
ယူနိုက်တက်ရဲ့ ဟယ်ရီကိန်း ခေါ်ယူရေးစီမံကိန်းမှာ စတေးခံဖြစ်မယ့် မာရှယ်
ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ
အသင်းကနေ ထွက်ခွါဖို့အားခဲထားတဲ့ တိုက်စစ်မှူး အန်သိုနီမာရှယ်ကို
အသုံးချပြီးသူတို့အလိုရှိနေတဲ့ တော့တင်ဟမ် တိုက်စစ်မှူးဟယ်ရီကိန်းကို
ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေတာ တွေ့ရပါတယ် ။
ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီမှာ နေရာစုံ ကိုပြန်လည်ဖြည့်တင်းရမှာ ဖြစ်ပြီး
ကွင်းလယ် နဲ့ နောက်တန်း ကို အဓိက ထားပြီး ဖြည့်တင်းမှာဖြစ်တာကြောင့်
တိုက်စစ်ကို ဖြည့်တင်းရာမှာ ငွေကြေး အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
မာရှယ်က လက်ရှိမှာ ဆီဗီလာ အသင်းမှာ အငှားကစားနေပေမယ့်
ဆီဗီလာ မှာ လည်း အဆင်မချောလှသလို
သူ့ကို လာမယ့်နွေမှာ အသင်းက အနာဂတ် အတွက်
ထည့်သွင်းရေးဆွဲလိုခြင်းမရှိတာကြောင့် အရောင်းစာရင်းမှာသာ အသုံးပြုဖွယ် ရှိပါတယ်။
မာရှယ် ကိုယ်တိုင်ကလည်း အသင်းမှာ ပြန်လည်ခြေချဖို့ထက်
ထွက်ခွါဖို့ကိုသာ ဦးစားပေးနေသလို နည်းပြသစ် အနေနဲ့ လေးလံပြီး
စိတ်ဓာတ်ပိုင်း ပြဿနာ ရှိနေတဲ့ ကစားသမား ကို အသင်းမှာ နေရာပြန်ပေးဖို့ က
လွယ်ကူမှာတော့ မဟုတ်တာ သေချာပါတယ်။
မာရှယ် က တန်ဟဂ် အကြိုက် နံပါတ်(၉)ကစားသမား မဟုတ်သလို
ဘယ်ခြမ်းမှာလည်း ဆန်ချို၊မားကပ်စ်ရက်ဖို့ဒ်အပြင်
အီလန်ဂါလည်း ရှိနေတာကြောင့် သူ့အတွက် ဆီဗီလာ ကအပြန်
အသင်းကနေ ထွက်ခွါခွင့်ကသာ အကောင်းဆုံး အခွင့်အရေး ဖြစ်လာပါလိမ့်မယ်။
ယူနိုက်တက်နဲ့ ဘင်ဖီကာ တိုက်စစ်မှူး နူနက်ဇ် ၊ နာပိုလီ တိုက်စစ်မှူး အိုဆီမန်တို့ပါ
အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သူတို့အသင်းရဲ့ နံပါတ်တစ်
ပစ်မှတ်က အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်း ဖြစ်ပါတယ်။
စပါးအသင်းကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး
ပေါင် ၁၅၀သန်း မရရင် မရောင်းချဘူးလို့ သတင်းလွှင့်ထားပေမယ့်
ယူနိုက်တက်က ဟယ်ရီကိန်း အတွက် မာရှယ် + ပြောင်းရွှေ့ကြေး
ပေါင် ၈၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမယ် ဆိုရင်တော့ ကမ်းလှမ်းမှုကို
လက်ခံဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
zawgyi
မာရွယ္ကိုအသုံးခ်ၿပီး အလိုရွိေနတဲ့ ဟယ္ရီကိန္းကိုေခၚယူဖို႔ ႀကိဳးစားလာဖြယ္ရွိတဲ့ ယူႏိုက္တက္
ယူႏိုက္တက္ရဲ႕ ဟယ္ရီကိန္း ေခၚယူေရးစီမံကိန္းမွာ စေတးခံျဖစ္မယ့္ မာရွယ္
ယူႏိုက္တက္အသင္းဟာ လာမယ့္ေႏြရာသီ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာ
အသင္းကေန ထြက္ခြါဖို႔အားခဲထားတဲ့ တိုက္စစ္မႉး အန္သိုနီမာရွယ္ကို
အသုံးခ်ၿပီးသူတို႔အလိုရွိေနတဲ့ ေတာ့တင္ဟမ္ တိုက္စစ္မႉးဟယ္ရီကိန္းကို
ေခၚယူဖို႔ ႀကိဳးစားလာဖြယ္ ရွိေနတာ ေတြ႕ရပါတယ္ ။
ယူႏိုက္တက္အေနနဲ႔ လာမယ့္ရာသီမွာ ေနရာစုံ ကိုျပန္လည္ျဖည့္တင္းရမွာ ျဖစ္ၿပီး
ကြင္းလယ္ နဲ႔ ေနာက္တန္း ကို အဓိက ထားၿပီး ျဖည့္တင္းမွာျဖစ္တာေၾကာင့္
တိုက္စစ္ကို ျဖည့္တင္းရာမွာ ေငြေၾကး အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ရႏိုင္ပါတယ္။
မာရွယ္က လက္ရွိမွာ ဆီဗီလာ အသင္းမွာ အငွားကစားေနေပမယ့္
ဆီဗီလာ မွာ လည္း အဆင္မေခ်ာလွသလို
သူ႔ကို လာမယ့္ေႏြမွာ အသင္းက အနာဂတ္ အတြက္
ထည့္သြင္းေရးဆြဲလိုျခင္းမရွိတာေၾကာင့္ အေရာင္းစာရင္းမွာသာ အသုံးျပဳဖြယ္ ရွိပါတယ္။
မာရွယ္ ကိုယ္တိုင္ကလည္း အသင္းမွာ ျပန္လည္ေျခခ်ဖို႔ထက္
ထြက္ခြါဖို႔ကိုသာ ဦးစားေပးေနသလို နည္းျပသစ္ အေနနဲ႔ ေလးလံၿပီး
စိတ္ဓာတ္ပိုင္း ျပႆနာ ရွိေနတဲ့ ကစားသမား ကို အသင္းမွာ ေနရာျပန္ေပးဖို႔ က
လြယ္ကူမွာေတာ့ မဟုတ္တာ ေသခ်ာပါတယ္။
မာရွယ္ က တန္ဟဂ္ အႀကိဳက္ နံပါတ္(၉)ကစားသမား မဟုတ္သလို
ဘယ္ျခမ္းမွာလည္း ဆန္ခ်ိဳ၊မားကပ္စ္ရက္ဖို႔ဒ္အျပင္
အီလန္ဂါလည္း ရွိေနတာေၾကာင့္ သူ႔အတြက္ ဆီဗီလာ ကအျပန္
အသင္းကေန ထြက္ခြါခြင့္ကသာ အေကာင္းဆုံး အခြင့္အေရး ျဖစ္လာပါလိမ့္မယ္။
ယူႏိုက္တက္နဲ႔ ဘင္ဖီကာ တိုက္စစ္မႉး ႏူနက္ဇ္ ၊ နာပိုလီ တိုက္စစ္မႉး အိုဆီမန္တို႔ပါ
အေျပာင္းအေ႐ႊ႕ သတင္းေတြ ထြက္ေပၚေနေပမယ့္ သူတို႔အသင္းရဲ႕ နံပါတ္တစ္
ပစ္မွတ္က အဂၤလန္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဟယ္ရီကိန္း ျဖစ္ပါတယ္။
စပါးအသင္းကေတာ့ သူတို႔ရဲ႕ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္းကို ေျပာင္းေ႐ႊ႕ေၾကး
ေပါင္ ၁၅၀သန္း မရရင္ မေရာင္းခ်ဘူးလို႔ သတင္းလႊင့္ထားေပမယ့္
ယူႏိုက္တက္က ဟယ္ရီကိန္း အတြက္ မာရွယ္ + ေျပာင္းေ႐ႊ႕ေၾကး
ေပါင္ ၈၀သန္း ဝန္းက်င္နဲ႔ ကမ္းလွမ္းမယ္ ဆိုရင္ေတာ့ ကမ္းလွမ္းမႈကို
လက္ခံဖြယ္ ရွိေၾကာင္း အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။