မန်ယူ ချန်ပီယံလိဂ်ကထွက်ရပြီးတစ်ညအတွင်းမှာ ရေပန်းစားမှုမြင့်တက်လာတဲ့ ဘရန်ဒန်ရော်ဂျာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ မနေ့ညက လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ ၃-၂ နဲ့ရှုံးပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးတဲ့နောက် မန်ယူနည်းပြသစ်ရာထူးအတွက် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ ရေပန်းစားမှုက ပိုပြီးမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

မန်ယူဟာ လိုက်ပ်ဇစ်ကိုရှုံးခဲ့လို့ ယူရိုပါလိဂ်ကိုသာ သွားရောက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ၃၂ သင်းအဆင့်ကနေ စတင်ဝင်ပြိုင်ရမှာပါ။ လက်ရှိမှာ မန်ယူနည်းပြသစ်ဖြစ်လာဖို့အတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုက ရေပန်းအစားဆုံးဖြစ်နေပေမယ့် ရော်ဂျာရဲ့ရေပန်းစားမှုက မန်ယူက လိုက်ပ်ဇစ်ကို ရှုံးပြီးတစ်ညတာအတွင်းမှာ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အဲဒီအရှုံးကြောင့် မန်ယူရဲ့လက်ရှိနည်းပြ ဆိုးလ်ရှားဟာ ထုတ်ပယ်ခံရနိုင်ခြေရှိနေလို့ နည်းပြသစ်ဘယ်သူဖြစ်မလဲဆိုတဲ့ ခန့်မှန်းမှုတွေလည်း ပိုမိုများပြားလာခဲ့ပါတယ်။

အခုဆိုရင် ဆိုးလ်ရှားဟာ ထုတ်ပယ်ခံရနိုင်တဲ့နည်းပြစာရင်းမှာ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ္စဝိုင်လ်ဒါကို ကျော်ပြီး ဒီရာသီမှာပထမဆုံးထုတ်ပယ်ခံရမယ့်သူအဖြစ် ရေပန်းစားလာခဲ့ပါတယ်။

ဒါကြောင့်လည်း သူ့နေရာမှာ အစားဝင်မယ့်နည်းပြကို ကြေးဖွင့်မှုတွေရှိလာခဲ့ပြီး ရော်ဂျာက အရင်ဦးစာပေးမှုမှာ အဆင့် ၆ မှာရှိခဲ့ပေမယ့် မန်ယူက လိုက်ပ်ဇစ်ကိုရှုံးပြီးတစ်ညအတွင်းမှာတင် အဆင့် ၃ နေရာအထိတက်လှမ်းလာခဲ့ပါတယ်။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ရော်ဂျာဟာအခုဆိုရင် မန်ယူနည်းပြဖြစ်လာနိုင်ခြေစာရင်းမှာ ၉/၁ နဲ့ တတိယရေပန်းအစားဆုံးအဖြစ်ရှိနေတာပါ။

လက်ရှိ ရေပန်းစားမှုမှာ ပိုချက်တီနိုက ၄/၉၊ ဂျူဗင်တပ်နဲ့ အေစီမီလန်နည်းပြဟောင်း အယ်လီဂရီက ၆/၁၊ ရော်ဂျာက ၉/၁ ၊ ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်က ၁၂/၁၊ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တယ်လ်က ၁၆/၁ ၊ လိုက်ပ်ဇစ်နည်းပြ နာဂယ်စမန်က ၂၀/၁ ၊ စပိန်နည်းပြ အင်းနရစ်က ၃၃/၁၊ ဂယ်ရီနဗီးလ်က ၁၀၀ / ၁ တို့ဖြစ်ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူ ခ်န္ပီယံလိဂ္ကထြက္ရၿပီးတစ္ညအတြင္းမွာ ေရပန္းစားမႈျမင့္တက္လာတဲ့ ဘရန္ဒန္ေရာ္ဂ်ာ

မန္ယူအသင္းဟာ မေန႔ညက လိုက္ပ္ဇစ္ကို အေဝးကြင္းမွာ ၃-၂ နဲ႔ရႈံးၿပီး ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရၿပီးတဲ့ေနာက္ မန္ယူနည္းျပသစ္ရာထူးအတြက္ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ ေရပန္းစားမႈက ပိုၿပီးျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။ မန္ယူဟာ လိုက္ပ္ဇစ္ကိုရႈံးခဲ့လို႔ ယူ႐ိုပါလိဂ္ကိုသာ သြားေရာက္ယွဥ္ၿပိဳင္ရေတာ့မွာျဖစ္ၿပီး ၃၂ သင္းအဆင့္ကေန စတင္ဝင္ၿပိဳင္ရမွာပါ။ လက္ရွိမွာ မန္ယူနည္းျပသစ္ျဖစ္လာဖို႔အတြက္ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုက ေရပန္းအစားဆုံးျဖစ္ေနေပမယ့္ ေရာ္ဂ်ာရဲ႕ေရပန္းစားမႈက မန္ယူက လိုက္ပ္ဇစ္ကို ရႈံးၿပီးတစ္ညတာအတြင္းမွာ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။

အဲဒီအရႈံးေၾကာင့္ မန္ယူရဲ႕လက္ရွိနည္းျပ ဆိုးလ္ရွားဟာ ထုတ္ပယ္ခံရႏိုင္ေျခရွိေနလို႔ နည္းျပသစ္ဘယ္သူျဖစ္မလဲဆိုတဲ့ ခန႔္မွန္းမႈေတြလည္း ပိုမိုမ်ားျပားလာခဲ့ပါတယ္။ အခုဆိုရင္ ဆိုးလ္ရွားဟာ ထုတ္ပယ္ခံရႏိုင္တဲ့နည္းျပစာရင္းမွာ ရွက္ဖီးယူႏိုက္တက္နည္းျပ ခရစၥဝိုင္လ္ဒါကို ေက်ာ္ၿပီး ဒီရာသီမွာပထမဆုံးထုတ္ပယ္ခံရမယ့္သူအျဖစ္ ေရပန္းစားလာခဲ့ပါတယ္။

ဒါေၾကာင့္လည္း သူ႔ေနရာမွာ အစားဝင္မယ့္နည္းျပကို ေၾကးဖြင့္မႈေတြရွိလာခဲ့ၿပီး ေရာ္ဂ်ာက အရင္ဦးစာေပးမႈမွာ အဆင့္ ၆ မွာရွိခဲ့ေပမယ့္ မန္ယူက လိုက္ပ္ဇစ္ကိုရႈံးၿပီးတစ္ညအတြင္းမွာတင္ အဆင့္ ၃ ေနရာအထိတက္လွမ္းလာခဲ့ပါတယ္။ အသက္ ၄၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေရာ္ဂ်ာဟာအခုဆိုရင္ မန္ယူနည္းျပျဖစ္လာႏိုင္ေျခစာရင္းမွာ ၉/၁ နဲ႔ တတိယေရပန္းအစားဆုံးအျဖစ္ရွိေနတာပါ။

လက္ရွိ ေရပန္းစားမႈမွာ ပိုခ်က္တီႏိုက ၄/၉၊ ဂ်ဴဗင္တပ္နဲ႔ ေအစီမီလန္နည္းျပေဟာင္း အယ္လီဂရီက ၆/၁၊ ေရာ္ဂ်ာက ၉/၁ ၊ ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္တူခ်ယ္က ၁၂/၁၊ ေဆာက္သမ္တန္နည္းျပ ဟာဆန္ဟက္တယ္လ္က ၁၆/၁ ၊ လိုက္ပ္ဇစ္နည္းျပ နာဂယ္စမန္က ၂၀/၁ ၊ စပိန္နည္းျပ အင္းနရစ္က ၃၃/၁၊ ဂယ္ရီနဗီးလ္က ၁၀၀ / ၁ တို႔ျဖစ္ၾကပါတယ္။