မဖြစ်မြောက်လိုက်တဲ့ မန်ယူအပြောင်းအရွှေ့ကြောင့် ခြေစွမ်းကျသွားတဲ့ ဆန်ချို

ဒီရာသီမှာ အသင်းတောင်ပံကစားသမားဆန်ချို ခြေစွမ်းကျသွားတာဟာ မဖြစ်မြောက်လိုက်တဲ့မန်ယူအပြောင်းအရွှေ့ကြောင့်လို့ ဒေါ့မန်စီးအီးအိုဝက်ဇ်ကီက ယုံကြည်နေပါတယ်။

အဲဒီမန်စီးတီးကစားသမားဟောင်းဟာ အပြောင်းအလဲအတွက် ပြင်ဆင်ထားမှုတောင် လုပ်ပြီးသားလို့လည်း ဝက်ဇ်ကီက ဝန်ခံခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့နောက်ဆက်တွဲရိုက်ခတ်မှုဖြစ်တဲ့ ငွေကြေးအကျပ်အတည်းကြောင့် မန်ယူဟာ ဆန်ချိုအတွက် ဒေ့ါမန်ရဲ့ခေါ်ဈေးဖြစ်တဲ့ ပေါင် ၁၀၈ သန်းကို ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး မန်ယူနဲ့သတင်းတွေအကြီးအကျယ်ထွက်ခဲ့ပေမယ့် နောက်ဆုံးမှာ မဖြစ်မြောက်ခဲ့ပါဘူး။

အဲဒီအပြောင်းအရွှေ့ပုံပြင်အဆုံးသတ်သွားပြီးနောက်ပိုင်းကတည်းက သူ့ရဲ့ခြေစွမ်းဟာလည်း သိသိသာသာကို ကျဆင်းသွားပါတယ်။

ဘယ်လောက်ထိလဲဆိုရင် ပြီးခဲ့တဲ့ရာသီမှာ ၁၇ ဂိုးသွင်း၊ ၁၇ ဂိုးဖန်တီးနိုင်ခဲ့ဲတဲ့ ဆန်ချိုဟာ ဒေါ့မန်နဲ့ ဒီရာသီပထမရာသီဝက် ၁၉ ပွဲမှာ ၅ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း အသင်းစီအီးအိုဝက်ဇ်ကီက”ဆန်ချိုဟာ အပြောင်းအလဲအတွက် ပြင်ဆင်မှုတောင် လုပ်ထားပြီးသားပါ။ အဲဒီအတွက်လည်း သူ့ရဲ့အာရုံစူးစိုက်မှုဟာ ပျောက်ဆုံးခဲ့ရတာပါ”လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဆန်ချိုဟာ ပြီးခဲ့တဲ့တနင်္ဂနွေ ဝုဖ်ဘတ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒေ့ါမန်အတွက် သူ့ရဲ့ဒီရာသီပထမဆုံးဘွန်ဒက်စ်လီဂါဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ယူရဲ့အဓိကပစ်မှတ်ဖြစ်ခဲ့ပေမယ့် အခုတော့ အခြေအနေပြောင်းလဲသွားပြီး ဆိုးလ်ရှားအသင်းဟာ လာမယ့်နွေမှာ ဆန်ချိုထက် ဟာလန်းကိုခေါ်ယူဖို့သာ ကြိုးစားလိမ့်မယ်လို့ သတင်းတွေထက်ပေါ်နေပါတယ်။

Zawgyi

မျဖစ္ေျမာက္လုိက္တဲ့ မန္ယူအေျပာင္းအေရႊ႕ေၾကာင့္ ေျခစြမ္းက်သြားတဲ့ ဆန္ခ်ိဳ

ဒီရာသီမွာ အသင္းေတာင္ပံကစားသမားဆန္ခ်ိဳ ေျခစြမ္းက်သြားတာဟာ မျဖစ္ေျမာက္လုိက္တဲ့မန္ယူအေျပာင္းအေရႊ႕ေၾကာင့္လို႔ ေဒါ့မန္စီးအီးအို၀က္ဇ္ကီက ယုံၾကည္ေနပါတယ္။

အဲဒီမန္စီးတီးကစားသမားေဟာင္းဟာ အေျပာင္းအလဲအတြက္ ျပင္ဆင္ထားမႈေတာင္ လုပ္ၿပီးသားလုိ႔လည္း ၀က္္ဇ္ကီက ၀န္ခံခဲ့ပါတယ္။

ကိုရိုနာဗုိ္င္းရပ္စ္ရဲ႕ေနာက္ဆက္တြဲရိုက္ခတ္မႈျဖစ္တဲ့ ေငြေၾကးအက်ပ္အတည္းေၾကာင့္ မန္ယူဟာ ဆန္ခ်ိဳအတြက္ ေဒ့ါမန္ရဲ႕ေခၚေစ်းျဖစ္တဲ့ ေပါင္ ၁၀၈ သန္းကို ေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တစ္ေလွ်ာက္လုံး မန္ယူနဲ႔သတင္းေတြအႀကီးအက်ယ္ထြက္ခဲ့ေပမယ့္ ေနာက္ဆုံးမွာ မျဖစ္ေျမာက္ခဲ့ပါဘူး။

အဲဒီအေျပာင္းအေရႊ႕ပုံျပင္အဆုံးသတ္သြားၿပီးေနာက္ပိုင္းကတည္းက သူ႔ရဲ႕ေျခစြမ္းဟာလည္း သိသိသာသာကို က်ဆင္းသြားပါတယ္။

ဘယ္ေလာက္ထိလဲဆုိရင္ ၿပီးခဲ့တဲ့ရာသီမွာ ၁၇ ဂိုးသြင္း၊ ၁၇ ဂိုးဖန္တီးႏိုင္ခဲ့ဲတဲ့ ဆန္ခ်ိဳဟာ ေဒါ့မန္နဲ႔ ဒီရာသီပထမရာသီ၀က္ ၁၉ ပဲြမွာ ၅ ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း အသင္းစီအီးအို၀က္ဇ္ကီက”ဆန္ခ်ိဳဟာ အေျပာင္းအလဲအတြက္ ျပင္ဆင္မႈေတာင္ လုပ္ထားၿပီးသားပါ။ အဲဒီအတြက္လည္း သူ႔ရဲ႕အာရုံစူးစုိက္မႈဟာ ေပ်ာက္ဆုံးခဲ့ရတာပါ”လို႔ ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့လည္း ဆန္္ခ်ိဳဟာ ၿပီးခဲ့တဲ့တနဂၤေႏြ ၀ုဖ္ဘတ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ေဒ့ါမန္အတြက္ သူ႔ရဲ႕ဒီရာသီပထမဆုံးဘြန္ဒက္စ္လီဂါဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ မန္ယူရဲ႕အဓိကပစ္မွတ္ျဖစ္ခဲ့ေပမယ့္ အခုေတာ့ အေျခအေနေျပာင္းလဲသြားၿပီး ဆိုးလ္ရွားအသင္းဟာ လာမယ့္ေႏြမွာ ဆန္ခ်ိဳထက္ ဟာလန္းကိုေခၚယူဖို႔သာ ႀကိဳးစားလိမ့္မယ္လုိ႔ သတင္းေတြထက္ေပၚေနပါတယ္။