မန်ယူအမျိုးသားတင်မဟုတ်ဘဲ အမျိုးသမီးအသင်းလည်း ၆ ဂိုးသွင်းပြီးအနိုင်ရခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့တနင်္ဂနွေဟာ မန်ယူအမျိုးသားအသင်းအတွက်ရော အမျိုးသမီးအသင်းအတွက်ပါ တကယ့်ကို Super Sunday ဖြစ်ခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ မန်ယူအမျိုးသားအသင်းက လိဒ်ကို အိမ်ကွင်းမှာ ၆-၂ ဂိုးနဲ့အနိုင်ရခဲ့သလို အမျိုးသမီးအသင်းကလည်း အိမ်ကွင်းမှာပဲ ဘရစ္စတိုးစီးတီးကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ပိုပြီးအံ့သြစရာကောင်းတဲ့တိုက်ဆိုင်မှုက မနေ့ညပွဲတွေမှာ မန်ယူအမျိုးသားအသင်းရော အမျိုးသမီးအသင်းပါ ပြိုင်ဘက်တွေကို အရင်ဆုံး ၄ ဂိုးပြတ်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့ကပွဲအနိုင်ရလဒ်ကြောင့် မန်ယူအမျိုးသမီးအသင်းဟာ အင်္ဂလန်အမျိုးသမီးစူပါလိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဆက်လက်အမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။

မန်ယူအမျိုးသမီးအသင်းဟာ ရာသီသစ်ရဲ့အမျိုးသမီးစူပါလိဂ်မှာ ချဲလ်ဆီးနဲ့အတူ အခုချိန်ထိ ရှုံးပွဲမရှိသေးတဲ့အသင်းတွေအဖြစ် ရပ်တည်နိုင်နေတာပါ။

မန်ယူအမျိုးသမီးအသင်းဟာ ၃ ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပြီး ဒီရာသီအမှတ်ပေးပြိုင်ပွဲမှာ ၁၀ ပွဲကစားအပြီး ၈ ပွဲနိုင်၊ ၂ ပွဲသရေကျထားတာ ဖြစ်ပါတယ်။

မန်ယူအမျိုးသမီးအသင်းကို လွန်ခဲ့တဲ့ ၂ နှစ်ဖြစ်တဲ့ ၂၀၁၈ က စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် အချိန်တိုလေးအတွင်းမှာပဲ အင်္ဂလန်ရဲ့အင်အားကြီးကလပ်ဖြစ်လာပါတယ်။

အသင်းတည်ထောင်ပြီး ပထမဆုံးနှစ်မှာ အင်္ဂလန်အမျိုးသမီးဒုတိယတန်းဖြစ်တဲ့ ချန်ပီယံရှစ်မှာကစားခဲ့ရပေမယ့် အဲဒီက ပထမဆုံးရာသီမှာပဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် ပြီးခဲ့တဲ့နှစ်မှာ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲကို တန်းတက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အဲဒီက ပထမဆုံးရာသီမှာလည်း အဆင့် ၄ နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

အမျိုးသမီးစူပါလိဂ်က သူတို့ရဲ့ဒုတိယမြောက်ရာသီဖြစ်တဲ့အခုရာသီမှာတော့ မန်ယူအမျိုးသမီးအသင်းဟာ မရပ်တန့်နိုင်ဖြစ်နေပြီး ချန်ပီယံဆုကိုမျှော်မှန်းနိုင်နေပြီ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူအမ်ိဳးသားတင္မဟုတ္ဘဲ အမ်ိဳးသမီးအသင္းလည္း ၆ ဂိုးသြင္းၿပီးအႏိုင္ရခဲ့

ၿပီးခဲ့တဲ့တနဂၤေႏြဟာ မန္ယူအမ်ိဳးသားအသင္းအတြက္ေရာ အမ်ိဳးသမီးအသင္းအတြက္ပါ တကယ့္ကို Super Sunday ျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ မန္ယူအမ်ိဳးသားအသင္းက လိဒ္ကို အိမ္ကြင္းမွာ ၆-၂ ဂိုးနဲ႔အႏိုင္ရခဲ့သလုိ အမ်ိဳးသမီးအသင္းကလည္း အိမ္ကြင္းမွာပဲ ဘရစၥတိုးစီးတီးကို ၆-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။ ပိုၿပီးအံ့ၾသစရာေကာင္းတဲ့တိုက္ဆိုင္မႈက မေန႔ညပြဲေတြမွာ မန္ယူအမ်ိဳးသားအသင္းေရာ အမ်ိဳးသမီးအသင္းပါ ၿပိဳင္ဘက္ေတြကို အရင္ဆုံး ၄ ဂိုးျပတ္သြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မေန႔ကပြဲအႏိုင္ရလဒ္ေၾကာင့္ မန္ယူအမ်ိဳးသမီးအသင္းဟာ အဂၤလန္အမ်ိဳးသမီးစူပါလိဂ္မွာ အမွတ္ေပးဇယားထိပ္ဆုံးကေန ဆက္လက္အမွတ္ျဖတ္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ မန္ယူအမ်ိဳးသမီးအသင္းဟာ ရာသီသစ္ရဲ႕အမ်ိဳးသမီးစူပါလိဂ္မွာ ခ်ဲလ္ဆီးနဲ႔အတူ အခုခ်ိန္ထိ ရႈံးပြဲမရွိေသးတဲ့အသင္းေတြအျဖစ္ ရပ္တည္ႏိုင္ေနတာပါ။ မန္ယူအမ်ိဳးသမီးအသင္းဟာ ၃ ပြဲဆက္အႏိုင္ရခဲ့တာျဖစ္ၿပီး ဒီရာသီအမွတ္ေပးၿပိဳင္ပြဲမွာ ၁၀ ပြဲကစားအၿပီး ၈ ပြဲႏိုင္၊ ၂ ပဲြသေရက်ထားတာ ျဖစ္ပါတယ္။

မန္ယူအမ်ိဳးသမီးအသင္းကို လြန္ခဲ့တဲ့ ၂ ႏွစ္ျဖစ္တဲ့ ၂၀၁၈ က စတင္တည္ေထာင္ခဲ့တာျဖစ္ေပမယ့္ အခ်ိန္တိုေလးအတြင္းမွာပဲ အဂၤလန္ရဲ႕အင္အားႀကီးကလပ္ျဖစ္လာပါတယ္။ အသင္းတည္ေထာင္ၿပီး ပထမဆုံးႏွစ္မွာ အဂၤလန္အမ်ိဳးသမီးဒုတိယတန္းျဖစ္တဲ့ ခ်န္ပီယံရွစ္မွာကစားခဲ့ရေပမယ့္ အဲဒီက ပထမဆုံးရာသီမွာပဲ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္မွာ အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲကို တန္းတက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ၿပီး အဲဒီက ပထမဆုံးရာသီမွာလည္း အဆင့္ ၄ နဲ႔ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

အမ်ိဳးသမီးစူပါလိဂ္က သူတို႔ရဲ႕ဒုတိယေျမာက္ရာသီျဖစ္တဲ့အခုရာသီမွာေတာ့ မန္ယူအမ်ိဳးသမီးအသင္းဟာ မရပ္တန္႔ႏိုင္ျဖစ္ေနၿပီး ခ်န္ပီယံဆုကိုေမွ်ာ္မွန္းႏိုင္ေနၿပီ ျဖစ္ပါတယ္။