မန်ယူ ချန်ပီယံထပ်ဖြစ်ဖိုက့ နှစ် ၂၀ ကြာနိုင်တယ်လို့ ဆိုလိုက်တဲ့ရွိုင်ယန်ဂစ်

မန်ယူအသင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံထပ်ဖြစ်ဖို့က ၁၅ နှစ်၊ နှစ် ၂၀ ကြာနိုင်ကြောင်း အသင်းဂန္ထဝင်ဟောင်းရွိုင်ယန်ဂစ်က ယုံကြည်နေပါတယ်။ ပရီးမီးယားလိဂ်မှာ မန်ယူနောက်ဆုံးဗိုလ်စွဲခဲ့တာက ဂန္ထဝင်နည်းပြဟောင်းဖာဂူဆန်ရဲ့နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃ မှာ ဖြစ်ပါတယ်။

ဖာဂူဆန်ရဲ့နေရာမှာ ဒေးဗစ်မိုယက်စ်က ဆက်ခံခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်ထိုင်ခုံပူမှာ ၁၀ လသာခံခဲ့ပါတယ်။ အဲဒီနောက် ဗန်ဂေါလ်ရောက်လာတော့လည်း ၂ ရာသီအပြီးမှာပဲ အထုတ်ခံလိုက်ရပြီး သူ့လက်ထက်မှာ အဆင့် ၄ ထက်မပိုခဲ့ပါဘူး။ ပရီးမီးယားလိဂ်မှာ ၃ ကြိမ်တိုင်ဗိုလ်စွဲဖူးတဲ့ မော်ရင်ဟိုတောင် မန်ယူကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

အခုဆိုးလ်ရှားလက်ထက်မှာ မန်ယူဟာ အရင်ကအခြေအနေပြန်ရအောင်ကြိုးစားနေပေမယ့် အဲဒီနော်ဝေသားနည်းပြလက်ထက်မှာ ပရီးမီးယားလိဂ်မပြောနဲ့ ဘာအဓိကဆုဖလားမှတောင် ရယူနိုင်ခြင်း မရှိသေးပါဘူး။ လီဗာပူးတောင် အမှတ်ပေးအောင်မြင်မှုအတွက် နှစ် ၃၀ ကြာစောင့်ခဲ့ရတာဖြစ်လို့ မန်ယူဟာလည်း အဲဒီလိုအြခေအနေမျိုးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဂစ်က စိုးရိမ်စွာနဲ့ပြောခဲ့တာပါ။

မန်ယူရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုဝေးကွာမှုဟာ ဆယ်စုနှစ်တွေအထိ ကြာသွားနိုင်တဲ့အပေါ် စိုးရိမ်မိသလားလို့ မေးမြန်းတော့ ရွိုင်ယန်ဂစ်က”ဒါပေါ့၊ ရာနှုန်းပြည့်ပေါ့။ အထူးသဖြင့် ကလော့ပ်နဲ့ဂွါဒီယိုလာတို့လိုနည်းပြတွေသာ ဆက်ရှိနေဦးမယ်ဆိုရင် အဲဒါက ၁၅ နှစ်၊ နှစ် ၂၀ ကြာသွားနိုင်ပါတယ်။ သူတို့မှာက ကစားသမားရင်းမြစ်ကြွယ်ဝတယ်လေ။ ကလော့ပ်တောင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ၄ နှစ်ခွဲကြာစောင့်ခဲ့ရတာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Zawgyi

မန္ယူ ခ်န္ပီယံထပ္ျဖစ္ဖုိက႔ ႏွစ္ ၂၀ ၾကာႏိုင္တယ္လုိ႔ ဆုိလုိက္တဲ့ရြိဳင္ယန္ဂစ္

မန္ယူအသင္း ပရီးမီးယားလိဂ္မွာ ခ်န္ပီယံထပ္ျဖစ္ဖုိ႔က ၁၅ ႏွစ္၊ ႏွစ္ ၂၀ ၾကာႏိုင္ေၾကာင္း အသင္းဂႏၳ၀င္ေဟာင္းရြိဳင္ယန္ဂစ္က ယုံၾကည္ေနပါတယ္။ ပရီးမီးယားလိဂ္မွာ မန္ယူေနာက္ဆုံးဗုိလ္စြဲခဲ့တာက ဂႏၳ၀င္နည္းျပေဟာင္းဖာဂူဆန္ရဲ႕ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၂-၁၃ မွာ ျဖစ္ပါတယ္။

ဖာဂူဆန္ရဲ႕ေနရာမွာ ေဒးဗစ္မုိယက္စ္က ဆက္ခံခဲ့ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္ထိုင္ခုံပူမွာ ၁၀ လသာခံခဲ့ပါတယ္။ အဲဒီေနာက္ ဗန္ေဂါလ္ေရာက္လာေတာ့လည္း ၂ ရာသီအၿပီးမွာပဲ အထုတ္ခံလိုက္ရၿပီး သူ႔လက္ထက္မွာ အဆင့္ ၄ ထက္မပိုခဲ့ပါဘူး။ ပရီးမီးယားလိဂ္မွာ ၃ ႀကိမ္တိုင္ဗိုလ္စြဲဖူးတဲ့ ေမာ္ရင္ဟိုေတာင္ မန္ယူကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။

အခုဆုိးလ္ရွားလက္ထက္မွာ မန္ယူဟာ အရင္ကအေျခအေနျပန္ရေအာင္ႀကိဳးစားေနေပမယ့္ အဲဒီေနာ္ေ၀သားနည္းျပလက္ထက္မွာ ပရီးမီးယားလိဂ္မေျပာနဲ႔ ဘာအဓိကဆုဖလားမွေတာင္ ရယူႏိုင္ျခင္း မရိွိေသးပါဘူး။ လီဗာပူးေတာင္ အမွတ္ေပးေအာင္ျမင္မႈအတြက္ ႏွစ္ ၃၀ ၾကာေစာင့္ခဲ့ရတာျဖစ္လို႔ မန္ယူဟာလည္း အဲဒီလိုအျေခအေနမ်ိဳးနဲ႔ ႀကဳံေတြ႕ရႏိုင္တယ္လုိ႔ ဂစ္က စိုးရိမ္စြာနဲ႔ေျပာခဲ့တာပါ။

မန္ယူရဲ႕ပရီးမီးယားလိဂ္ခ်န္ပီယံဆုေ၀းကြာမႈဟာ ဆယ္စုႏွစ္ေတြအထိ ၾကာသြားႏိုင္တဲ့အေပၚ စိုးရိမ္မိသလားလုိ႔ ေမးျမန္းေတာ့ ရြိဳင္ယန္ဂစ္က”ဒါေပါ့၊ ရာႏႈန္းျပည့္ေပါ့။ အထူးသျဖင့္ ကေလာ့ပ္န႔ဲဂြါဒီယိုလာတို႔ုလိုနည္းျပေတြသာ ဆက္ရွိေနဦးမယ္ဆိုရင္ အဲဒါက ၁၅ ႏွစ္၊ ႏွစ္ ၂၀ ၾကာသြားႏိုင္ပါတယ္။ သူတုိ႔မွာက ကစားသမားရင္းျမစ္ၾကြယ္၀တယ္ေလ။ ကေလာ့ပ္ေတာင္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔ ၄ ႏွစ္ခြဲၾကာေစာင့္ခဲ့ရတာပါ”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။