မာရှယ်ကြောင့် ယူနိုက်တက် ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာလို့ ဂွါဒီယိုလာ ပြစ်တင် ဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယူနိုက်တက်အသင်းချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့အဓိကတရားခံဟာ မာရှယ်ကြောင့် ဖြစ်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ ဂွါဒီယိုလာကတော့ မန်ချက်စတာဒါဘီပွဲမတိုင်ခင်မှာပဲ ယူနိုက်တက်တိုက်စစ်မှူး မာရှယ်ကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။

မာရှယ်ဟာ အသေးစားဒဏ်ရာကြောင့် လိုက်ပ်ဇစ်အသင်းကိုအရေးနိမ့်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် စနေနေ့မန်ချက်စတာဒါဘီမှာတော့ ပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။ ဆိုးလ်ရှားကတော့ မာရှယ်ကို မန်ချက်စတာဒါဘီပွဲလူစာရင်းမှာ ပြန်လည်ထည့်သွင်းလာဖွယ်ရှိနေပေမယ့် ဂွါဒီယိုလာက ဒါဘီပွဲမတိုင်ခင်မှာ ဝေဖန်လိုက်တာဖြစ်ပါတယ်။

စီးတီးနည်းပြ ဂွါဒီယိုလာက မာရှယ်တစ်ယောက် ပီအက်စ်ဂျီနဲ့ပွဲမှာ ဂိုးမဝင်ခဲ့တာက ယူနိုက်တက်ရဲ့ချန်ပီယံလိဂ်အိပ်မက်ကို အဆုံးသတ်စေခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ မာရှယ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ဒုတိယပိုင်းမှာ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကတော့ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက မာရှယ်အနေနဲ့အခွင့်အရေးတွေကို မဖြုန်းခဲ့ဘူးဆိုရင် အခုလိုဖြစ်မလာနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ “လုံးဝကို သေချာပါတယ်။ ဒါပေမယ့် မာရှယ်အနေနဲ့ အခုလိုအခွင့်အရေးကောင်းတွေကို မလွဲချော်သင့်ပါဘူး။ အခွင့်အရေးကောင်း ၂ ကြိမ်လောက်ရခဲ့တာပါ။ ဂိုးသမားနဲ့ နောက်ခံလူ တစ်ယောက် ပဲရှိတော့တာကို သူက လွဲချော်ခဲ့ပါတယ်။ လိုက်ပ်ဇစ်နဲ့ပွဲမှာတုန်းကလည်း ဂိုးပေါက် လွဲချော်ခဲ့တာကြောင့် သရေဖြစ်နိုင်မယ့် အခွင့်အရေးကိုဆုံးရှုံးခဲ့ရပါသေးတယ်။ ဒီအချက်တွေကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာပါ။ ပွဲတစ်ပွဲမှာ ကစားကြမယ့်သူတွေဟာ အာရုံစိုက်မှုအပြည့်နဲ့ ကစားဖို့ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ထို့နည်းတူပါပဲ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

မာရှယ်ကတော့ ခြေစွမ်းကောင်းတွေပျောက်ဆုံးနေမှုအပေါ် စီးတီးနဲ့ပွဲမှာ ပြန်လည်အဆုံးသတ်ဖို့ အလိုရှိနေပါတယ်။ အသက် ၂၅ နှစ်သားဟာ ကာဗာနီဒဏ်ရာရရှိနေတာကြောင့် စီးတီးနဲ့ပွဲမှာယူနိုက်တက်တိုက်စစ်ကို ဦးဆောင်ရဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မာရွယ္ေၾကာင့္ ယူႏိုက္တက္ ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရတာလို႔ ဂြါဒီယိုလာ ျပစ္တင္ ေ၀ဖန္

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ယူႏိုက္တက္အသင္းခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရတဲ့အဓိကတရားခံဟာ မာရွယ္ေၾကာင့္ ျဖစ္တယ္လို႔ ေ၀ဖန္ေျပာၾကားလိုက္ပါတယ္။ ဂြါဒီယိုလာကေတာ့ မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္မွာပဲ ယူႏိုက္တက္တိုက္စစ္မွဴး မာရွယ္ကို ေ၀ဖန္ခဲ့တာျဖစ္ပါတယ္။ မာရွယ္ဟာ အေသးစားဒဏ္ရာေၾကာင့္ လိုက္ပ္ဇစ္အသင္းကိုအေရးနိမ့္ခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့ေပမယ့္ စေနေန႔မန္ခ်က္စတာဒါဘီမွာေတာ့ ျပန္လည္ပါ၀င္လာဖြယ္ရွိေနပါတယ္။ ဆုိးလ္ရွားကေတာ့ မာရွယ္ကို မန္ခ်က္စတာဒါဘီပြဲလူစာရင္းမွာ ျပန္လည္ထည့္သြင္းလာဖြယ္ရွိေနေပမယ့္ ဂြါဒီယိုလာက ဒါဘီပြဲမတိုင္ခင္မွာ ေ၀ဖန္လိုက္တာျဖစ္ပါတယ္။

စီးတီးနည္းျပ ဂြါဒီယိုလာက မာရွယ္တစ္ေယာက္ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ဂိုးမ၀င္ခဲ့တာက ယူႏိုက္တက္ရဲ႕ခ်န္ပီယံလိဂ္အိပ္မက္ကို အဆံုးသတ္ေစခဲ့တာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ မာရွယ္ဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ဒုတိယပိုင္းမွာ အခြင့္အေရးေတြရခဲ့ေပမယ့္ အသံုးမခ်ႏုိင္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီကေတာ့ အဆိုပါပြဲစဥ္မွာ ယူႏုိက္တက္ကို ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက မာရွယ္အေနနဲ႔အခြင့္အေရးေတြကို မျဖဳန္းခဲ့ဘူးဆိုရင္ အခုလိုျဖစ္မလာႏုိင္ဘူးလို႔ ဆိုခဲ့ပါတယ္။ “လံုး၀ကုိ ေသခ်ာပါတယ္။ ဒါေပမယ့္ မာရွယ္အေနနဲ႔ အခုလိုအခြင့္အေရးေကာင္းေတြကို မလြဲေခ်ာ္သင့္ပါဘူး။ အခြင့္အေရးေကာင္း ၂ ၾကိမ္ေလာက္ရခဲ့တာပါ။ ဂိုးသမားနဲ႔ ေနာက္ခံလူ တစ္ေယာက္ ပဲရွိေတာ့တာကို သူက လြဲေခ်ာ္ခဲ့ပါတယ္။ လိုက္ပ္ဇစ္နဲ႔ပြဲမွာတုန္းကလည္း ဂိုးေပါက္ လြဲေခ်ာ္ခဲ့တာေၾကာင့္ သေရျဖစ္ႏိုင္မယ့္ အခြင့္အေရးကိုဆံုးရႈံးခဲ့ရပါေသးတယ္။ ဒီအခ်က္ေတြေၾကာင့္ ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရတာပါ။ ပြဲတစ္ပြဲဲမွာ ကစားၾကမယ့္သူေတြဟာ အာရံုစိုက္မႈအျပည့္နဲ႔ ကစားဖို႔ လိုအပ္ပါတယ္။ ပရီးမီးယားလိဂ္မွာလည္း ထို႔နည္းတူပါပဲ”လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။ မာရွယ္ကေတာ့ ေျခစြမ္းေကာင္းေတြေပ်ာက္ဆံုးေနမႈအေပၚ စီးတီးနဲ႔ပြဲမွာ ျပန္လည္အဆံုးသတ္ဖို႔ အလိုရွိေနပါတယ္။ အသက္ ၂၅ ႏွစ္သားဟာ ကာဗာနီဒဏ္ရာရရွိေနတာေၾကာင့္ စီးတီးနဲ႔ပြဲမွာယူႏိုက္တက္တိုက္စစ္ကို ဦးေဆာင္ရဖြယ္ရွိေနပါတယ္။