မန်ယူ-ချဲလ်ဆီးပွဲမှာ ဘယ်သူတွေပါပြီး ဘယ်သူတွေလွဲချော်မလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ် Big Match ဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီးပွဲစဉ်ဟာ ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

စပါးကို ၁-၆ နဲ့ ရှုံးနိမ့် ခဲ့ပြီး နည်းပြဆိုးလ်ရှား ထုတ်ပယ်ခံရမယ့်သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အဝေး ကွင်း ၂ ပွဲဆက်အဖြစ် နယူးကာဆယ်ကို ၁-၄၊ ပီအက်စ်ဂျီကို ၁-၂ ရလဒ်တွေနဲ့ ဆက် တိုက်အနိုင်ယူပြီး ခြေစွမ်းပြခဲ့တဲ့မန်ယူကြောင့် ဒီပွဲကို ပိုပြီးသတိထားစရာဖြစ်နေသလို တိုက်စစ်မှူးသစ် ကာဗာနီ ပထမဆုံးပွဲထွက်ပါဝင်ကစားဖို့များနေတဲ့အတွက်လည်း အား လုံးက စိတ်ဝင်စားနေတာပါ။

ဒီအချိန်မှာ ချဲလ်ဆီးကလည်း ပရီးမီးယားလိဂ်မှာ ဆောက် သမ်တန်ကို ၃-၃၊ ချန်ပီယံလိဂ်မှာ ဝ-၀ ကစားထားပြီး အသင်းရဲ့ပရီးမီးယားလိဂ်လူစာ ရင်းကို ပီတာချက်လို ကစားသမားဘဝကအနားယူထားတဲ့သူကို လက်ပူတိုက်ပြန်ခေါ် ထားတဲ့သတင်းတွေကြောင့် ပရိသတ်တွေက စောင့်ကြည့်နေကြတာပါ။

ဒီတစ်ပတ် ကစားမယ့်ပွဲမှာတော့ ပီတာချက်ကို လူစာရင်းမှာခေါ်သွားမှာမဟုတ်ဘူးလို့ နည်းပြလမ်း ပတ်က ပြောကြားထားပါတယ်။ ဒီနှစ်သင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကို တစ်သင်းချင်းစီ တင်ဆက်ပေးသွားပါမယ်။

မန်ယူ

ဒီပွဲမှာ နည်းပြဆိုးလ်ရှားရဲ့ အတည်ပြုပြောကြားချက်အရ နောက်ခံလူ ဘိုင်းလီ လင်ဂတ် လွဲချော် ဖို့ရှိနေပါတယ်။ ဒါပေမဲ့ မက်ဂွိုင်းယား၊ ကာဗာနီ၊ ဂရင်းဝုဒ် တို့အားလုံး ကြံ့ခိုင်မှု ပြည့်ဝနေပြီး ကစားဖို့အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ တိုက်စစ်မှူး မာရှယ်က တော့ စပါးနဲ့ပွဲက အနီကတ်ပြစ်ဒဏ်ကြောင့် ဒီပွဲမှာ ပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး။

ချဲလ်ဆီး

ချဲလ်ဆီးဂိုးပေါက်မှာ ဒဏ်ရာရနေတဲ့ ကီပါအစား မန်ဒီပဲ ပွဲထွက်လာဖို့ရှိပါတယ်။ ဇီရက် ဒဏ်ရာကပြန်လည်သက်သာလာပြီး တီယာဂိုဆေးလ်ဗား၊ ချီဝဲလ်တို့လည်း ကြံ့ခိုင်မှုပြည့် ဝနေတဲ့အတွက် မန်ယူနဲ့ပွဲမှာ ဂီလ်မောတစ်ယောက်ပဲ လွဲချော်ဖို့ရှိ နေတယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





မန်ယူ


ချဲလ်ဆီး
