မာတာရဲ့လေးစားစရာကောင်းတဲ့ စီမံကိန်းကြောင့် UEFA ရဲ့အထူးဂုဏ်ပြုဆုရရှိ

မန်ချက်စတာယူနိုက်တက်အသင်းစပိန်ဝါရင့်ကွင်းလယ်လူမာတာက

UEFA ကချီးမြှင့်တဲ့ အထူးဂုဏ်ပြုဆုရရှိခဲ့တဲ့အတွက်

ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ မာတာဟာ ၂၀၁၇ ခုနှစ်က

Common Goal ဆိုတဲ့ လူမှုရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘောလုံးကဏ္ဍနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာ

ငွေကြေးထောက်ပံ့နိုင်ဖို့အတွက် ဘောလုံးသမားတွေနဲ့ နည်းပြတွေဆီကနေ

သူတို့ရနေတဲ့ လစာငွေထဲက အနည်းဆုံး(၁%)လောက်ကို လှူဒါန်းဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် မာတာရဲ့ Common Goal အဖွဲ့မှာ UEFA ဥက္ကဌဆယ်ဖာရင်အပြင်

နာမည်ကျော်ဘောလုံးသမားတွေနဲ့နည်းပြတွေပါဝင်နေပြီး

သူတို့က ဘောလုံးအားကစားနဲ့ပတ်သက်ပြီး ချို့တဲ့နေတဲ့သူတွေကို

ငွေကြေးထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

မာတာရဲ့လေးစားစရာကောင်းတဲ့ စီမံကိန်းကိုဂုဏ်ပြုတဲ့အနေနဲ့ UEFA က

သူ့ကို အထူးဂုဏ်ပြုဆုချီးမြင့်ခဲ့တာဖြစ်ပြီး

မာတာက”ကျွန်တော်တို့အဖွဲ့အစည်းမှာပါဝင်ကြသူတွေရဲ့ စွမ်းဆောင်ရည်အပေါ်

ဂုဏ်ယူမိပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ကြတဲ့

လူပုဂ္ဂိုလ်တွေအတွက်လည်း ဂုဏ်ယူမိပါတယ်။

ဘောလုံးဆိုတာက ကမ္ဘာ့အကောင်းဆုံးအားကစားနည်းတစ်ခုသာမဟုတ်ဘဲ

အဲဒီထက်အများကြီးပိုပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

မာတာရဲ႕ေလးစားစရာေကာင္းတဲ့ စီမံကိန္းေၾကာင့္ UEFA ရဲ႕အထူးဂုဏ္ျပဳဆုရရွိ

မန္ခ်က္စတာယူႏိုက္တက္အသင္းစပိန္ဝါရင့္ကြင္းလယ္လူမာတာက

UEFA ကခ်ီးျမႇင့္တဲ့ အထူးဂုဏ္ျပဳဆုရရွိခဲ့တဲ့အတြက္

ဂုဏ္ယူဝမ္းေျမာက္မိတယ္လို႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာတာဟာ ၂၀၁၇ ခုႏွစ္က

Common Goal ဆိုတဲ့ လူမႈေရးအဖြဲ႕တစ္ခုကို ဖြဲ႕စည္းခဲ့ၿပီး

ကမာၻတစ္ဝန္းမွာရွိတဲ့ ေဘာလုံးက႑နဲ႔ပတ္သက္တဲ့ကိစၥရပ္ေတြမွာ

ေငြေၾကးေထာက္ပံ့ႏိုင္ဖို႔အတြက္ ေဘာလုံးသမားေတြနဲ႔ နည္းျပေတြဆီကေန

သူတို႔ရေနတဲ့ လစာေငြထဲက အနည္းဆုံး(၁%)ေလာက္ကို လႉဒါန္းဖို႔တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ မာတာရဲ႕ Common Goal အဖြဲ႕မွာ UEFA ဥကၠဌဆယ္ဖာရင္အျပင္

နာမည္ေက်ာ္ေဘာလုံးသမားေတြနဲ႔နည္းျပေတြပါဝင္ေနၿပီး

သူတို႔က ေဘာလုံးအားကစားနဲ႔ပတ္သက္ၿပီး ခ်ိဳ႕တဲ့ေနတဲ့သူေတြကို

ေငြေၾကးေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။

မာတာရဲ႕ေလးစားစရာေကာင္းတဲ့ စီမံကိန္းကိုဂုဏ္ျပဳတဲ့အေနနဲ႔ UEFA က

သူ႔ကို အထူးဂုဏ္ျပဳဆုခ်ီးျမင့္ခဲ့တာျဖစ္ၿပီး

မာတာက”ကြၽန္ေတာ္တို႔အဖြဲ႕အစည္းမွာပါဝင္ၾကသူေတြရဲ႕ စြမ္းေဆာင္ရည္အေပၚ

ဂုဏ္ယူမိၿပီး အခက္အခဲေတြကို ေက်ာ္လႊားႏိုင္ခဲ့ၾကတဲ့

လူပုဂၢိဳလ္ေတြအတြက္လည္း ဂုဏ္ယူမိပါတယ္။

ေဘာလုံးဆိုတာက ကမာၻ႔အေကာင္းဆုံးအားကစားနည္းတစ္ခုသာမဟုတ္ဘဲ

အဲဒီထက္အမ်ားႀကီးပိုပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။