မနှစ်ကလိုအဖြစ်မခံတော့ဘူးဆိုတာ ယူနိုက်တက်ကိုအနိုင်ယူရင်း သက်သေပြသွားသလို စီးတီးကိုပါ ပွဲမကစားရဘဲ ချန်ပီယံဖြစ်စေခဲ့တဲ့ လက်စတာ

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလောင်းအဆင့်ကနေ အဆုံးသတ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရတဲ့ လက်စတာဟာ ဒီရာသီမှာလည်း အဲဒီလိုအခြေအနေမျိုးထပ်ဖြစ်ဖို့ ဖိအားတွေရှိလာပေမယ့် ကစားရခက်တဲ့ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူကာ တတိယနေရာ ပြန်ရောက်လာပါတယ်။


တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ရဲ့ရှုံးပွဲကြောင့် မြို့ခံပြိုင်ဘက် မန်စီးတီးကလည်း ၄ရာသီအတွင်း ၃ကြိမ်မြောက်အဖြစ် ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရာသီကုန်ဖို့ ၃ပွဲပဲ လိုတော့ချိန်မှာ ထိပ်ဆုံးက စီးတီးနဲ့ ၁၀မှတ်ကွာဟသွားတာကြောင့် စီးတီးလည်း ပွဲမကစားရတဲ့နေ့မှာ ချန်ပီယံဖြစ်လာခဲ့တာပါ။


အခုဆိုရင် မန်စီးတီးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ချန်ပီယံအများဆုံးရရှိတဲ့စာရင်းမှာ ချဲလ်ဆီးနဲ့အတူ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပြီး ၅ကြိမ်ရှိသွားပြီဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် အားလုံးအတွက် ပြောစရာဖြစ်ခဲ့တာက ယူနိုက်တက်ရဲ့ပွဲစဉ်ဇယားဖြစ်ပြီး တနင်္ဂနွေ၊ အင်္ဂါနဲ့ ကြာသပတေးနေ့တွေမှာ ၁ရက်ခြား ၃ပွဲကန်ရတဲ့အချက်ကြောင့် ဒီပွဲမှာ နည်းပြဆိုးလ်ရှားက တကယ့်အရန်စာရင်းကို ထုတ်သုံးလာပါတယ်။


ယူနိုက်တက်ရဲ့ပွဲထွက်စာရင်းမှာ တိုက်စစ်မှူးဂရင်းဝုဒ်လောက်ပဲ ပုံမှန်ပါဝင်ခွင့်ရနေတာဖြစ်ပြီး ဆိုးလ်ရှားက လူငယ်ကစားသမားတွေဖြစ်တဲ့ ဒီယယ်လိုနဲ့ အလန်ဂါတို့ကိုပါ ပွဲထွက်စာရင်းမှာ အသုံးပြုသွားပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်ကို အိမ်ကွင်းမှာပဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ လက်စတာကတော့ လူစာရင်းအပြည့်နဲ့ ပွဲထွက်လာပြီး ပွဲချိန် ၁၀ မိနစ်မှာပဲ နောက်ခံလူ သောမတ်စ်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


ပွဲချိန် ၁၅ မိနစ်မှာ ဒီယယ်လိုရဲ့ဖန်တီးပေးမှုကနေ ဂရင်းဝုဒ်က ယူနိုက်တက်အတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ ကာဗာနီတို့ကို တစ်ပြိုင်တည်းထည့်ကာ တိုက်စစ်ကို အပြောင်းအလဲလုပ်ခဲ့ပေမယ့် သူတို့လူစားလဲပြီးတဲ့အချိန်မှာပဲ လက်စတာက အနိုင်ဂိုးရသွားပါတယ်။

ထောင့်ကန်ဘောကန်ချိန် Build-up လုပ်ရာမှာ အစောပိုင်းက ရက်ရှ်ဖို့ဒ်ဟာ လက်စတာနောက်ခံလူ ဆိုယွန်ကူကို ကပ်ထားပေမယ့် နောက်ပိုင်းမှာ Marking လွတ်သွားပါတယ်။
မာတစ်ကလည်း မတားဆီးနိုင်ခဲ့လို့ ဆိုယွန်ကူက ခေါင်းတိုက်သွင်းဂိုးနဲ့အတူ လက်စတာကို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် ပြန်လည်တောက်ပစေခဲ့ပါတယ်။


အခုဆိုရင် လက်စတာဟာ လက်ကျန် ၂ပွဲကနေ အနည်းဆုံး ၄ မှတ်ရယူနိုင်ရင်ပဲ ကျန်အသင်းတွေရဲ့ရလဒ်ကို စောင့်ကြည့်စရာမလိုဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။


ပြီးတော့ လက်စတာဟာ စနေနေ့မှာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ချဲလ်ဆီးနဲ့ကစားရဦးမှာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ဖို့ စိတ်ဓာတ်ခွန်အားလည်းရရှိသွားပါတယ်။

Zawgyi
မႏွစ္ကလိုအျဖစ္မခံေတာ့ဘူးဆိုတာ ယူႏိုက္တက္ကိုအႏိုင္ယူရင္း သက္ေသျပသြားသလို စီးတီးကိုပါ ပဲြမကစားရဘဲ ခ်န္ပီယံျဖစ္ေစခဲ့တဲ့ လက္စတာ
ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံေလာင္းအဆင့္ကေန အဆုံးသတ္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ပါ လဲြေခ်ာ္ခဲ့ရတဲ့ လက္စတာဟာ ဒီရာသီမွာလည္း အဲဒီလိုအေျခအေနမ်ိဳးထပ္ျဖစ္ဖို႔ ဖိအားေတြရွိလာေပမယ့္ ကစားရခက္တဲ့ယူႏိုက္တက္ကို အိုးထရက္ဖို႔ဒ္မွာ အႏိုင္ယူကာ တတိယေနရာ ျပန္ေရာက္လာပါတယ္။
တစ္ခ်ိန္တည္းမွာပဲ ယူႏိုက္တက္ရဲ႕႐ံႈးပြဲေၾကာင့္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကလည္း ၄ရာသီအတြင္း ၃ႀကိမ္ေျမာက္အျဖစ္ ခ်န္ပီယံဆုဖလားရယူႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ရာသီကုန္ဖို႔ ၃ပြဲပဲ လိုေတာ့ခ်ိန္မွာ ထိပ္ဆုံးက စီးတီးနဲ႔ ၁၀မွတ္ကြာဟသြားတာေၾကာင့္ စီးတီးလည္း ပြဲမကစားရတဲ့ေန႔မွာ ခ်န္ပီယံျဖစ္လာခဲ့တာပါ။
အခုဆိုရင္ မန္စီးတီးဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ခ်န္ပီယံအမ်ားဆုံးရရွိတဲ့စာရင္းမွာ ခ်ဲလ္ဆီးနဲ႔အတူ ဒုတိယေနရာမွာ ပူးတြဲရပ္တည္ႏိုင္ခဲ့ၿပီး ၅ႀကိမ္ရွိသြားၿပီျဖစ္ပါတယ္။
ဒီပြဲမတိုင္ခင္ အားလုံးအတြက္ ေျပာစရာျဖစ္ခဲ့တာက ယူႏိုက္တက္ရဲ႕ပြဲစဥ္ဇယားျဖစ္ၿပီး တနဂၤေႏြ၊ အဂၤါနဲ႔ ၾကာသပေတးေန႔ေတြမွာ ၁ရက္ျခား ၃ပြဲကန္ရတဲ့အခ်က္ေၾကာင့္ ဒီပြဲမွာ နည္းျပဆိုးလ္ရွားက တကယ့္အရန္စာရင္းကို ထုတ္သုံးလာပါတယ္။
ယူႏိုက္တက္ရဲ႕ပြဲထြက္စာရင္းမွာ တိုက္စစ္မွဴးဂရင္းဝုဒ္ေလာက္ပဲ ပုံမွန္ပါ၀င္ခြင့္ရေနတာျဖစ္ၿပီး ဆိုးလ္ရွားက လူငယ္ကစားသမားေတြျဖစ္တဲ့ ဒီယယ္လိုနဲ႔ အလန္ဂါတို႔ကိုပါ ပြဲထြက္စာရင္းမွာ အသုံးျပဳသြားပါတယ္။
ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ နယူးကာဆယ္ကို အိမ္ကြင္းမွာပဲ ဂိုးျပတ္အေရးနိမ့္ခဲ့ရတဲ့ လက္စတာကေတာ့ လူစာရင္းအျပည့္နဲ႔ ပြဲထြက္လာၿပီး ပြဲခ်ိန္ ၁၀ မိနစ္မွာပဲ ေနာက္ခံလူ ေသာမတ္စ္က ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ဒီယယ္လိုရဲ႕ဖန္တီးေပးမႈကေန ဂရင္းဝုဒ္က ယူႏိုက္တက္အတြက္ ေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဒုတိယပိုင္းမွာ ရက္ရွ္ဖို႔ဒ္နဲ႔ ကာဗာနီတို႔ကို တစ္ၿပိဳင္တည္းထည့္ကာ တိုက္စစ္ကို အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ သူတို႔လူစားလဲၿပီးတဲ့အခ်ိန္မွာပဲ လက္စတာက အႏိုင္ဂိုးရသြားပါတယ္။
ေထာင့္ကန္ေဘာကန္ခ်ိန္ Build-up လုပ္ရာမွာ အေစာပိုင္းက ရက္ရွ္ဖို႔ဒ္ဟာ လက္စတာေနာက္ခံလူ ဆိုယြန္ကူကို ကပ္ထားေပမယ့္ ေနာက္ပိုင္းမွာ Marking လြတ္သြားပါတယ္။
မာတစ္ကလည္း မတားဆီးႏိုင္ခဲ့လို႔ ဆိုယြန္ကူက ေခါင္းတိုက္သြင္းဂိုးနဲ႔အတူ လက္စတာကို ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ ျပန္လည္ေတာက္ပေစခဲ့ပါတယ္။
အခုဆိုရင္ လက္စတာဟာ လက္က်န္ ၂ပြဲကေန အနည္းဆုံး ၄ မွတ္ရယူႏိုင္ရင္ပဲ က်န္အသင္းေတြရဲ႕ရလဒ္ကို ေစာင့္ၾကည့္စရာမလိုဘဲ ခ်န္ပီယံလိဂ္၀င္ခြင့္ရမွာပါ။

ၿပီးေတာ့ လက္စတာဟာ စေနေန႔မွာ အက္ဖ္ေအဖလားဗိုလ္လုပြဲအျဖစ္ ခ်ဲလ္ဆီးနဲ႔ကစားရဦးမွာျဖစ္ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ခ်န္ပီယံျဖစ္ဖို႔ စိတ္ဓာတ္ခြန္အားလည္းရရွိသြားပါတယ္။