မပြီးဆုံးနိုင်သေးတဲ့ ဆိုးလ်ရှား နဲ့ ယူနိုက်တက်ဘုတ်အဖွဲ့တို့ရဲ့ ဇာတ်မျော

ယူနိုက်တက်အသင်းဟာ နည်းပြ ဇီဒန်းနဲ့ ကောလဟလ သတင်းတွေ ဆက်တိုက်

ထွက်ပေါ်နေပေမယ့် ဇီဒန်း နဲ့ ယူနိုက်တို့အကြား လက်ရှိအချိန်အထိ ဆက်သွယ်မှု

တစ်စုံတစ်ရာ မရှိထားသေးကြောင်းသိရပါတယ်။

လက်စတာ အသင်းရဲ့ ဘရန်ဒန်ရော်ဂျာကသာ ယူနိုက်တက်ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်ပြီး

ရော်ဂျာ ကိုယ်တိုင်ကလည်း ၎င်းကို ယူနိုက်တက်အသင်း စိတ်ဝင်စားနေသည်ကို

ကောင်းစွာ သိရှိထားပေမယ့် ယူနိုက်တက်ဘက်က ရော်ဂျာကို ချိတ်ဆက်

ကမ်းလှမ်းထားတာမျိုးလည်း မရှိသေးတာဖြစ်ပါတယ်။

ယူနိုက်တက် ဘုတ်အဖွဲ့ရဲ့ ထိန်တန်းပိုင်း အဖွဲ့ဝင်တွေကတော့ လက်ရှိ

နည်းပြဆိုးလ်ရှားကို ဆက်လက်ထောက်ခံနေဆဲဖြစ်ပါတယ်။

ပြီးခဲ့ လတွေတုန်းတွေတုန်းကထက်တော့ ဘုတ်အဖွဲ့ဝင်တွေကြားမှာ

သဘောထားကွဲလွဲမှုက သိသိသာသာ ကြီးထွားလာခဲ့ပေမယ့်လည်း အဆိုပါ

အခြေအနေတွေဟာ နည်းပြဆိုးလ်ရှားကို ရာထူးမှ ထုတ်ပယ်ပစ်နိုင်

လောက်တဲ့အထိ ဩဇာသက်ရောင်နိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုအရတော့ ယူနိုက်တက်

ဘုတ်အဖွဲ့အတွင်းက အမည်မဖော်လိုသော ထိပ်တန်းပိုင်း ဘုတ်အဖွဲ့ဝင်

တစ်ဦးဟာ ယူနိုက်တက် နည်းပြရာထူးအတွက် သင့်လျော်တဲ့ အစားထိုးမှု

တစ်ခုပြုလုပ်ဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

zawgyi

















