မိဘတွေရှေ့မှာ ဂတ်ဂျီကို လက်မချိုးပစ်ဘဲ သက်ညှာပေးခဲ့တဲ့ ခါဘစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရှုံးပွဲ မရှိ ကစား သမား ဘ၀ နဲ့ UFC ကြိုးဝိုင်း ကို လှလှပပ နှုတ်ဆက် ခဲ့တဲ့ ခါဘစ် ဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ပွဲစဉ် မှာ ပြိုင်ဘက် ဖြစ်သူကို သက်ညှာ ပေးခဲ့တယ်လို့ သိရပါတယ်။

ပြိုင်ဘက်ဖြစ်သူ ဂတ်ဂျီ ရဲ့ မိဘတွေ စိတ်ဒဏ်ရာ မရရှိ စေလို ခဲ့တာ ကြောင့်ဖြစ်ပြီး ခါဘစ် ဟာ သူ အနိုင် ရရှိနေမှု ကို သေချာ စေအောင်သာ လုပ်ဆောင် သွားခဲ့တယ်လို့ သိရ ပါတယ်။

ခါဘစ် ဟာ ပြီးခဲ့တဲ့ စနေနေ့ ည တုန်းက ဂျပ်စတင် ဂတ်ဂျီ နဲ့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ချုပ်ကွက်နဲ့ အနိုင်ယူ ခဲ့ ပါတယ်။

ပွဲ အပြီး မှာတော့ ခါဘစ် ဟာ ပရို MMA ကစား သမားဘဝမှာ နိုင်ပွဲ ၂၉ ရှုံးပွဲ မရှိ ဆိုတဲ့ မှတ်တမ်း နဲ့ အောင်အောင် မြင်မြင် အနားယူသွားခဲ့ပါတယ်။

ခါဘစ် နဲ့ ရင်းနှီးပြီး အသင်းဖော်ဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ကော်မီယာ ကတော့ ခါဘစ်ဟာ ပြိုင်ဘက်အပေါ် သက်ညှာ ပေးခဲ့ပြီး မလိုအပ်ဘဲ ဒဏ်ရာမရအောင် ထိန်းကစားပေးသွားပြီး ပွဲကို လာကြည့်ရှုနေခဲ့တဲ့ ဂတ်ဂျီရဲ့ မိဘတွေ ကို စိတ်ဒဏ်ရာ မရရှိအောင် လုပ်ဆောင် ပေးသွား ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။

ကော်မီယာရဲ့ အဆိုအရ ခါဘစ်ဟာ ပွဲသိမ်းချုပ်ကွက် မတိုင်ခင် မှာ ဂတ်ဂျီ ရဲ့လက်မောင်းကို ချိုးပစ် နိုင်တဲ့ အခွင့်အရေးု ရခဲ့ပေမယ့် သူ နဲ့ ခင်မင်ခဲ့ဖူးတဲ့ ဂတ်ဂျီ ရဲ့ မိဘတွေကို မနာကျင်စေလိုတာကြောင့် နောက်ထပ် အခွင့်အရေး ရချိန်မှသာ ပွဲသိမ်းခဲ့တာလို့ သိရပါတယ် ။

“ဂတ်ဂျေ ကို လက်ချုပ်ကွက်နဲ့ မိခဲ့တယ် လို့ ခါဘစ် ကျွန်တော့ကို ပြောခဲ့ ပါတယ် ၊ ဒီချုပ်ကွက်က သူ့ အဖေ အကြိုက်ဆုံး အကွက်ပါ ။
ဒါပေမယ့် ဒါက ဂတ်ဂျီ ကို လက်မောင်း ကျိုးသွားစေနိုင် ပါတယ်။

ဒါကြောင့် triangle အကွက်ကို ပြောင်းချုပ်ခဲ့ပြီး အနိုင်ယူခဲ့တာပါ” ဘာဖြစ်လို့လည်း ဆိုတော့ ဂတ်ဂျီ ရဲ့ မိဘတွေ အရှေ့မှာ သူတို့ရဲ့ သားကို ပြင်းပြင်းထန်ထန် မထိခိုက် စေချင်ခဲ့လို့ပါပဲ။

Triangle ချုပ်ကွက် က ပြိုင်ဘက်ကို သတိလစ်စေရုံကလွဲပြီး ကြီးမားတဲ့ ဆိုးကျိုးမှ မရှိပါဘူး ။ သတိလစ်သွားမယ် ၊ သတိပြန်ရလာရင် ပြန်ထမယ် ၊ ဒီလောက်ပါပဲ” လို့ ကော်မီယာ က ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ခါဘစ် ဟာ မက်ဂရီဂေါ်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲတုန်းက ပြိုင်ဘက်က အရှုံးပေး ခဲ့ပြီး နောက်မှာ ဆက်ပြီး ချုပ်ထား ခဲ့တာကြောင့် ၂ ဘက် အသင်းသားတွေကြားမှာ ရန်ပွဲ ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် သူ့ရဲ့ နောက်ဆုံးပွဲမှာတော့ ခါဘစ်ဟာ ပြိုင်ဘက်ကို အနိုင် ရရုံသာ ကစား သွားခဲ့ပြီး UFC လောကကနေ ရှုံးပွဲမရှိစံချိန်မှတ်တမ်းနဲ့ နှုတ်ဆက်သွားနိုင်ခဲ့ပါတယ်။

အသက် ၃၂ နှစ်သာ ရှိသေးတဲ့ ခါဘစ်ဟာ မကြာသေးခင်ကမှ ကိုဗစ်ဗိုင်းရပ်ကြောင့် ဆုံးပါးသွားတဲ့ ဖခင်ဖြစ်သူကြောင့် ပရို ကစားသမား ဘ၀ ကို စွန့်လွှတ်ခဲ့ပေမယ့် MMA လောကထဲမှာ ဆက်ရှိနေဦးမှာဖြစ်ပြီး မျိုးဆက်သစ် ဖိုက်တာတွေကို နည်းပြပေးသွားဖို့ လုပ်ဆောင် နေတယ်လို့ သိရှိရပါတယ် ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မိဘေတြေရွ႔မွာ ဂတ္ဂ်ီကို လက္မခ်ိဳးပစ္ဘဲ သက္ညႇာေပးခဲ့တဲ့ ခါဘစ္

ရႈံးပြဲ မရွိ ကစား သမား ဘ၀ နဲ႔ UFC ႀကိဳးဝိုင္း ကို လွလွပပ ႏႈတ္ဆက္ ခဲ့တဲ့ ခါဘစ္ ဟာ ေနာက္ဆုံး ထိုးသတ္ခဲ့တဲ့ ပြဲစဥ္ မွာ ၿပိဳင္ဘက္ ျဖစ္သူကို သက္ညႇာ ေပးခဲ့တယ္လို႔ သိရပါတယ္။

ၿပိဳင္ဘက္ျဖစ္သူ ဂတ္ဂ်ီ ရဲ႕ မိဘေတြ စိတ္ဒဏ္ရာ မရရွိ ေစလို ခဲ့တာ ေၾကာင့္ျဖစ္ၿပီး ခါဘစ္ ဟာ သူ အႏိုင္ ရရွိေနမႈ ကို ေသခ်ာ ေစေအာင္သာ လုပ္ေဆာင္ သြားခဲ့တယ္လို႔ သိရ ပါတယ္။

ခါဘစ္ ဟာ ၿပီးခဲ့တဲ့ စေနေန႔ ည တုန္းက ဂ်ပ္စတင္ ဂတ္ဂ်ီ နဲ႔ ယွဥ္ၿပိဳင္ ထိုးသတ္ခဲ့ၿပီး ခ်ဳပ္ကြက္နဲ႔ အႏိုင္ယူ ခဲ့ ပါတယ္။

ပြဲ အၿပီး မွာေတာ့ ခါဘစ္ ဟာ ပ႐ို MMA ကစား သမားဘ၀မွာ ႏိုင္ပြဲ ၂၉ ရႈံးပြဲ မရွိ ဆိုတဲ့ မွတ္တမ္း နဲ႔ ေအာင္ေအာင္ ျမင္ျမင္ အနားယူသြားခဲ့ပါတယ္။

ခါဘစ္ နဲ႔ ရင္းႏွီးျပီး အသင္းေဖာ္ေဟာင္းလည္း ျဖစ္ခဲ့ဖူးတဲ့ ေကာ္မီယာ ကေတာ့ ခါဘစ္ဟာ ၿပိဳင္ဘက္အေပၚ သက္ညႇာ ေပးခဲ့ၿပီး မလိုအပ္ဘဲ ဒဏ္ရာမရေအာင္ ထိန္းကစားေပးသြားျပီး ပြဲကို လာၾကည့္ရႈေနခဲ့တဲ့ ဂတ္ဂ်ီရဲ႕ မိဘေတြ ကို စိတ္ဒဏ္ရာ မရရွိေအာင္ လုပ္ေဆာင္ ေပးသြား ခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ပါတယ္။

ေကာ္မီယာရဲ႕ အဆိုအရ ခါဘစ္ဟာ ပြဲသိမ္းခ်ဳပ္ကြက္ မတိုင္ခင္ မွာ ဂတ္ဂ်ီ ရဲ႕လက္ေမာင္းကို ခ်ိဳးပစ္ ႏိုင္တဲ့ အခြင့္အေရးု ရခဲ့ေပမယ့္ သူ နဲ႔ ခင္မင္ခဲ့ဖူးတဲ့ ဂတ္ဂ်ီ ရဲ႕ မိဘေတြကို မနာက်င္ေစလိုတာေၾကာင့္ ေနာက္ထပ္ အခြင့္အေရး ရခ်ိန္မွသာ ပြဲသိမ္းခဲ့တာလို႔ သိရပါတယ္ ။

“ဂတ္ေဂ် ကို လက္ခ်ဳပ္ကြက္နဲ႔ မိခဲ့တယ္ လို႔ ခါဘစ္ ကြၽန္ေတာ့ကို ေျပာခဲ့ ပါတယ္ ၊ ဒီခ်ဳပ္ကြက္က သူ႔ အေဖ အႀကိဳက္ဆုံး အကြက္ပါ ။
ဒါေပမယ့္ ဒါက ဂတ္ဂ်ီ ကို လက္ေမာင္း က်ိဳးသြားေစႏိုင္ ပါတယ္။

ဒါေၾကာင့္ triangle အကြက္ကို ေျပာင္းခ်ဳပ္ခဲ့ၿပီး အႏိုင္ယူခဲ့တာပါ” ဘာျဖစ္လို႔လည္း ဆိုေတာ့ ဂတ္ဂ်ီ ရဲ႕ မိဘေတြ အေရွ႕မွာ သူတို႔ရဲ႕ သားကို ျပင္းျပင္းထန္ထန္ မထိခိုက္ ေစခ်င္ခဲ့လို႔ပါပဲ။

Triangle ခ်ဳပ္ကြက္ က ၿပိဳင္ဘက္ကို သတိလစ္ေစ႐ုံကလြဲၿပီး ႀကီးမားတဲ့ ဆိုးက်ိဳးမွ မရွိပါဘူး ။ သတိလစ္သြားမယ္ ၊ သတိျပန္ရလာရင္ ျပန္ထမယ္ ၊ ဒီေလာက္ပါပဲ” လို႔ ေကာ္မီယာ က ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ ပါတယ္။

ခါဘစ္ ဟာ မက္ဂရီေဂၚနဲ႔ ထိုးသတ္ခဲ့တဲ့ ပြဲတုန္းက ၿပိဳင္ဘက္က အရႈံးေပး ခဲ့ၿပီး ေနာက္မွာ ဆက္ျပီး ခ်ဳပ္ထား ခဲ့တာေၾကာင့္ ၂ ဘက္ အသင္းသားေတြၾကားမွာ ရန္ပြဲ ျဖစ္ခဲ့ဖူးပါတယ္။

ဒါေပမယ့္ သူ႔ရဲ႕ ေနာက္ဆုံးပြဲမွာေတာ့ ခါဘစ္ဟာ ၿပိဳင္ဘက္ကို အႏိုင္ ရ႐ုံသာ ကစား သြားခဲ့ၿပီး UFC ေလာကကေန ရံႈးပြဲမရွိစံခ်ိန္မွတ္တမ္းနဲ႔ ႏႈတ္ဆက္သြားႏိုင္ခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္သာ ရွိေသးတဲ့ ခါဘစ္ဟာ မၾကာေသးခင္ကမွ ကိုဗစ္ဗိုင္းရပ္ေၾကာင္႔ ဆုံးပါးသြားတဲ့ ဖခင္ျဖစ္သူေၾကာင့္ ပ႐ို ကစားသမား ဘ၀ ကို စြန႔္လႊတ္ခဲ့ေပမယ့္ MMA ေလာကထဲမွာ ဆက္ရွိေနဦးမွာျဖစ္ၿပီး မ်ိဳးဆက္သစ္ ဖိုက္တာေတြကို နည္းျပေပးသြားဖို႔ လုပ္ေဆာင္ ေနတယ္လို႔ သိရွိရပါတယ္ ။