မန်ယူအောင်မြင်ဖို့အတွက် ပေါ့ဂ်ဘာကို လိုအပ်တယ်လို့ ဖာနန်ဒက်စ် ကာကွယ်စကားဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူဟာပေါ့ဂ်ဘာနဲ့ တွဲဖက်မိလာနေပြီး ဒီရာသီမှာ မန်ယူအသင်းအောင်မြင်မှုတွေရဖို့အတွက် အဲဒီပြင်သစ်သားကို လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ မန် ယူနဲ့အနာဂတ် မသေချာတော့ဘူးလို့ သတင်းတွေထွက်နေပြီး သူ့အေးဂျင့် ရွိုင်အိုလာကိုယ်တိုင်က မန်ယူနဲ့ ပေါ့ဂ်ဘာတို့ရဲ့ဇာတ်လမ်းအဆုံးသတ်သွားပြီလို့ ဆိုခဲ့တာပါ။ ဒါပေမယ့်ပေါ့ဂ်ဘာဟာ အခုနောက်ပိုင်းမှာ မန်ယူ အတွက်ခြေစွမ်းပြသနေပြီး အကောင်းဆုံးပုံစံရဖို့ နီးစပ်လာခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ရာသီဒုတိယပိုင်း မှာ ဖာနန်ဒက်စ်ရောက်ရှိလာမှုကြောင့် အရန်အဖြစ်သာနေခဲ့ရတာများခဲ့သလို ဒီရာသီမှာလည်း ပုံမှန်ပွဲထွက် ခွင့် ပျောက်ဆုံးခဲ့ပါသေးတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ မန်ယူကစားခဲ့တဲ့ ၇ ပွဲမှာ ၅ ပွဲအထိပွဲထွက်ပါဝင် ခဲ့သလို ခြေစွမ်းလည်းပြခဲ့တာပါ။

ဖာနန်ဒက်စ်က” ပေါ့ဂ်ဘာနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးက ကောင်းပါတယ်။ သူရော ကျွန်တော်ပါ အီတလီ လို ပြောတတ်တော့အဆင်ပြေတာပေါ့။ မန်ယူကိုကျွန်တော်ရောက်စမှာ သူဟာဒဏ်ရာရနေပြီး လေ့ကျင့်ရေးကွင်း နဲ့ ခပ်လှမ်းလှမ်းမှာ ပြန်လည်ကြံ့ခိုင်မှုတွေလုပ်နေတဲ့ သူ့ကိုတွေ့ခဲ့ရပါတယ်။ တစ်ခါတလေမှာ သူကကျွန်တော့် ကိုလှမ်းခေါ်ပြီး ‘ပွဲတွေကိုငါလိုက်ကြည့်ပြီးပြီ။ မင်းရဲ့ရွေ့လျားမှုတွေကိုငါတွေ့တယ်ကွ။ ဘာမှပူမနေနဲ့ ငါပြန်ပြီး ကြံ့ခိုင်လာရင် မင်းလှုပ်ရှားမှုတွေကိုငါရှာတွေ့နိုင်တယ်ဆိုတာ ပြမယ်ကွာ။

မင်းပုံစံက ညာဘက်ကိုထွက်တယ်၊ ပြီးရင် ဘယ်ဘက်ကိုထွက်တယ်၊ ဒါမှမဟုတ်ရင် တိုက်စစ်မှူးနောက်ကနေ ဝင်တိုးတယ်။ ငါပြန်ကစားတာနဲ့ မင်းလှုပ်ရှားမှုတွေကို ထောက်ပံ့ပေးနိုင်တယ်ဆိုတာ ပြသွားမယ်’ ဆိုပြီး ပြောပါတယ်။  ဝက်စ်ဟမ်းနဲ့ပွဲမှာ ကျွန်တော်ပေးတာကနေ တစ်ဆင့်သူသွင်းခဲ့တဲ့ဂိုးကိုကြည့်ရင် သူဟာအကောင်းဆုံးပုံစံကို ရလုနီးပါးဖြစ်လာတာကို တွေ့ရမှာပါ” လို့ ပြောသွားပါတယ်။

ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်ဟာ မန်ယူအတွက်ပြိုင်ပွဲအရပ်ရပ် ၃၃ ပွဲအတူတွဲကစားခဲ့ရာမှာ ၂၄ ပွဲကရှုံးပွဲမရှိခဲ့ပါဘူး။ အခုဆိုရင် ပေါ့ဂ်ဘာဟာ သူဘာလဲဆိုတာ ပြန်လည်ပြသနေလို့ ဒီရာသီမှာမန်ယူအောင်မြင်ဖို့အတွက် ပေါ့ဂ်ဘာ ကိုလိုအပ်ပါတယ် လို့လည်း ဖာနန်ဒက်စ်က ဆက်လက်ပြောကြားသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ယူအသင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က သူဟာေပါ့ဂ္ဘာနဲ႔ တြဲဖက္မိလာေနၿပီး ဒီရာသီမွာ မန္ယူအ သင္းေအာင္ျမင္မႈေတြရဖို႔အတြက္ အဲဒီျပင္သစ္သားကို လိုအပ္တယ္လို႔ ေျပာလိုက္ပါတယ္။ ေပါ့ဂ္ဘာဟာ မန္ ယူနဲ႔အနာဂတ္ မေသခ်ာေတာ့ဘူးလို႔ သတင္းေတြထြက္ေနၿပီး သူ႔ေအးဂ်င့္ ႐ြိဳင္အိုလာကိုယ္တိုင္က မန္ယူနဲ႔ ေပါ့ဂ္ဘာတို႔ရဲ႕ဇာတ္လမ္းအဆုံးသတ္သြားၿပီလို႔ ဆိုခဲ့တာပါ။

ဒါေပမယ့္ေပါ့ဂ္ဘာဟာ အခုေနာက္ပိုင္းမွာ မန္ယူ အတြက္ေျခစြမ္းျပသေနၿပီး အေကာင္းဆုံးပုံစံရဖို႔ နီးစပ္လာခဲ့ပါတယ္။ ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ့ရာသီဒုတိယပိုင္း မွာ ဖာနန္ဒက္စ္ေရာက္ရွိလာမႈေၾကာင့္ အရန္အျဖစ္သာေနခဲ့ရတာမ်ားခဲ့သလို ဒီရာသီမွာလည္း ပုံမွန္ပြဲထြက္ ခြင့္ ေပ်ာက္ဆုံးခဲ့ပါေသးတယ္။ ဒါေပမယ့္ေနာက္ပိုင္းမွာေတာ့ မန္ယူကစားခဲ့တဲ့ ၇ ပြဲမွာ ၅ ပြဲအထိပြဲထြက္ပါဝင္ ခဲ့သလို ေျခစြမ္းလည္းျပခဲ့တာပါ။

ဖာနန္ဒက္စ္က” ေပါ့ဂ္ဘာနဲ႔ကြၽန္ေတာ့္ရဲ႕ဆက္ဆံေရးက ေကာင္းပါတယ္။ သူေရာ ကြၽန္ေတာ္ပါ အီတလီ လို ေျပာတတ္ေတာ့အဆင္ေျပတာေပါ့။ မန္ယူကိုကြၽန္ေတာ္ေရာက္စမွာ သူဟာဒဏ္ရာရေနၿပီး ေလ့က်င့္ေရးကြင္း နဲ႔ ခပ္လွမ္းလွမ္းမွာ ျပန္လည္ႀကံ့ခိုင္မႈေတြလုပ္ေနတဲ့ သူ႔ကိုေတြ႕ခဲ့ရပါတယ္။ တစ္ခါတေလမွာ သူကကြၽန္ေတာ့္ ကိုလွမ္းေခၚၿပီး ‘ပြဲေတြကိုငါလိုက္ၾကည့္ၿပီးၿပီ။ မင္းရဲ႕ေ႐ြ႕လ်ားမႈေတြကိုငါေတြ႕တယ္ကြ။ ဘာမွပူမေနနဲ႔ ငါျပန္ၿပီး ႀကံ့ခိုင္လာရင္ မင္းလႈပ္ရွားမႈေတြကိုငါရွာေတြ႕ႏိုင္တယ္ဆိုတာ ျပမယ္ကြာ။ မင္းပုံစံက ညာဘက္ကိုထြက္တယ္၊ ၿပီးရင္ ဘယ္ဘက္ကိုထြက္တယ္၊ ဒါမွမဟုတ္ရင္ တိုက္စစ္မႉးေနာက္ကေန ဝင္တိုးတယ္။ ငါျပန္ကစားတာနဲ႔ မင္းလႈပ္ရွားမႈေတြကို ေထာက္ပံ့ေပးႏိုင္တယ္ဆိုတာ ျပသြားမယ္’ ဆိုၿပီး ေျပာပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ကြၽန္ ေတာ္ေပးတာကေန တစ္ဆင့္သူသြင္းခဲ့တဲ့ဂိုးကိုၾကည့္ရင္ သူဟာအေကာင္းဆုံးပုံစံကို ရလုနီးပါးျဖစ္လာတာကို ေတြ႕ရမွာပါ” လို႔ ေျပာသြားပါတယ္။

ေပါ့ဂ္ဘာနဲ႔ ဖာနန္ဒက္စ္ဟာ မန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္ ၃၃ ပြဲအတူတြဲကစားခဲ့ရာမွာ ၂၄ ပြဲကရႈံးပြဲမရွိခဲ့ပါဘူး။ အခုဆိုရင္ ေပါ့ဂ္ဘာဟာ သူဘာလဲဆိုတာ ျပန္လည္ျပသေနလို႔ ဒီရာသီမွာမန္ယူေအာင္ျမင္ဖို႔အတြက္ ေပါ့ဂ္ဘာ ကိုလိုအပ္ပါတယ္ လို႔လည္း ဖာနန္ဒက္စ္က ဆက္လက္ေျပာၾကားသြားပါတယ္။