
နယူးကာဆယ်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ
ဆိုလ်ရှားရဲ့အသင်းက ကစားသမားအချို့ကို ခေါ်ယူနိုင်ဖို့ ရည်ရွယ်နေကြောင်း
အင်္ဂလန်က The Mirror သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဆော်ဒီနိုင်ငံကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တစ်ဖွဲ့က ပေါင် ၃၀၅ သန်းနဲ့
ဝယ်ယူခြင်းခံခဲ့ရပြီးနောက် နယူးကာဆယ်ဟာ လာမယ့်အပြောင်းအရွှေ့မှာ
မြင့်မားတဲ့ငွေကြေးသုံးစွဲမှု ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။
နယူးကာဆယ်အနေနဲ့ မန်ယူအသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့
ကစားသမား ၄ ယောက်ကို ပစ်မှတ်ထားနေတယ်လို့လည်း ယုံကြည်ရပါတယ်။
နယူးကာဆယ်ပစ်မှတ်ထားနေတဲ့ မန်ယူကစားသမား ၄ ယောက်ကတော့
တိုက်စစ်မှုးမာရှယ်၊ ကွင်းလယ်လူတွေဖြစ်တဲ့ လင်ဂတ်နဲ့ဗန်ဒီဘိခ်၊
နောက်ခံလူဘိုင်လီတို့ ဖြစ်ကြပါတယ်။ အဲဒီထဲမှာ ဗန်ဒီဘိခ်ဟာ မန်ယူမှာ
သူမျှော်လင့်ထားလို ဖြစ်မလာသေးဘဲ ဒီရာသီပရီးမီးယားလိဂ်မှာဆိုရင်
၅ မိနစ်သာ ကစားခွင့်ရပါသေးတယ်။ အဲဒါကြောင့်လည်း ၂၄ နှစ်အရွယ်
အဲဒီနယ်သာလန်လက်ရွေးစင်ဟာ အဲဗာတန်ကို အငှားပြောင်းဖို့ စိတ်ဝင်စားခဲ့သေးပြီး
အခုလည်း နယူးကာဆယ်ပြောင်းဖို့အခွင့်အရေးကို အမိအရရယူနိုင်ပါတယ်။
လင်ဂတ်ကတော့ လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာ အိုးလ်ထရက်ဖို့ဒ်က
စွန့်ခွာဖို့စိတ်ဝင်စားနေတဲ့နောက်ထပ်ကစားသမားတစ်ယောက်ပါ။
လင်ဂတ်ရဲ့မန်ယူကစားသမားဘ၀ အထွတ်အထိပ်က ၂၀၁၇-၁၈ ရာသီမှာဖြစ်ပြီး
၁၃ ဂိုးသွင်းနိုင်ခဲ့ကာ အင်္ဂလန်ဆီမီးတက်ခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားမှာလည်း အရေးပါခဲ့တာပါ။
ဒါပေမဲ့လည်း စိတ်ပျကက်စရာရာသီ နှစ်ခုကို ဆက်တိုက်ကြုံခဲ့ရပြီးနောက်
ဝက်စ်ဟမ်းကို အငှားပို့ခံခဲ့ရကာ အဲဒီမှာခြေစွမ်းပြနိုင်ခဲ့လို့ ပြန်ခေါ်ထားပေမယ့်
ပုံမှန်နေရာရဖို့ ရုန်းကန်နေရပါတယ်။ မာရှယ်ကလည်း လာမယ့်ဇန်နဝါရီမှာ
ထွက်ခွာနိုင်မယ့် နောက်ထပ်မန်ယူကစားသမားတစ်ယောက်ဖြစ်ပြီး
၂၅ နှစ်အရွယ် အဲဒီပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရကာ
ဒီရာသီမှာလည်း အရန်ခုံထိုင်ရတာ များခဲ့ပါတယ်။ ဒါကြောင့်လည်း မာရှယ်ဟာ
အသင်းသစ်ရှာဖွေဖို့ စိတ်ဝင်စားပုံရ့ပါတယ်။ အခြားတစ်ဖက်မှာလည်း မော်ရင်ဟို
လက်ထက် အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံးခေါ်ယူမှုဖြစ်ခဲ့တဲ့ နောက်ခံလူဘိုင်လီဟာ
လက်ရှိနည်းပြဆိုးလ်ရှားလ်လက်ထက်မှာ နေရာမရဖြစ်နေသူပါ။ ပြီးခဲ့တဲ့နွေမှ
ာ ဗာရာနီရောက်လာတဲ့အတွက် သူဟာ ပွဲထွက်ခွင့်မျှော်လင့်ချက်ပိုနည်းသွားပြီး
အဲဒီအတွက် အသင်းပြောင်းဖို့ စိတ်အားထက်သန်နေပါတယ်။
zawgyi
မာရွယ္၊ လင္ဂတ္နဲ႔ဗန္ဒီဘိခ္၊ ဘိုင္လီတို႔ကို နယူးကာဆယ္ ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေန
နယူးကာဆယ္အသင္းဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ
ဆိုလ္ရွားရဲ႕အသင္းက ကစားသမားအခ်ိဳ႕ကို ေခၚယူႏိုင္ဖို႔ ရည္႐ြယ္ေနေၾကာင္း
အဂၤလန္က The Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ေဆာ္ဒီႏိုင္ငံေက်ာေထာက္ေနာက္ခံျပဳထားတဲ့ အဖြဲ႕တစ္ဖြဲ႕က ေပါင္ ၃၀၅ သန္းနဲ႔
ဝယ္ယူျခင္းခံခဲ့ရၿပီးေနာက္ နယူးကာဆယ္ဟာ လာမယ့္အေျပာင္းအေ႐ႊ႕မွာ
ျမင့္မားတဲ့ေငြေၾကးသုံးစြဲမႈ ျပဳလုပ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
နယူးကာဆယ္အေနနဲ႔ မန္ယူအသင္းမွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ေနရတဲ့
ကစားသမား ၄ ေယာက္ကို ပစ္မွတ္ထားေနတယ္လို႔လည္း ယုံၾကည္ရပါတယ္။
နယူးကာဆယ္ပစ္မွတ္ထားေနတဲ့ မန္ယူကစားသမား ၄ ေယာက္ကေတာ့
တိုက္စစ္မႈးမာရွယ္၊ ကြင္းလယ္လူေတြျဖစ္တဲ့ လင္ဂတ္နဲ႔ဗန္ဒီဘိခ္၊
ေနာက္ခံလူဘိုင္လီတို႔ ျဖစ္ၾကပါတယ္။ အဲဒီထဲမွာ ဗန္ဒီဘိခ္ဟာ မန္ယူမွာ
သူေမွ်ာ္လင့္ထားလို ျဖစ္မလာေသးဘဲ ဒီရာသီပရီးမီးယားလိဂ္မွာဆိုရင္
၅ မိနစ္သာ ကစားခြင့္ရပါေသးတယ္။ အဲဒါေၾကာင့္လည္း ၂၄ ႏွစ္အ႐ြယ္
အဲဒီနယ္သာလန္လက္ေ႐ြးစင္ဟာ အဲဗာတန္ကို အငွားေျပာင္းဖို႔ စိတ္ဝင္စားခဲ့ေသးၿပီး
အခုလည္း နယူးကာဆယ္ေျပာင္းဖို႔အခြင့္အေရးကို အမိအရရယူႏိုင္ပါတယ္။
လင္ဂတ္ကေတာ့ လာမယ့္ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ အိုးလ္ထရက္ဖို႔ဒ္က
စြန႔္ခြာဖို႔စိတ္ဝင္စားေနတဲ့ေနာက္ထပ္ကစားသမားတစ္ေယာက္ပါ။
လင္ဂတ္ရဲ႕မန္ယူကစားသမားဘ၀ အထြတ္အထိပ္က ၂၀၁၇-၁၈ ရာသီမွာျဖစ္ၿပီး
၁၃ ဂိုးသြင္းႏိုင္ခဲ့ကာ အဂၤလန္ဆီမီးတက္ခဲ့တဲ့ ႐ုရွားကမာၻ႔ဖလားမွာလည္း အေရးပါခဲ့တာပါ။
ဒါေပမဲ့လည္း စိတ္ပ်ကက္စရာရာသီ ႏွစ္ခုကို ဆက္တိုက္ႀကဳံခဲ့ရၿပီးေနာက္
ဝက္စ္ဟမ္းကို အငွားပို႔ခံခဲ့ရကာ အဲဒီမွာေျခစြမ္းျပႏိုင္ခဲ့လို႔ ျပန္ေခၚထားေပမယ့္
ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ေနရပါတယ္။ မာရွယ္ကလည္း လာမယ့္ဇန္နဝါရီမွာ
ထြက္ခြာႏိုင္မယ့္ ေနာက္ထပ္မန္ယူကစားသမားတစ္ေယာက္ျဖစ္ၿပီး
၂၅ ႏွစ္အ႐ြယ္ အဲဒီျပင္သစ္သားဟာ ၿပီးခဲ့တဲ့ရာသီက ႐ုန္းကန္ခဲ့ရကာ
ဒီရာသီမွာလည္း အရန္ခုံထိုင္ရတာ မ်ားခဲ့ပါတယ္။ ဒါေၾကာင့္လည္း မာရွယ္ဟာ
အသင္းသစ္ရွာေဖြဖို႔ စိတ္ဝင္စားပုံရ႕ပါတယ္။ အျခားတစ္ဖက္မွာလည္း ေမာ္ရင္ဟို
လက္ထက္ အိုးလ္ထရက္ဖို႔ဒ္မွာ ပထမဆုံးေခၚယူမႈျဖစ္ခဲ့တဲ့ ေနာက္ခံလူဘိုင္လီဟာ
လက္ရွိနည္းျပဆိုးလ္ရွားလ္လက္ထက္မွာ ေနရာမရျဖစ္ေနသူပါ။ ၿပီးခဲ့တဲ့ေႏြမွ
ာ ဗာရာနီေရာက္လာတဲ့အတြက္ သူဟာ ပြဲထြက္ခြင့္ေမွ်ာ္လင့္ခ်က္ပိုနည္းသြားၿပီး
အဲဒီအတြက္ အသင္းေျပာင္းဖို႔ စိတ္အားထက္သန္ေနပါတယ္။