“ မာတာက အပါးနပ်ဆုံး ကစားသမားတစ်ဦးပါ ။” _ ရှောတိုင်ယာ

ဆိုလာ ရှောတိုင်ယာဟာ ပြီးခဲ့တဲ့ရာသီ အစောပိုင်းက နယူးကာဆယ်နဲ့ ပွဲစဥ်မှာ အသင်းကြီးနဲ့အတူ စတင်ပါဝင်လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ( ၇ ) ယောက်မြောက် အသက်အငယ်ဆုံး ကစားသမား ၊ ပရီးမီးယားလိဂ်ခေတ်ရဲ့ ဒုတိယ အသက်အငယ်ဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လူငယ်ကြယ်ပွင့်ဟာ အသင်းကြီးမှာ ကစားခွင့်များစွာ မရခဲ့ပေမယ့် စီနီယာကစားသမားတွေနဲ့တော့ မကြာခဏ လေ့ကျင့်လျက်ရှိပါတယ်။

အဆိုပါ လေ့ကျင့်ရေး အစီအစဥ်တွေမှာ ဂျူအန် မာတာက ရှောတိုင်ယာရဲ့ အာရုံစိုက်ခြင်း ခံခဲ့ရပါတယ်။

ဒါကြောင့် သူက စပိန်ကစားသမားဟာ သူ့ရဲ့ ဘောလုံးသမားဘဝတစ်လျှောက်မှာ အပါးနပ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

ရှောတိုင်ယာက မန်ချက်စတာ ယူနိုက်တက်ရဲ့ တရားဝင်ဝက်ဆိုဒ်နဲ့ တွေ့ဆုံရာမှာ “ ကျွန်တော်က အလျင်မြန်ဆုံး ကစားသမားတွေထဲမှာ မပါဝင်တဲ့အတွက် နည်းစနစ်ပိုင်း ကျွမ်းကျင်မှု ရှိရပါမယ်။

ကျွန်တော် ဂျူအန် မာတာကို သဘောကျပါတယ်။

သူက အရပ် အရှည်ဆုံးလည်း မဟုတ်သလို အသန်မာဆုံးလည်း မဟုတ်ပါဘူး။

ဒါပေမယ့် သူက ကျွန်တော် မြင်တွေ့ဖူးတဲ့ အပါးနပ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

သူက အမြဲ ခြေနှစ်လှမ်း ရှေ့ရောက်နေပြီးသားပါ။ ကျွန်တော် သူ့ကို အများကြီး သဘောကျပါတယ်။”လို့ ဆိုခဲ့ပါတယ်။

မန်နေဂျာ အိုလေ ဂန်းနား ဆိုးရှားအနေနဲ့ လာမယ့် ရာသီကြိုပွဲစဥ်တွေမှာ ရှောတိုင်ယာကို အသုံးပြုသွားဖို့ မျှော်လင့်ရပါတယ်။

အသက် ( ၁၇ ) နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်အသင်းကြီးနဲ့အတူ နံပါတ် ( ၇၄ ) ဂျာစီ ဝတ်ဆင်ပြီး ကစားလေ့ရှိပေမယ့် ယခုနွေရာသီမှာတော့ နံပါတ်သစ်တစ်ခု ပိုင်ဆိုင်ခွင့်ရဖွယ်ရှိနေပါတယ်။

Zawgyi

“ မာတာက အပါးနပ္ဆုံး ကစားသမားတစ္ဦးပါ ။” _ ေရွာတိုင္ယာ

ဆိုလာ ေရွာတိုင္ယာဟာ ၿပီးခဲ့တဲ့ရာသီ အေစာပိုင္းက နယူးကာဆယ္နဲ႔ ပြဲစဥ္မွာ အသင္းႀကီးနဲ႔အတူ စတင္ပါဝင္လာခဲ့ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ( ၇ ) ေယာက္ေျမာက္ အသက္အငယ္ဆုံး ကစားသမား ၊ ပရီးမီးယားလိဂ္ေခတ္ရဲ႕ ဒုတိယ အသက္အငယ္ဆုံး အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

လူငယ္ၾကယ္ပြင့္ဟာ အသင္းႀကီးမွာ ကစားခြင့္မ်ားစြာ မရခဲ့ေပမယ့္ စီနီယာကစားသမားေတြနဲ႔ေတာ့ မၾကာခဏ ေလ့က်င့္လ်က္ရွိပါတယ္။

အဆိုပါ ေလ့က်င့္ေရး အစီအစဥ္ေတြမွာ ဂ်ဴအန္ မာတာက ေရွာတိုင္ယာရဲ႕ အာ႐ုံစိုက္ျခင္း ခံခဲ့ရပါတယ္။ ဒါေၾကာင့္ သူက စပိန္ကစားသမားဟာ သူ႔ရဲ႕ ေဘာလုံးသမားဘဝတစ္ေလွ်ာက္မွာ အပါးနပ္ဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေရွာတိုင္ယာက မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ တရားဝင္ဝက္ဆိုဒ္နဲ႔ ေတြ႕ဆုံရာမွာ “ ကြၽန္ေတာ္က အလ်င္ျမန္ဆုံး ကစားသမားေတြထဲမွာ မပါဝင္တဲ့အတြက္ နည္းစနစ္ပိုင္း ကြၽမ္းက်င္မႈ ရွိရပါမယ္ ။ ကြၽန္ေတာ္ ဂ်ဴအန္ မာတာကို သေဘာက်ပါတယ္။ သူက အရပ္ အရွည္ဆုံးလည္း မဟုတ္သလို အသန္မာဆုံးလည္း မဟုတ္ပါဘူး ။ ဒါေပမယ့္ သူက ကြၽန္ေတာ္ ျမင္ေတြ႕ဖူးတဲ့ အပါးနပ္ဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ သူက အၿမဲ ေျခႏွစ္လွမ္း ေရွ႕ေရာက္ေနၿပီးသားပါ ။ ကြၽန္ေတာ္ သူ႔ကို အမ်ားႀကီး သေဘာက်ပါတယ္။”လို႔ ဆိုခဲ့ပါတယ္။

မန္ေနဂ်ာ အိုေလ ဂန္းနား ဆိုးရွားအေနနဲ႔ လာမယ့္ ရာသီႀကိဳပြဲစဥ္ေတြမွာ ေရွာတိုင္ယာကို အသုံးျပဳသြားဖို႔ ေမွ်ာ္လင့္ရပါတယ္။

အသက္ ( ၁၇ ) ႏွစ္အ႐ြယ္ ကစားသမားဟာ ယူႏိုက္တက္အသင္းႀကီးနဲ႔အတူ နံပါတ္ ( ၇၄ ) ဂ်ာစီ ဝတ္ဆင္ၿပီး ကစားေလ့ရွိေပမယ့္ ယခုေႏြရာသီမွာေတာ့ နံပါတ္သစ္တစ္ခု ပိုင္ဆိုင္ခြင့္ရဖြယ္ရွိေနပါတယ္။