မားကပ်ရက်ဖိုဒ်ရဲ့သွင်းဂိုးကြောင့် ယူနိုက်တက်အသင်းရဲ့၂၀၂၀ နောက်ဆုံးပွဲစဉ်က နိုင်ပွဲနဲ့ အဆုံးသတ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပွဲကြိုခန့်မှန်းမှုတွေမှာ လွဲချော်လေ့ရှိတဲ့ မိုက်ကယ်အိုဝင်ဟာ ယူနိုက်တက်နဲ့ဝုဗ်တို့ပွဲမှာ ယူနိုက်တက် (၁-ဝ)ဂိုးနဲ့ အနိုင်ရသွားမယ်ဆိုပြီး ကြိုတင်ခန့်မှန်းခဲ့ရာမှာ ကွက်တိမှန်ကန်သွားခဲ့ပါပြီ။ ဒီပွဲမှာ ယူနိုက်တက်အသင်းရဲ့တိုက်စစ်ဆင်မှုဟာ အတော်ကို မြိုင်ဆိုင်ခဲ့ပြီး ဝုဗ် အသင်းကတော့ ခံစစ်ပိတ်ဆိုကစားသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဘရူနိုရဲ့ အနီးကပ် ကန်သွင်းချက်ကို ဝုဗ် ဂိုးသမားကာကွယ်သွားခဲ့သလို၊ ဒုတိယပိုင်းမိနစ်(၇၀)မှာလည်း ယူနိုက်တက်အသင်းရသင့်ခဲ့တဲ့ ပင်နယ်တီ ကိုလည်းမရရှိခဲ့ပါဘူး။ ဒိုင်လူကြီး ဂျွန်မော့စ်က ဝုလ်ဗ်စ်အသင်းခေါင်းဆောင် ကိုအာဒီ လက်ထိခဲ့တာကို VAR ပြန်ကြည့်ဖို့ ပျက်ကွက်ခဲ့သလို ဧည့်သည်အသင်းဘက်ကို ဘက်လိုက်ခဲ့သလိုဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက်အချို့ကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာလည်း ယူနိုက်တက်အသင်းရဲ့ ကစားကွက်ဟာ ကောင်းမွန်ခဲ့သလို ဝုဗ်အသင်းက နစ်တို ၊ ထရာအိုရေး တို့ရဲ့တန်ပြန်တိုက်စစ်တွေဟာလည်း ဒုတိယပိုင်းမှာ ယူနိုက်တက်အသင်းရဲ့နောက်တန်းကိုပြန်လည် ချိန်းခြောက်ခဲ့ပါသေးတယ်။

ပွဲချိန် မိနစ်(၉၀)ပြည့်ပြီး နာကျင်အချိန်ပို (၃)မိနစ်မှာတော့ မားကပ်ရက်ဖိုဒ်ရဲ့ သွင်းဂိုးနဲ့ ဝုဗ်အသင်းကိုအနိုင်ရရှိသွားခဲ့ပြီး ယူနိုက်တငက်အသင်းဟာ အမှတ်ပေးဇယားမှာ ဒုတိယနေရာကိုရောက်ရှိလာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကစားအားချမသွားခဲ့ပဲ ဝုဗ်အသင်းကို နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားခဲ့တဲ့ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကတော့ အသိအမှတ်ပြုစရာဖြစ်ခဲ့ပါတယ်။

အနိုင်ဂိုးသွင်းယူသွားခဲ့တဲ့ မားကပ်ရက်ဖိုဒ်ရဲ့သွင်းဂိုးဟာ ဘရူနိုရဲ့ဖန်တီးပေးမှုကနေ ပိတ်ဆို့ထားတဲ့ ဝုဗ်အသင်းရဲ့ ကစားသမားတွေကို ရအောင်ထိုးဖောက်ပြီး ညာတောင်ပံကနေဆွဲယူလာပြီး ဝုဗ်နောက်ခံကစားသမားနှစ်ယောက်ကြားကနေ ဂိုးကိုကန်သွင်းခဲ့ရာမှာ တစ်ပွဲလုံးခြေစွမ်းပြနေတဲ့ နောက်ခံလူ ဆစ်စ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။

ဝေဖန်မှုတွေခံနေရတဲ့ ဒီဂီယာအတွက်လည်း သေချာပေါက်ဂိုးတွေကာကွယ်သွားနိုင်ခဲ့တာကြောင့်ထိုက်တန်တဲ့ Clean sheet ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မန်ချက်စတာညနေခင်းသတင်း ဝက်ဆိုဒ်က သတ်မှတ်ပေးခဲ့တာကတော့

ဒီဂီယာ – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၇)

ရိုမိန်း ဆစ်စ်ရဲ့ အပိုင် ခေါင်းတိုက်သွင်းယူမှုကို ပုတ်ထုတ်ကာကွယ်သွယးနိုင်ခဲ့ပါတယ်။

ဝမ်ဘစ်ဆာကာ – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၅)

ဒီနေ့ပွဲမှာ တော့ သူ့ရဲ့ ခံစစ် စွမ်းရည် တွေဟာ ထိရောက်မှုမရှိခဲ့ပါဘူး။ နောက်တန်း ကာကွယ်နိုင်မှု အားနည်းခဲ့ပါတယ်။

အဲရစ် ဘိုင်လီ – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၇)

ပွဲအစမှာ ကစားပုံအားနည်းခဲ့ပေမယ့် ပွဲချိန်နောက်ပိုင်းမှာ ယူနိုက်တက်ရဲ့ ခံစစ်ကို မက်ဂွိုင်းယားနဲ့အတူ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

မက်ဂွိုင်းယား – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၆)

ဝုဗ်အသင်းရဲ့ လျှင်မြန်တဲ့တန်ပြန်တိုက်စစ်ဆင်မှုတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

အဲလက်စ်တဲလက်စ် – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၆)

ထူးခြားတဲ့ စွမ်းရည်တွေမပြသနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာကာဗာနီရဲ့တိုက်စစ်ဆင်ရာမှာတော့ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ပေါ့ဘာ – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၇)

ကစားကွက်ဖန်တီးပေးနိုင်မှုတွေ ပိုမို ကောင်းမွန်လာခဲ့ပြီး ဒုတိယပိုင်းမှာတော့ အသင်းအတွက်ပံ့ပိုးမှုပိုကောင်းလာခဲ့ပါတယ်။

မာတစ် – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၇)

ကွင်းလယ်မှာ ဝုဗ်အသင်းရဲ့ ကစားကွက်တွေကို အကောင်းဆုံးရှင်းထုတ် တားဆီးနိုင်ခဲ့သလို ဘောလုံးပေးပို့မှုတွေမှာလည်း ကောင်းမွန်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက် – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၆)

မေဆင်ဂရင်း ဝုဒ်ရဲ့ ဖြတ်တင်ဘောကို အနီးကပ်ပိတ်သွင်းခဲ့မှုဟာ သွင်းဂိုးအဖြစ်ပြောင်းလဲသွားခဲ့သင့်ပေမယ့် ဝုဗ်ဂိုးသမားကာကွယ်သွားခဲ့တာကြောင့် အသင်းအတွက် ဦးဆောင်ဂိုးရရှိနိုင်မယ့်အခွင့်အရေးကနစ်နာသွားခဲ့ပါတယ်။

မေဆင်ဂရင်းဝုဒ် – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၅)

ဘရူနိုကိုပံ့ပိုးပေးခဲ့တဲ့ ဖြတ်တင်ဘောကလွဲရင် ဒီနေ့ပွဲမှာ ဂရင်းဝုဒ်ရဲ့ စွမ်းဆောင်ရည်က ပြောစရာဖြစ်လောက်အောင်စွမ်းဆောင်နိုင်ခဲ့တာတွေမရှိပါဘူး။

မားကပ်ရက်ဖိုဒ် – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၇)

ပွဲမှာ တစ်ခါတစ်ရံ တစ်ကိုယ်ကောင်းဆန်လွန်းခဲ့ပါတယ်။ ဒါပေမယ့်နောက်ဆုံးမိနစ်မှာ အသင်းအတွက်တန်ဖိုးရှိတဲ့သွင်းဂိုးတစ်ဂိုးကိုရယူပေးသွားခဲ့ပါတယ်။

အက်ဒင်ဆင် ကာဗာနီ – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၅)

ဝုဗ်ကစားသမားတွေရဲ့ လူကပ်ထားခြင်းကိုခံထားရတာကြောင့် ထူးခြားတဲ့စွမ်းပြသနိုင်ခဲ့ခြင်းမရှိပါဘူး

လူစားဝင်ကစားသမားသုံးယောက်မှာ ဒုတိယပိုင်းအစမှာ အဲလက်စ်တဲလက်စ်နဲ့ လူစားလဲခဲ့တဲ့ လုရှောက စွမ်းဆောင်ရည်သတ်မှတ်ချက်( ၇)ရရှိခဲ့ပြီး ဘောလုံးလွဲချော်မှုတွေရှိတဲ့ မာစီရယ်က – စွမ်းဆောင်ရည်သတ်မှတ်ချက်( ၅)ရရှိသွားခဲ့ပါတယ်။ ပွဲပြီးခါနီး ဘရူနိုအစားဝင်ရောက်လာတဲ့ တိုမီနေးကိုတော့ စွမ်းဆောင်ရည်သတ်မှတ်ချက်ပေးဖို့ အချိန်မလုံလောက်ခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မားကပ္ရက္ဖိုဒ္ရဲ႕သြင္းဂိုးေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕၂၀၂၀ ေနာက္ဆံုးပြဲစဥ္က ႏိုင္ပြဲနဲ႔ အဆံုးသတ္ခဲ့ပါတယ္။

ပြဲႀကိဳခန႔္မွန္းမႈေတြမွာ လြဲေခ်ာ္ေလ့ရွိတဲ့ မိုက္ကယ္အိုဝင္ဟာ ယူႏိုက္တက္နဲ႔ဝုဗ္တို႔ပြဲမွာ ယူႏိုက္တက္ (၁-ဝ)ဂိုးနဲ႔ အႏိုင္ရသြားမယ္ဆိုၿပီး ႀကိဳတင္ခန႔္မွန္းခဲ့ရာမွာ ကြက္တိမွန္ကန္သြားခဲ့ပါၿပီ။ ဒီပြဲမွာ ယူႏိုက္တက္အသင္းရဲ႕တိုက္စစ္ဆင္မႈဟာ အေတာ္ကို ၿမိဳင္ဆိုင္ခဲ့ၿပီး ဝုဗ္ အသင္းကေတာ့ ခံစစ္ပိတ္ဆိုကစားသြားခဲ့ပါတယ္။ ပထမပိုင္းမွာ ဘ႐ူႏိုရဲ႕ အနီးကပ္ ကန္သြင္းခ်က္ကို ဝုဗ္ ဂိုးသမားကာကြယ္သြားခဲ့သလို၊ ဒုတိယပိုင္းမိနစ္(၇၀)မွာလည္း ယူႏိုက္တက္အသင္းရသင့္ခဲ့တဲ့ ပင္နယ္တီ ကိုလည္းမရရွိခဲ့ပါဘူး။ ဒီေန႔ပြဲမွာ ဒိုင္လူႀကီး ဂြၽန္ေမာ့စ္က ဝုလ္ဗ္စ္အသင္းေခါင္းေဆာင္ ကိုအာဒီ လက္ထိခဲ့တာကို VAR ျပန္ၾကည့္ဖို႔ ပ်က္ကြက္ခဲ့သလို ဧည့္သည္အသင္းဘက္ကို ဘက္လိုက္ခဲ့သလိုျဖစ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္အခ်ိဳ႕ကလည္း ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာလည္း ယူႏိုက္တက္အသင္းရဲ႕ ကစားကြက္ဟာ ေကာင္းမြန္ခဲ့သလို ဝုဗ္အသင္းက နစ္တို ၊ ထရာအိုေရး တို႔ရဲ႕တန္ျပန္တိုက္စစ္ေတြဟာလည္း ဒုတိယပိုင္းမွာ ယူႏိုက္တက္အသင္းရဲ႕ေနာက္တန္းကိုျပန္လည္ ခ်ိန္းေျခာက္ခဲ့ပါေသးတယ္။ ပြဲခ်ိန္ မိနစ္(၉၀)ျပည့္ၿပီး နာက်င္အခ်ိန္ပို (၃)မိနစ္မွာေတာ့ မားကပ္ရက္ဖိုဒ္ရဲ႕ သြင္းဂိုးနဲ႔ ဝုဗ္အသင္းကိုအႏိုင္ရရွိသြားခဲ့ၿပီး ယူႏိုက္တငက္အသင္းဟာ အမွတ္ေပးဇယားမွာ ဒုတိယေနရာကိုေရာက္ရွိလာခဲ့ပါတယ္။ ဒီေန႔ပြဲမွာ ကစားအားခ်မသြားခဲ့ပဲ ဝုဗ္အသင္းကို ေနာက္ဆုံးအခ်ိန္အထိ တိုက္ပြဲဝင္သြားခဲ့တဲ့ယူႏိုက္တက္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကေတာ့ အသိအမွတ္ျပဳစရာျဖစ္ခဲ့ပါတယ္။ အႏိုင္ဂိုးသြင္းယူသြားခဲ့တဲ့ မားကပ္ရက္ဖိုဒ္ရဲ႕သြင္းဂိုးဟာ ဘ႐ူႏိုရဲ႕ဖန္တီးေပးမႈကေန ပိတ္ဆို႔ထားတဲ့ ဝုဗ္အသင္းရဲ႕ ကစားသမားေတြကို ရေအာင္ထိုးေဖာက္ၿပီး ညာေတာင္ပံကေနဆြဲယူလာၿပီး ဝုဗ္ေနာက္ခံကစားသမားႏွစ္ေယာက္ၾကားကေန ဂိုးကိုကန္သြင္းခဲ့ရာမွာ တစ္ပြဲလုံးေျခစြမ္းျပေနတဲ့ ေနာက္ခံလူ ဆစ္စ္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာပါ။ ဒီေန႔ပြဲစဥ္မွာ ေဝဖန္မႈေတြခံေနရတဲ့ ဒီဂီယာအတြက္လည္း ေသခ်ာေပါက္ဂိုးေတြကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ထိုက္တန္တဲ့ Clean sheet ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ ဒီပြဲမွာ ယူႏိုက္တက္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို မန္ခ်က္စတာညေနခင္းသတင္း ဝက္ဆိုဒ္က သတ္မွတ္ေပးခဲ့တာကေတာ့

ဒီဂီယာ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၇)
႐ိုမိန္း ဆစ္စ္ရဲ႕ အပိုင္ ေခါင္းတိုက္သြင္းယူမႈကို ပုတ္ထုတ္ကာကြယ္သြယးႏိုင္ခဲ့ပါတယ္။

ဝမ္ဘစ္ဆာကာ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၅)
ဒီေန႔ပြဲမွာ ေတာ့ သူ႔ရဲ႕ ခံစစ္ စြမ္းရည္ ေတြဟာ ထိေရာက္မႈမရွိခဲ့ပါဘူး။ ေနာက္တန္း ကာကြယ္ႏိုင္မႈ အားနည္းခဲ့ပါတယ္။

အဲရစ္ ဘိုင္လီ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၇)
ပြဲအစမွာ ကစားပုံအားနည္းခဲ့ေပမယ့္ ပြဲခ်ိန္ေနာက္ပိုင္းမွာ ယူႏိုက္တက္ရဲ႕ ခံစစ္ကို မက္ဂြိဳင္းယားနဲ႔အတူ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

မက္ဂြိဳင္းယား – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၆)
ဝုဗ္အသင္းရဲ႕ လွ်င္ျမန္တဲ့တန္ျပန္တိုက္စစ္ဆင္မႈေတြကို ကာကြယ္ႏိုင္ခဲ့ပါတယ္။

အဲလက္စ္တဲလက္စ္ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၆)
ထူးျခားတဲ့ စြမ္းရည္ေတြမျပသႏိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာကာဗာနီရဲ႕တိုက္စစ္ဆင္ရာမွာေတာ့ ပံ့ပိုးေပးႏိုင္ခဲ့ပါတယ္။

ေပါ့ဘာ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၇)
ကစားကြက္ဖန္တီးေပးႏိုင္မႈေတြ ပိုမို ေကာင္းမြန္လာခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ အသင္းအတြက္ပံ့ပိုးမႈပိုေကာင္းလာခဲ့ပါတယ္။

မာတစ္ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၇)
ကြင္းလယ္မွာ ဝုဗ္အသင္းရဲ႕ ကစားကြက္ေတြကို အေကာင္းဆုံးရွင္းထုတ္ တားဆီးႏိုင္ခဲ့သလို ေဘာလုံးေပးပို႔မႈေတြမွာလည္း ေကာင္းမြန္ခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၆)
ေမဆင္ဂရင္း ဝုဒ္ရဲ႕ ျဖတ္တင္ေဘာကို အနီးကပ္ပိတ္သြင္းခဲ့မႈဟာ သြင္းဂိုးအျဖစ္ေျပာင္းလဲသြားခဲ့သင့္ေပမယ့္ ဝုဗ္ဂိုးသမားကာကြယ္သြားခဲ့တာေၾကာင့္ အသင္းအတြက္ ဦးေဆာင္ဂိုးရရွိႏိုင္မယ့္အခြင့္အေရးကနစ္နာသြားခဲ့ပါတယ္။

ေမဆင္ဂရင္းဝုဒ္ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၅)
ဘ႐ူႏိုကိုပံ့ပိုးေပးခဲ့တဲ့ ျဖတ္တင္ေဘာကလြဲရင္ ဒီေန႔ပြဲမွာ ဂရင္းဝုဒ္ရဲ႕ စြမ္းေဆာင္ရည္က ေျပာစရာျဖစ္ေလာက္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာေတြမရွိပါဘူး။

မားကပ္ရက္ဖိုဒ္ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၇)
ပြဲမွာ တစ္ခါတစ္ရံ တစ္ကိုယ္ေကာင္းဆန္လြန္းခဲ့ပါတယ္။ ဒါေပမယ့္ေနာက္ဆံုးမိနစ္မွာ အသင္းအတြက္တန္ဖိုးရွိတဲ့သြင္းဂိုးတစ္ဂိုးကိုရယူေပးသြားခဲ့ပါတယ္။

အက္ဒင္ဆင္ ကာဗာနီ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၅)
ဝုဗ္ကစားသမားေတြရဲ႕ လူကပ္ထားျခင္းကိုခံထားရတာေၾကာင့္ ထူးျခားတဲ့စြမ္းျပသႏိုင္ခဲ့ျခင္းမရွိပါဘူး

လူစားဝင္ကစားသမားသံုးေယာက္မွာ ဒုတိယပိုင္းအစမွာ အဲလက္စ္တဲလက္စ္နဲ႔ လူစားလဲခဲ့တဲ့ လုေရွာက စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၇)ရရွိခဲ့ၿပီး ေဘာလံုးလြဲေခ်ာ္မႈေတြရွိတဲ့ မာစီရယ္က – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္( ၅)ရရွိသြားခဲ့ပါတယ္။ ပြဲၿပီးခါနီး ဘရူႏိုအစားဝင္ေရာက္လာတဲ့ တိုမီေနးကိုေတာ့ စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ေပးဖို႕ အခ်ိန္မလံုေလာက္ခဲ့ပါဘူး။