒိုးနက် – မက္ကာဘီတဲလ်အဗစ် ၊ လိုင်လီ – အေဂျက် ၊ အိုလံပီယာကို့စ် – ပီအက်စ်ဗီ၊

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူအတြက္ေနာက္ထပ္မလြယ္ကူတဲ့ ဥေရာပပြဲစဥ္တစ္ပြဲ

ခ်န္ပီယံလိဂ္က ဆင္းလာတဲ့ မန္ယူဟာ လက္ရွိလာလီဂါအမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့ ဆုိစီဒက္နဲ႔ရင္ဆိုင္ရမွာ ျဖစ္ၿပီးအာဆင္နယ္လည္း ေပၚတူဂီရဲ႕ အမွတ္ေပးဇယားမွာ ဒုတိယေနရာက ဘင္ဖီကာနဲ႔ ထိပ္တိုက္ေတြ႕ဆံု ေနတာေၾကာင့္ ပရီမီးယားလိဂ္အသင္းႏွစ္သင္းအတြက္ေတာ့ လက္ရွိမတည္ျငိမ္တဲ့သူတို႕ႏွစ္သင္းရဲ႕ ေျခစြမ္းေတြေၾကာင့္ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႕အေတာ္ ရုန္းကန္ရမွာျဖစ္ပါတယ္။ မတူညီတဲ့အသင္းႏွစ္သင္းနဲ႕ ယူရိုပါလိဂ္မွာ ၂ ႀကိမ္တိုင္ ဗိုလ္စြဲခဲ့ဖူးတဲ့ ေမာ္ရင္ဟိုအတြက္ေတာ့ ဒီတစ္ခါမွာ သူ ဦးေဆာင္ေနတဲ့ စပါးအသင္းက ၾသစၾတီးယားကလပ္ ၀ုလ္ဘာဂါ နဲ႔ရင္ဆုိင္ရမွာမို႔ ေမာ္ရင္ဟိုရဲ႕နည္းဗ်ဴဟာနဲ႔ဆိုရင္ ေနာက္တစ္ဆင့္တက္ၿပီလို႕ေတာင္ေျပာလို႕ရပါတယ္။ ၀ုလ္ဘာဂါ ဟာလည္း အခုအခ်ိန္မွာ ၾသစၾတီးယားလိဂ္မွာလည္း အေျခအေနမေကာင္းမြန္ဘဲ (၁၀)ပြဲကစားၿပီးခ်ိန္မွာ (၅)ပြဲရႈံး၊ (၁)ပြဲသေရ၊ (၄)ပြဲႏိုင္နဲ႕ ရမွတ္ (၁၃)မွတ္သာရရွိၿပီးအဆင့္ (၇)ေနရာကိုေရာက္ရွိေနပါတယ္။ ေနာက္ထပ္ ပရီမီးယားလိဂ္အသင္း တစ္သင္းျဖစ္တဲ့ လက္စတာဟာလည္း ၃၂ သင္းအဆင့္မွာ ခ်က္ပထမတန္းလိဂ္မွာ ဦးေဆာင္ေနတဲ့ ဆလာဗီးယားပရက္နဲ႔ကစားရမယ္ဆိုေပမယ့္ လိဂ္အဆင့္အတန္းျခင္းကြာျခားတာေၾကာင့္ ဒီ(၃၂)သင္း အဆင့္ကို လက္စတာကစားသမားေတြနဲ႕ေရာ္ဂ်ာ ေက်ာ္လႊားႏိုင္ပါလိမ့္မယ္။

အီတလီကိုယ္စားျပဳအသင္းေတြကေတာ့ ဒီ (၃၂)သင္း အဆင့္မဲခြဲမႈမွာ အေျခအေနေကာင္းမြန္ေနၾကပါတယ္။ ေအစီမီလန္က ဆားဗီးယားကလပ္ ရပ္စတားဘဲဂရိတ္နဲ႔ေတြ႕ဆံုခဲ့တာျဖစ္ၿပီး။ ႏွစ္သင္းစလံုးဟာ သူတို႕ရဲ႕ျပည္တြင္းလိဂ္ေတြမွာ ရႈံးပြဲမရွိပဲအမွတ္ေပးဇယား ထိပ္မွာဦးေဆာင္ေနၾကပါတယ္။ ရိုးမားက ေပၚတူဂီကလပ္ ဘရာဂါနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး သက္ဆိုင္ရာလိဂ္ေတြမွာ အလယ္အလတ္အဆင့္အသင္း(၂)သင္းရင္ဆိုင္ၾကမယ့္ပြဲျဖစ္တာေၾကာင့္ လိဂ္အဆင့္ကြာဟတဲ့ ရိုးမားကေတာ့အခြင့္အေရးပိုသာေနပါတယ္။ နာပိုလီအသင္းက စပိန္ကလပ္ ဂရန္နာဒါနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ကစားသမားပိုင္းမွာ ပိုသာၿပီး ဂတ္တူဆိုဦးေဆာင္တဲ့ နာပိုလီအသင္းက ဒီအဆင့္ကို အလြယ္တကူ ေက်ာ္လႊားႏိုင္မယ္လို႕ယူဆရပါတယ္။

ဒီႏွစ္ယူရိုပါလိဂ္မဲေရြးခ်ယ္မႈကေတာ့ စပိန္အသင္းေတြ အတြက္ ပြဲက်ပ္ေတြနဲ႔ရင္ဆိုင္ေနရတယ္လို႕ ေျပာလို႕ရပါတယ္။ ႏွစ္သင္းစလံုးဟာ ခ်န္ပီယံလိဂ္ကေန ဆင္းလာတဲ့ အသင္းႏွစ္သင္းနဲ႔ ေတြ႕ဆံုေနၾကပါတယ္။ မန္ယူနဲ႕ ဆိုစီဒက္တို႕ေတြ႕ဆံုေနသလို ဗီလာရီးရဲလ္ဟာလည္း ပြဲက်ပ္ေနၿပီး သူတုိ႔ဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကဆင္းလာတဲ့ ၾသစႀတီးယားကလပ္ဆဲလ္ဘတ္နဲ႔ကစားရမွာပါ။

ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကဆင္းလာတဲ့အသင္းေတြထဲမွာ မဲႏႈိက္ေရြးခ်ယ္မႈအရ ဒိုင္နမိုကိဗ္ နဲ႕ ဘရုဂ်က္ တို႕ ႏွစ္သင္းသာ ယူရိုပါလိဂ္မွာ ထိပ္တိုက္ေတြ႕ဆံုေနၿပီး က်န္အသင္းေတြကေတာ့ ယူရိုပါလိဂ္ကအသင္းေတြနဲ႕သာရင္ဆိုင္သြားရမွာပါ။ အဲ့သည့္အသင္းေတြကေတာ့ ခရက္စ္ႏိုဒါ နဲ႕ ဒိုင္နမိုဇာဂရက္၊ လိုင္လီ နဲ႕ ေအဂ်က္၊ ရွက္တာဒိုးနက္ နဲ႕ မကၠာဘီတဲလ္အဗစ္၊ အိုလံပီယာကို႔စ္ – ပီအက္စ္ဗီတို႕နဲ႕ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။ ဒီေတြ႕ဆံုမႈေတြထဲမွာ ရွက္တာဒိုးနက္ကေတာ့ ကံအေကာင္းဆံုးအသင္းျဖစ္ေနၿပီး ယူရိုပါလိဂ္မွာ အားအနဲဆံုးအသင္းေတြထဲက တစ္သင္းျဖစ္တဲ့ မကၠာဘီတဲလ္အဗစ္နဲ႔သာရင္ဆိုင္ရတာေၾကာင့္လည္းျဖစ္ပါတယ္။ ဂ်ာမန္အသင္းႏွစ္သင္းျဖစ္ၾကတဲ့ ေလဗာကူဆင္ နဲ႕ ေဟာ္ဖန္ဟိမ္းတို႕ကလည္း ယူရိုပါလိဂ္မွာ သူတို႕အသင္းေတြနဲ႕ယွဥ္ရင္ အားနဲတဲ့ အသင္းေတြနဲ႕ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႕ အေျခအေနေကာင္းေနပါတယ္။ ေလဗာကူဆင္က ယန္းဘြိဳင္းစ္နဲ႕ရင္ဆိုင္ရမွာျဖစ္ၿပီး ေဟာ္ဖန္ဟိမ္းက မိုလ္ဒီ နဲ႕ ယွဥ္ျပိဳင္သြားရမွာပါ။

နည္းျပ ဂ်ာရတ္ဦးေဆာင္လာတဲ့ ရိန္းဂ်ာအသင္းကေတာ့ ရိုင္ရယ္ အန္းဝဒ္အသင္းနဲ႕ယွဥ္ျပိဳင္သြားရမွာျဖစ္ပါတယ္။ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ရဲ႕ပထမအေက်ာ့ပြဲေတြကို ေဖေဖာ္၀ါရီ ၁၈ ရက္မွာကစားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကိုေတာ့ ေနာက္ (၇) ရက္အၾကာမွာ ကစားမွာပါ။ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ မဲေရြးခ်ယ္ၿပီးခ်ိန္မွာ ေတြ႕ဆံုၾကမယ့္ ပြဲစဥ္ေတြကေတာ့

၀ုလ္ဘာဂါ – စပါး ၊ ဒိုင္နမိုကိဗ္ – ဘရုဂ်က္ ၊ ဆိုစီဒက္ – မန္ယူ ၊ ဘင္ဖီကာ – အာဆင္နယ္

ရပ္စတားဘဲဂရိတ္ – ေအစီမီလန္ ၊ ရိုင္ရယ္ အန္းဝဒ္ – ရိန္းဂ်ား၊ ဆလာဗီးယားပရက္ – လက္စတာ ၊ ဆဲလ္ဘတ္ – ဗီလာရီးရဲလ္

ဘရာဂါ – ရိုးမား ၊ ခရက္စ္ႏိုဒါ – ဒိုင္နမိုဇာဂရက္ ၊ ယန္းဘြိဳင္းစ္ – ေလဗာကူဆင္ ၊ မိုလ္ဒီ – ေဟာ္ဖန္ဟိမ္း

ဂရန္နာဒါ – နာပုိလီ ၊ ရွက္တာဒိုးနက္ – မကၠာဘီတဲလ္အဗစ္ ၊ လိုင္လီ – ေအဂ်က္ ၊ အိုလံပီယာကို႔စ္ – ပီအက္စ္ဗီ၊