မာတင်နယ်လီရဲ့ ဒဏ်ရာပြဿနာအပေါ် အာတီတာ စိတ်ပျက်လျက်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးလ်ကစားသမားဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ( ၆ ) လကျော် အနားယူခဲ့ရပြီး ဒီဇင်ဘာလမှာ ပြန်လည် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂါဘရီရယ် မာတင်နယ်လီဟာ နယူးကာဆယ် ယူနိုက်တက်နဲ့ ကစားခဲ့ရတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ရေးပြုလုပ်စဉ် ထိခိုက်မှုရှိခဲ့ပြီး နည်းပြ အာတီတာက လူငယ်ကစားသမားရဲ့ ဒဏ်ရာပြဿနာဟာ အခြေအနေကောင်းပုံမရကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ( ၁၉ ) နှစ်အရွယ် လူငယ် ကစားသမားဟာ ပွဲစဖို့ မိနစ်ပိုင်းအလိုမှာ ဒူးဒဏ်ရာခံစားခဲ့ရကြောင်း အာဆင်နယ်အသင်းမှ အတည်ပြုပြောကြားခဲ့ပါတယ်။ မာတင်နယ်လီကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားပေမယ့် ဒဏ်ရာပြဿနာကြောင့် Reiss Nelson နဲ့ အစားထိုးခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ အချိန်ပို မိနစ် ( ၃၀ ) ကစားခဲ့ရပြီး ( 2- 0) ရလာဒ်နဲ့ အနိုင်ရရှိခဲ့တယ်။ နည်းပြ အာတီတာက မာတင်နယ်လီ ရဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သက်ပြီး ပွဲအပြီးမှာ ယခုလို ပြောကြားခဲ့ပါတယ်။

” ကျွန်တော် စိတ်ပျက်ရပါတယ်။ ပွဲမကစားမီ ကျွန်တော် ရုံးခန်းထဲမှာ ရှိနေခဲ့တာပါ။ နည်းပြ တစ်ယောက်က ဂါဘီ သူ့ဟာနဲ့သူ ထိခိုက်မိပြီး ခြေချင်းဝတ်လိမ်သွားတယ်လို့ လာပြောပါတယ်။ ကျွန်တော် ဆေးခန်းထဲသွားတော့ သူငိုနေတာ တွေ့ရပါတယ်။ အခြေအနေ မကောင်းပါဘူး။

သူ ပြင်းထန်တဲ့ နာကျင်မှုခံစားနေခဲ့ရတယ်။ ဘယ်လို ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ သူ့ဒဏ်ရာကို ကြည့်ရတာ ကျွန်တော်တို့အနေနဲ့ သတင်းကောင်း ကြားရဖို့ ရှိမယ်မထင်ပါဘူး။ အရမ်းကြီး မပြင်းထန်ဖို့ မျှော်လင့်ရပါတယ်။ ”

ဘရာဇီးကစားသမားဟာ ဒူးဒဏ်ရာကြောင့် ( ၆ ) လကျော် အနားယူနေရပြီး ဒီဇင်ဘာလ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ ပြန်လည် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။မာတင်နယ်လီအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် ( ၃ ) ပွဲပါဝင်ခွင့် ရထားပေမယ့် အာဆင်နယ်အသင်းရဲ့ နောက်ဆုံးပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်မှာတော့ အရံခုံမှာပဲ နေခဲ့ရပြီး ပွဲကစားခွင့်မရခဲ့တာ တွေ့ရပါတယ်။ Source : Goal

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘရာဇီးလ္ကစားသမားဟာ ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ ( ၆ ) လေက်ာ္ အနားယူခဲ့ရၿပီး ဒီဇင္ဘာလမွာ ျပန္လည္ ကစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ဂါဘရီရယ္ မာတင္နယ္လီဟာ နယူးကာဆယ္ ယူႏိုက္တက္နဲ႔ ကစားခဲ့ရတဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မတိုင္မီ ေသြးပူေလ့က်င့္ေရးျပဳလုပ္စဥ္ ထိခိုက္မႈရွိခဲ့ၿပီး နည္းျပ အာတီတာက လူငယ္ကစားသမားရဲ႕ ဒဏ္ရာျပႆနာဟာ အေျခအေနေကာင္းပုံမရေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အသက္ ( ၁၉ ) ႏွစ္အ႐ြယ္ လူငယ္ ကစားသမားဟာ ပြဲစဖို႔ မိနစ္ပိုင္းအလိုမွာ ဒူးဒဏ္ရာခံစားခဲ့ရေၾကာင္း အာဆင္နယ္အသင္းမွ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ မာတင္နယ္လီကို ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳဖို႔ ရည္႐ြယ္ထားေပမယ့္ ဒဏ္ရာျပႆနာေၾကာင့္ Reiss Nelson နဲ႔ အစားထိုးခဲ့ရပါတယ္။အာဆင္နယ္အသင္းဟာ အခ်ိန္ပို မိနစ္ ( ၃၀ ) ကစားခဲ့ရၿပီး ( 2- 0) ရလာဒ္နဲ႔ အႏိုင္ရရွိခဲ့တယ္။

နည္းျပ အာတီတာက မာတင္နယ္လီ ရဲ႕ ဒဏ္ရာျပႆနာနဲ႔ ပတ္သက္ၿပီး ပြဲအၿပီးမွာ ယခုလို ေျပာၾကားခဲ့ပါတယ္။

” ကြၽန္ေတာ္ စိတ္ပ်က္ရပါတယ္။ ပြဲမကစားမီ ကြၽန္ေတာ္ ႐ုံးခန္းထဲမွာ ရွိေနခဲ့တာပါ။ နည္းျပ တစ္ေယာက္က ဂါဘီ သူ႔ဟာနဲ႔သူ ထိခိုက္မိၿပီး ေျခခ်င္းဝတ္လိမ္သြားတယ္လို႔ လာေျပာပါတယ္။ ကြၽန္ေတာ္ ေဆးခန္းထဲသြားေတာ့ သူငိုေနတာ ေတြ႕ရပါတယ္။ အေျခအေန မေကာင္းပါဘူး။ သူ ျပင္းထန္တဲ့ နာက်င္မႈခံစားေနခဲ့ရတယ္။ ဘယ္လို ဆက္ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ရပါမယ္။ သူ႔ဒဏ္ရာကို ၾကည့္ရတာ ကြၽန္ေတာ္တို႔အေနနဲ႔ သတင္းေကာင္း ၾကားရဖို႔ ရွိမယ္မထင္ပါဘူး။ အရမ္းႀကီး မျပင္းထန္ဖို႔ ေမွ်ာ္လင့္ရပါတယ္။ ”

ဘရာဇီးကစားသမားဟာ ဒူးဒဏ္ရာေၾကာင့္ ( ၆ ) လေက်ာ္ အနားယူေနရၿပီး ဒီဇင္ဘာလ အဲဗာတန္အသင္းနဲ႔ ပြဲစဥ္မွာ ျပန္လည္ ကစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။မာတင္နယ္လီအေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ ( ၃ ) ပြဲပါဝင္ခြင့္ ရထားေပမယ့္ အာဆင္နယ္အသင္းရဲ႕ ေနာက္ဆုံးပရီးမီးယားလိဂ္ ပြဲစဥ္ျဖစ္တဲ့ ဝက္စ္ဘ႐ြန္းနဲ႔ ပြဲစဥ္မွာေတာ့ အရံခုံမွာပဲ ေနခဲ့ရၿပီး ပြဲကစားခြင့္မရခဲ့တာ ေတြ႕ရပါတယ္။ Source : Goal