မရပ်တန့်သေးတဲ့အိပ်မက်တွေကို ဆက်လက်မက်နေအုံးမယ်ဆိုပြီး ခပ်မိုက်မိုက်စတိုင်နဲ့ နှစ်သစ်ကို ကြိုခဲ့တဲ့ လီဝမ်ဒေါ့စကီး 😂😁🏆#2020

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကပ်ရောဂါဘယ်လိုပဲဖြစ်ဖြစ် မနေ့ကတော့ ပရိသတ်အများစု ပုံစံအမျိုးမျိုးနဲ့ နှစ်သစ်ကို ကြိုခဲ့ကြတယ်မဟုတ်လား။ ထိပ်တန်းဘောလုံးသမားတွေလည်း ဓါတ်ပုံမျိုးစုံတင်ပြီး၊ နှစ်သစ်အတွက် ဆုတောင်းစကားတွေဆိုခဲ့ကြပါတယ်။ တချို့တွေက သားသမီးဇနီးကြင်ယာမိသားစုတွေနဲ့ ဓါတ်ပုံရိုက် အမှတ်တရပို့စ်တွေ တင်ကြပေမယ့် ရောဘတ် လီဝမ်ဒေါ့စကီးကတော့ ၂၀၂၀ခုနှစ်အတွင်း မှာ သူရရှိခဲ့တဲ့ ဆုတံဆိပ်တွေကို အိပ်ယာပေါ်မှာ ခင်းကျင်းပြီး ခပ်မိုက်မိုက် ဓါတ်ပုံနဲ့ နှစ်သစ် ကြိုခဲ့ပါတယ်။

ဘောလုံးသမားတွေလည်း ဘာရယ်မဟုတ် တစ်ခါတလေ ဗလပြကြပါတယ်။ ၃၂ နှစ်အရွယ် လီဝမ်ဒေါ့စကီးတစ်ယောက်လည်း အိပ်ယာထက်မှာ အပေါ်ပိုင်း ဗလပြပြီး ဆုတံဆိပ်တွေကို ဘေးဘယ်ညာမှာထားထားတဲ့ပုံနဲ့ “ဒီလိုပုံစုံနဲ့ နိုးလာတာပါ။ ဗားရှင်းမြင့်ထားတာပေါ့၊ 😂😁🏆#2020 #” ဆိုတဲ့ စာသားကိုရေးသားခဲ့ပါတယ်။

လီဝမ်ဒေါ့စကီးရဲ့ အိပ်ယာထက်မှာတော့ ဆုဖလား၊ ဆုတံဆိပ် စုစုပေါင်း ၁၂ ခုရှိပါတယ်။ ညာဘက်မှာ ချန်ပီယံလိဂ်ဖလား ရှိနေပြီး ဘယ်ဘက်မှာ ပိုကယ်ဖလား ရှိနေခဲ့ပါတယ်။ဘွန်ဒက်စ်လီဂါဖလားကိုလည်း အိပ်ယာပေါ်မှာ မြင်တွေ့ရမှာဖြစ်သလို ဂျာမန်စူပါဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားတွေကိုလည်း ဘယ်နဲ့ ညာမှာ အသီးသီး မြင်တွေ့နိုင်ပါတယ်။

ထိပ်တန်းကစားသမားလီဝမ်ဒေါ့စကီးဟာ ဘွန်ဒက်စ်လီဂါ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ လိဂ်မှာ ထိပ်တန်း ဂိုးသွင်းရှင်ဆုတို့ကို ဆွတ်ခူးခဲ့သလို Tuttosportရဲ့ Golden Playerဆု၊ Globe Soccer Awardကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲက လွဲရင် ပါဝင်ကစားတဲ့ ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့ကာ ယူအီးအက်ဖ်အေ ၁နှစ်တာ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ယူအီးအက်ဖ်အေ ၁နှစ်တာ အကောင်းဆုံးဆုကိုတော့ လီဝမ်ဒေါစကီးအနေနဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ လက်ရှိဘောလုံးလောကမှာ ရော်နယ်ဒိုနဲ့မက်ဆီတို့ပြီးရင် အတောက်ပဆုံး ခြေစွမ်းကောင်းကို တောက်လျှောက်ထိန်းသိမ်းထားနိုင်ခဲ့သူဖြစ်ပါတယ်။

ဘလွန်းဒီအော ၆ဆုရှင်အာဂျင်တီးနားစတားနဲ့ ၅ကြိမ်ရရှိထားသူပေါ်တူဂီစတားတို့နှစ်ဦးကြားကဖောက်ထွက်ပြီး တိုက်စစ်ကစားသမားထဲမှာ ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်မှာဘလွန်းဒီအောရရှိဖို့တစ်ပြေးခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကပ်ရောဂါဆိုးကြီးကြောင့် အဆိုပါဆုကိုယခုနှစ်မှာမပေးဖြစ်တော့တဲ့အတွက်ဘလွန်းဒီအောဆုနဲ့လွဲခဲ့ရတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မရပ္တန႔္ေသးတဲ့အိပ္မက္ေတြကို ဆက္လက္မက္ေနအုံးမယ္ဆိုၿပီး ခပ္မိုက္မိုက္စတိုင္နဲ႔ ႏွစ္သစ္ကို ႀကိဳခဲ့တဲ့ လီဝမ္ေဒါ့စကီး 😂😁🏆#2020

ကပ္ေရာဂါဘယ္လိုပဲျဖစ္ျဖစ္ မေန႔ကေတာ့ ပရိသတ္အမ်ားစု ပုံစံအမ်ိဳးမ်ိဳးနဲ႔ ႏွစ္သစ္ကို ႀကိဳခဲ့ၾကတယ္မဟုတ္လား။ ထိပ္တန္းေဘာလုံးသမားေတြလည္း ဓါတ္ပုံမ်ိဳးစုံတင္ၿပီး၊ ႏွစ္သစ္အတြက္ ဆုေတာင္းစကားေတြဆိုခဲ့ၾကပါတယ္။ တခ်ိဳ႕ေတြက သားသမီးဇနီးၾကင္ယာမိသားစုေတြနဲ႔ ဓါတ္ပုံ႐ိုက္ အမွတ္တရပို႔စ္ေတြ တင္ၾကေပမယ့္ ေရာဘတ္ လီဝမ္ေဒါ့စကီးကေတာ့ ၂၀၂၀ခုႏွစ္အတြင္း မွာ သူရရွိခဲ့တဲ့ ဆုတံဆိပ္ေတြကို အိပ္ယာေပၚမွာ ခင္းက်င္းၿပီး ခပ္မိုက္မိုက္ ဓါတ္ပုံနဲ႔ ႏွစ္သစ္ ႀကိဳခဲ့ပါတယ္။

ေဘာလုံးသမားေတြလည္း ဘာရယ္မဟုတ္ တစ္ခါတေလ ဗလျပၾကပါတယ္။ ၃၂ ႏွစ္အ႐ြယ္ လီဝမ္ေဒါ့စကီးတစ္ေယာက္လည္း အိပ္ယာထက္မွာ အေပၚပိုင္း ဗလျပၿပီး ဆုတံဆိပ္ေတြကို ေဘးဘယ္ညာမွာထားထားတဲ့ပုံနဲ႔ “ဒီလိုပုံစုံနဲ႔ ႏိုးလာတာပါ။ ဗားရွင္းျမင့္ထားတာေပါ့၊ 😂😁🏆#2020 # ” ဆိုတဲ့ စာသားကိုေရးသားခဲ့ပါတယ္။ လီဝမ္ေဒါ့စကီးရဲ႕ အိပ္ယာထက္မွာေတာ့ ဆုဖလား၊ ဆုတံဆိပ္ စုစုေပါင္း ၁၂ ခုရွိပါတယ္။ ညာဘက္မွာ ခ်န္ပီယံလိဂ္ဖလား ရွိေနၿပီး ဘယ္ဘက္မွာ ပိုကယ္ဖလား ရွိေနခဲ့ပါတယ္။ဘြန္ဒက္စ္လီဂါဖလားကိုလည္း အိပ္ယာေပၚမွာ ျမင္ေတြ႕ရမွာျဖစ္သလို ဂ်ာမန္စူပါဖလား၊ ယူအီးအက္ဖ္ေအ စူပါဖလားေတြကိုလည္း ဘယ္နဲ႔ ညာမွာ အသီးသီး ျမင္ေတြ႕ႏိုင္ပါတယ္။ ထိပ္တန္းကစားသမားလီဝမ္ေဒါ့စကီးဟာ ဘြန္ဒက္စ္လီဂါ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆု၊ လိဂ္မွာ ထိပ္တန္း ဂိုးသြင္းရွင္ဆုတို႔ကို ဆြတ္ခူးခဲ့သလို Tuttosportရဲ႕ Golden Playerဆု၊ Globe Soccer Awardကိုလည္း ရရွိခဲ့ပါတယ္။ သူဟာ ခ်န္ပီယံလိဂ္မွာ ဗိုလ္လုပြဲက လြဲရင္ ပါဝင္ကစားတဲ့ ပြဲတိုင္း ဂိုးသြင္းႏိုင္ခဲ့ကာ ယူအီးအက္ဖ္ေအ ၁ႏွစ္တာ အေကာင္းဆုံး တိုက္စစ္မႉးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

ယူအီးအက္ဖ္ေအ ၁ႏွစ္တာ အေကာင္းဆုံးဆုကိုေတာ့ လီဝမ္ေဒါစကီးအေနနဲ႔ နာမည္ေက်ာ္ ကစားသမားေတြျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ကို ေက်ာ္ျဖတ္ကာ ဆြတ္ခူးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လီဝမ္ေဒါစကီးဟာ လက္ရွိေဘာလုံး​ေလာကမွာ ေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ၿပီးရင္ အေတာက္ပဆုံး ေျခစြမ္းေကာင္းကို ေတာက္ေလွ်ာက္ထိန္းသိမ္းထားႏိုင္ခဲ့သူျဖစ္ပါတယ္။

ဘလြန္းဒီေအာ ၆ဆုရွင္အာဂ်င္တီးနားစတားနဲ႔ ၅ႀကိမ္ရရွိထားသူေပၚတူဂီစတားတို႔ႏွစ္ဦးၾကားကေဖာက္ထြက္ၿပီး တိုက္စစ္ကစားသမားထဲမွာ ပထမဆုံးအႀကိမ္အျဖစ္ ယခုႏွစ္မွာဘလြန္းဒီေအာရရွိဖို႔တစ္ေျပးခဲ့သူလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ကပ္ေရာဂါဆိုးႀကီးေၾကာင့္ အဆိုပါဆုကိုယခုႏွစ္မွာမေပးျဖစ္ေတာ့တဲ့အတြက္ဘလြန္းဒီေအာဆုနဲ႔လြဲခဲ့ရတာပါ။