မာရှယ်က ဘန်လေနဲ့ တွေ့ရင် ဂိုးမြူးလေ့ရှိတယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းအနေနဲ့ ကာလရှည်စောင့်ဆိုင်းနေခဲ့ရတဲ့ ဘန်လေအသင်းနဲ့ ပွဲကျန်ဖြစ်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၁ ) ကို ဇန်နဝါရီ ( ၁၂ ) ရက်နေ့မှာ ကစားရဖို့ ရှိနေတယ်။

လီဗာပူးလ်အသင်းက ဆောက်သမ်တန်ကို ( ၁ – ၀ ) ရှုံးနိမ့်ထားတဲ့အတွက် အခုပွဲမှာစာအနိုင်ရရှိခဲ့မယ်ဆိုရင် ဆိုးရှားရဲ့ အသင်းဟာ တနင်္ဂနွေနေ့ အန်ဖီးလ်ကွင်းမှာ ကစားရမယ့် ပွဲစဉ်မတိုင်မီ ( ၃ ) မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရနိုင်တဲ့ အနေအထား ရှိနေပါတယ်။

ယူနိုက်တက်တို့အနေနဲ့ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်ဖို့ အဝေးကွင်းပွဲစဉ်ဖြစ်တဲ့ တပ်ဖ်မောမှာ ဘန်လေတို့ကို မရှုံးနိမ့်ဖို့ လိုအပ်နေပါတယ်။ ဘန်လေအသင်းက နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် ( ၄ ) ပွဲမှာ ( ၃ ) ပွဲထိ အနိုင်ရရှိထားသလို မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ရလာဒ်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ် ။

ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ စနေနေ့ အိုးထရတ်ဖို့ဒ်မှာ ဝက်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်လိုပဲ ကစားသမားတွေကို အလှည့်ကျပုံစံနဲ့ အသုံးပြုသွားဖွယ်လည်း ရှိနေပါတယ်။ ဒီပွဲရဲ့ ရလဒ်ဟာ အရေးပါတဲ့ ပွဲစဉ်တစ်ခုဆိုပေမယ့် လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် လက်ရှိ ရမှတ်တူ အနေအထားနဲ့ အမှတ်ပေးဇယားထိပ်ကို ဦးဆောင်နေတဲ့ လီဗားပူးအသင်းနဲ့ ပွဲစဉ်ကိုလည်း အာရုံစိုက်ထားနိုင်ပါသေးတယ်။

လုခ် ရှော နှင့် ပေါလ် ပေါ့ဘာတို့ကတော့ ယခုပွဲစဉ်မှာ ပါဝင်ဖို့ မသေချာပါဘူး။ ဒဏ်ရာကသက်သာခါစ လေ့ကျင့်ခန်းပြန်လည်ဆင်းလာပြီဖြစ်တဲ့ လင်ဒီလောခ့်ကိုလည်း ဆိုလ်ရှားအနေနဲ့ သူ့ရဲ့ကြံ့ခိုင်မှုကို စိတ်တိုင်းကျနေမယ်လို့မထင်ပါဘူး။

ဒါပေမယ့် ( ၃ ) ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရတဲ့ ကာဗာနီကတော့ ဒီပွဲစဉ်မှာ ပါဝင်လာဖို့ ရှိနေပါတယ်။

ဘန်လေက ရာသီအစ ပွဲစဉ်တွေမှာ ရလာဒ်ဆိုးရွားခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလက မန်စီးတီးအသင်းကို ( ၅-၀ ) ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၆ ) ပွဲမှာ ( ၁ ) ပွဲသာ ရှုံးနိမ့်ထားပါတယ်။

ဒါ့အပြင် ရှောင်ဒိုက်ချီ ရဲ့ အသင်းက အာဆင်နယ် ၊ ဝုဗ် ၊ ရှက်ဖီးအသင်းတွေကို အနိုင်ယူထားပြီး အောက်တိုဘာလ နှောင်းပိုင်းက ချဲလ်ဆီးအသင်းကို ( ၃ -၀ ) ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးပါဘူး။

တစ်ဖက်မှာလည်း ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ ပုံစံကောင်းပြသနေပြီး နိုဝင်ဘာလ ( ၁ ) ရက်နေ့ကတည်းက ရှုံးပွဲရင်ဆိုင်ထားခြင်းမရှိပဲ မန်စီးတီး နှင့် လက်စတာ ( ၂ ) သင်းကို သရေကစားထားပါတယ်။ ဒီရာသီ အဝေးကွင်း ပွဲစဉ်တွေမှာလည်း ပုံစံကောင်းပြနေပြီး ( ၇ ) ပွဲ ကစားထားရာမှာ ( ၆ ) ပွဲထိ အနိုင်ရရှိထားပါတယ်။

အစဉ်အလာအရမှာတော့ ယူနိုက်တက်ဟာ ၁၉၆၈ ခုနှစ် ကတည်းက ဘန်လေအသင်းရဲ့ အိမ်ကွင်း တပ်ဖ်မော မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ထားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က ( ၁ – ဝ) ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ နောက်ဆုံး ( ၄ ) ကြိမ် တွေ့ဆုံမှုမှာ အားလုံးကို ပေးဂိုးမရှိ အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

ဘန်လေနဲ့ တွေ့ဆုံတဲ့ ပွဲစဉ်မှာဆိုရင် မာရှယ်က ဂိုးမြူးလေ့ရှိပြီး နောက်ဆုံး ( ၄ ) ပွဲမှာ ( ၃ ) ဂိုးထိ သွင်းယူထားသူလည်းဖြစ်ပါတယ်။

ခန့်မှန်းချက် – ဘန်လေရဲ့ အိမ်ကွင်းပွဲစဉ်ရလာဒ်တွေက လျော့တွက်လို့ မရပေမယ့် ယူနိုက်တက်ကလည်း ဒီရာသီ အဝေးကွင်း ပွဲစဉ်တွေမှာ ရလာဒ်ကောင်းနေပြီး ( ၇ ) ပွဲမှာ ( ၆ ) ပွဲနိုင် ( ၁ ) ပွဲ သရေ ရလာဒ်ထွက်ပေါ်ထားတယ်။ ဆိုးရှားရဲ့ အသင်းက အန်ဖီးလ်မှာ ကစားရမယ့် အရေးကြီးတဲ့ ပွဲစဉ်မတိုင်မီ ယခုပွဲစဉ်ကို အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ( ၁ ) နေရာကို တက်လှမ်းနိုင်ဖို့ ကြိုးစားလာမှာကလည်းသေချာပါပဲ။ ဒါကြောင့် ဒီပွဲမှာ ယူနိုက်တက်အသင်းက ဘန်လေအသင်းကို ( ဝ-၂ )နဲ့ အနိုင်ရယူသွားမယ်လို့ ခန့်မှန်းထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မာရွယ္က ဘန္ေလနဲ႔ ေတြ႕ရင္ ဂိုးျမဴးေလ့ရွိတယ္…

ယူႏိုက္တက္အသင္းအေနနဲ႔ ကာလရွည္ေစာင့္ဆိုင္းေနခဲ့ရတဲ့ ဘန္ေလအသင္းနဲ႔ ပြဲက်န္ျဖစ္တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၁ ) ကို ဇန္နဝါရီ ( ၁၂ ) ရက္ေန႔မွာ ကစားရဖို႔ ရွိေနတယ္။ လီဗာပူးလ္အသင္းက ေဆာက္သမ္တန္ကို ( ၁ – ၀ ) ရႈံးနိမ့္ထားတဲ့အတြက္ အခုပြဲမွာစာအႏိုင္ရရွိခဲ့မယ္ဆိုရင္ ဆိုးရွားရဲ႕ အသင္းဟာ တနဂၤေႏြေန႔ အန္ဖီးလ္ကြင္းမွာ ကစားရမယ့္ ပြဲစဥ္မတိုင္မီ ( ၃ ) မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ခြင့္ရႏိုင္တဲ့ အေနအထား ရွိေနပါတယ္။ ယူႏိုက္တက္တို႔အေနနဲ႔ အမွတ္ေပးဇယားထိပ္ကို တက္လွမ္းႏိုင္ဖို႔ အေဝးကြင္းပြဲစဥ္ျဖစ္တဲ့ တပ္ဖ္ေမာမွာ ဘန္ေလတို႔ကို မရႈံးနိမ့္ဖို႔ လိုအပ္ေနပါတယ္။ ဘန္ေလအသင္းက ေနာက္ဆုံး ကစားခဲ့တဲ့ အိမ္ကြင္း ပြဲစဥ္ ( ၄ ) ပြဲမွာ ( ၃ ) ပြဲထိ အႏိုင္ရရွိထားသလို မန္ခ်က္စတာ ယူႏိုက္တက္အသင္းကလည္း ဒီရာသီ ပရီးမီးယားလိဂ္မွာ အေဝးကြင္း ရလာဒ္ေကာင္းေတြ ပိုင္ဆိုင္ထားပါတယ္ ။

ယူႏိုက္တက္အေနနဲ႔ ၿပီးခဲ့တဲ့ စေနေန႔ အိုးထရတ္ဖို႔ဒ္မွာ ဝက္ဖို႔ဒ္အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္လိုပဲ ကစားသမားေတြကို အလွည့္က်ပုံစံနဲ႔ အသုံးျပဳသြားဖြယ္လည္း ရွိေနပါတယ္။ ဒီပြဲရဲ႕ ရလဒ္ဟာ အေရးပါတဲ့ ပြဲစဥ္တစ္ခုဆိုေပမယ့္ လာမယ့္ တနဂၤေႏြေန႔မွာ ကစားရမယ့္ လက္ရွိ ရမွတ္တူ အေနအထားနဲ႔ အမွတ္ေပးဇယားထိပ္ကို ဦးေဆာင္ေနတဲ့ လီဗားပူးအသင္းနဲ႔ ပြဲစဥ္ကိုလည္း အာ႐ုံစိုက္ထားႏိုင္ပါေသးတယ္။ လုခ္ ေရွာ ႏွင့္ ေပါလ္ ေပါ့ဘာတို႔ကေတာ့ ယခုပြဲစဥ္မွာ ပါဝင္ဖို႔ မေသခ်ာပါဘူး။ ဒဏ္ရာကသက္သာခါစ ေလ့က်င့္ခန္းျပန္လည္ဆင္းလာၿပီျဖစ္တဲ့ လင္ဒီေလာခ့္ကိုလည္း ဆိုလ္ရွားအေနနဲ႔ သူ႕ရဲ႕ၾကံ့ခိုင္မႈကို စိတ္တိုင္းက်ေနမယ္လို႔မထင္ပါဘူး။ ဒါေပမယ့္ ( ၃ ) ပြဲပယ္ ျပစ္ဒဏ္ က်ခံခဲ့ရတဲ့ ကာဗာနီကေတာ့ ဒီပြဲစဥ္မွာ ပါဝင္လာဖို႔ ရွိေနပါတယ္။

ဘန္ေလက ရာသီအစ ပြဲစဥ္ေတြမွာ ရလာဒ္ဆိုး႐ြားခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက မန္စီးတီးအသင္းကို ( ၅-၀ ) ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၆ ) ပြဲမွာ ( ၁ ) ပြဲသာ ရႈံးနိမ့္ထားပါတယ္။ ဒါ့အျပင္ ေရွာင္ဒိုက္ခ်ီ ရဲ႕ အသင္းက အာဆင္နယ္ ၊ ဝုဗ္ ၊ ရွက္ဖီးအသင္းေတြကို အႏိုင္ယူထားၿပီး ေအာက္တိုဘာလ ေႏွာင္းပိုင္းက ခ်ဲလ္ဆီးအသင္းကို ( ၃ -၀ ) ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ေနာက္ပိုင္း အိမ္ကြင္းမွာ ရႈံးပြဲမရွိေသးပါဘူး။ တစ္ဖက္မွာလည္း ယူႏိုက္တက္က ပရီးမီးယားလိဂ္မွာ ပုံစံေကာင္းျပသေနၿပီး ႏိုဝင္ဘာလ ( ၁ ) ရက္ေန႔ကတည္းက ရႈံးပြဲရင္ဆိုင္ထားျခင္းမရွိပဲ မန္စီးတီး ႏွင့္ လက္စတာ ( ၂ ) သင္းကို သေရကစားထားပါတယ္။ ဒီရာသီ အေဝးကြင္း ပြဲစဥ္ေတြမွာလည္း ပုံစံေကာင္းျပေနၿပီး ( ၇ ) ပြဲ ကစားထားရာမွာ ( ၆ ) ပြဲထိ အႏိုင္ရရွိထားပါတယ္။

အစဥ္အလာအရမွာေတာ့ ယူႏိုက္တက္ဟာ ၁၉၆၈ ခုႏွစ္ ကတည္းက ဘန္ေလအသင္းရဲ႕ အိမ္ကြင္း တပ္ဖ္ေမာ မွာ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ရႈံးပြဲတစ္ပြဲသာ ႀကဳံေတြ႕ထားခဲ့ပါတယ္။ ၂၀၀၉ ခုႏွစ္က ( ၁ – ၀) ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အေနနဲ႔ ေနာက္ဆုံး ( ၄ ) ႀကိမ္ ေတြ႕ဆုံမႈမွာ အားလုံးကို ေပးဂိုးမရွိ အႏိုင္ရရွိထားတာလည္းျဖစ္ပါတယ္။ ဘန္ေလနဲ႔ ေတြ႕ဆုံတဲ့ ပြဲစဥ္မွာဆိုရင္ မာရွယ္က ဂိုးျမဴးေလ့ရွိၿပီး ေနာက္ဆုံး ( ၄ ) ပြဲမွာ ( ၃ ) ဂိုးထိ သြင္းယူထားသူလည္းျဖစ္ပါတယ္။

ခန႔္မွန္းခ်က္ – ဘန္ေလရဲ႕ အိမ္ကြင္းပြဲစဥ္ရလာဒ္ေတြက ေလ်ာ့တြက္လို႔ မရေပမယ့္ ယူႏိုက္တက္ကလည္း ဒီရာသီ အေဝးကြင္း ပြဲစဥ္ေတြမွာ ရလာဒ္ေကာင္းေနၿပီး ( ၇ ) ပြဲမွာ ( ၆ ) ပြဲႏိုင္ ( ၁ ) ပြဲ သေရ ရလာဒ္ထြက္ေပၚထားတယ္။ ဆိုးရွားရဲ႕ အသင္းက အန္ဖီးလ္မွာ ကစားရမယ့္ အေရးႀကီးတဲ့ ပြဲစဥ္မတိုင္မီ ယခုပြဲစဥ္ကို အႏိုင္ယူၿပီး အမွတ္ေပးဇယား အဆင့္ ( ၁ ) ေနရာကို တက္လွမ္းႏိုင္ဖို႔ ႀကိဳးစားလာမွာကလည္းေသခ်ာပါပဲ။ ဒါေၾကာင့္ ဒီပြဲမွာ ယူႏိုက္တက္အသင္းက ဘန္ေလအသင္းကို ( ၀-၂ )နဲ႔ အႏိုင္ရယူသြားမယ္လို႕ ခန္႔မွန္းထားပါတယ္။