
ကွန်တီဟာ ပြိုင်ဘက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ အတော်လေး နီးစပ်နေပြီလို့ သိရပါတယ်။
စပါးအသင်းဟာ မန်ယူအသင်းကို ဂိုးပြတ် အရေးနိမ့်ပြီးတဲ့နောက် ၎င်းတို့ရဲ့
နည်းပြ နူနိုကို ရာထူးကနေ တရားဝင် ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
နူနိုဟာ ဒီရာသီမှာမှ စပါးအသင်းကို စတင်ကိုင်တွယ်တာဖြစ်ပေမယ့်လည်း
ပြီးခဲ့တဲ့ ရာသီ နည်းပြ မော်ရင်ဟိုလက်ထက်တုန်းကထက် ခြေစွမ်းကျဆင်း
နေတာကြောင့် အခုလိုမျိုး သူတို့ရဲ့ နည်းပြရာထူးကို ထုတ်ပယ်လိုက်တာပါ။
စပါးအသင်းဟာ လက်ရှိမှာတော့ ကွန်တီကို ဆွေးနွေးနေပြီး နည်းပြသစ်အဖြစ်
ခန့်အပ်ဖို့ အတော်လေး နီးစပ်နေတယ်လို့သိရပါတယ်။
မနေ့က ထွက်ပေါ်တဲ့ သတင်းတွေအရတော့ ကွန်တီဟာ ယခုလအတွင်း
ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးတဲ့ အချိန်လောက်ရောက်မှ
၎င်းတာဝန်ယူမယ့် အသင်းသစ်ကို ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သိခဲ့ရတာပါ။
ဒါပေမယ့်လက်ရှိအခြေအနေတွေရတော့ ကွန်တီဟာ စပါးနည်းပြဖြစ်လာဖို့
နီးစပ်နေပြီး တရားဝင် သဘောတူညီမှု ရခဲ့ပါက လာမယ့် ပရီးမီးယားလိဂ်
ပွဲစဉ်ကနေ စတင် တာဝန်ယူဖွယ်ရှိနေပါတယ်။
ကွန်တီအနေနဲ့ မန်ယူအသင်းရဲ့ နည်းပြရာထူးအတွက် မီးစိမ်းပြပြီး လမ်းဖွင့်ပေး
ထားခဲ့ပေမယ့် မန်ယူဘုတ်အဖွဲ့က ဆိုးလ်ရှားကို မန်စီးတီးအသင်းနဲ့ ပွဲစဉ်အထိ
အချိန်ဆက်ပေးထားပြီး ကွန်တီကိုလည်း တရားဝင် ကမ်းလှမ်းထားခြင်း
မရှိသေးတာကြောင့် ကွန်တီရဲ့ မန်ချက်စတာ ခရီးစဉ်ဟာ ပျက်ပြယ်ပြီး
လန်ဒန်ကို ဆိုက်ရောက်သွားဖို့ အလားအလာများနေခဲ့ပြီဖြစ်ပါတယ်။
zawgyi
မန်ယူအသင်းရဲ့ နည်းပြရာထူးအတွက် အတော်လေး ရေပန်းစားနေတဲ့ ကွန်တီဟာ ပြိုင်ဘက်အသင်းရဲ့ နည်းပြသစ် ဖြစ်ဖို့ နီးစပ်နေ