မိသားစုကို ကိုဗစ်ကူးမှာစိုးလို့ Mask တပ်ပြီး ကစားတဲ့ ဟွန်ဒူးရပ်စ်လက်ရွေးစင်

ဟွန်ဒူးရပ်စ်လက်ရွေးစင်နဲ့ ကလပ်အိုလံပီယာအသင်းခေါင်းဆောင် ဂျယ်ရီဘန်စတန်ဟာ ပြိုင်ပွဲအသွင်ပွဲမှာ Mask တပ်ပြီးကစားတဲ့ ပထမဆုံးကစားသမားဖြစ်လာတယ်လို့ ယုံကြည်ရပါတယ်။

သူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းက အာဆင်နယ်ဂန္ထဝင်ဟောင်းဟင်နီရီကိုင်တွယ်နေတဲ့ မွန်ထရီရယ်အင်းပတ်အသင်းနဲ့ ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားတော့ Mask တပ်ပြီးကစားတဲ့သူ့ပုံစံကြောင့် အားလုံးရဲ့သတိထားစရာဖြစ်ခဲ့ပါတယ်။

ဂျယ်ရီဘန်စတန်ဟာ ကိုဗစ်တစ်ကျော့အပြီး ဟွန်ဒူးရပ်စ်ဘောလုံးလိဂ်ပြန်စပြီးကတည်းက အခုလို Mask တပ်ပြီး ကစားနေတာလည်း ဖြစ်ပါတယ်။

မွန်ထရီရယ်နဲ့ပွဲမှာ ကွင်းထဲမှာရှိနေတဲ့ ၇၆ မိနစ်စလုံး Mask ဝတ်ဆင်ကစားခဲ့တာဖြစ်ပြီး ကစားနေစဉ်အတွင်း အသက်ရှုရပိုလွယ်ကူအောင် ဘာထူးထူးခြားခြားဒီဇိုင်းမှမပါတဲ့ ပုံမှန် Mask ကို အသုံးပြုတာပါ။

”သူကတစ်ဆင့် မိသားစုကို ကိုဗစ်ကူးမှာစိုးလို့ဖြစ်ပြီး အဲဒါဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်လည်းဖြစ်ကာ အဲဒီအတွက် ဘာစည်းကမ်းမှ ထုတ်ထားတာလည်း မရှိပါဘူး။ အဲဒါဟာ သာမန်နိုင်လွန် Mask တစ်ခုပါ”လို့ အခုနှစ်အစောပိုင်းက အိုလံပီယာအသင်းဆရာဝန်က ပြောခဲ့ပါတယ်။

ဂျယ်ရီဘန်စတန်ဝတ်ဆင်တာဟာ အားကစားအတွက် နိုင်လွန် Mask တစ်ခုလည်းဖြစ်ပါတယ်။ အဲဒါကို ဘောလုံးမှာတင်မဟုတ်ဘဲ မာရသွန်အပြေးသမားတွေ ဒါမှမဟုတ် စက်ဘီးစီးပြိုင်ပွဲတွေလည်း သုံးကြပါတယ်။

အိုလံပီယာအသင်းနည်းပြကတော့ ဘန်စတန် Mask တပ်ကစားတာဟာ ပြသနာမရှိကြောင်းနဲ့ အဲဒါက သူ့ရဲ့ခြေစွမ်းကိုလည်း သက်ရောက်မှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။

”အသင်းမှာရော ပြိုင်ပွဲမှာပါ သူက Mask တပ်ကစားတဲ့ တစ်ဦးတည်းသောကစားသမားဆိုတော့ ထူးထူးဆန်းဆန်းတော့ ဖြစ်နေတာပေါ့။ အဲဒါက ပြသနာမရှိသလို သူလည်း ဂိုးတွေသွင်းနေတာပါ”လို့ ဟွန်ဒူးရပ်စ်ကလပ်ဖြစ်တဲ့အိုလံပီယာအသင်းနည်းပြက ဆိုခဲ့တာပါ။

၃၃ နှစ်အရွယ် ဘန်စတန်ဟာ ဟွန်ဒူးရပ်စ်လက်ရွေးစင်အသင်းအတွက် ၅၇ ပွဲကစားပေးထားပြီး ကလပ်အဆင့်မှာ အီရန်ကနေ ကော်စတာရီကာက အသင်းတွေထိ ကစားပေးခဲ့ဖူးပါတယ်။

Zawgyi

မိသားစုကို ကိုဗစ္ကူးမွာစိုးလို႔ Mask တပ္ၿပီး ကစားတဲ့ ဟြန္ဒူးရပ္စ္လက္ေရြးစင္

ဟြန္ဒူးရပ္စ္လက္ေရြးစင္နဲ႔ ကလပ္အိုလံပီယာအသင္းေခါင္းေဆာင္ ဂ်ယ္ရီဘန္စတန္ဟာ ၿပိဳင္ပြဲအသြင္ပြြဲမွာ Mask တပ္ၿပီးကစားတဲ့ ပထမဆုံးကစားသမားျဖစ္လာတယ္လုိ႔ ယုံၾကည္ရပါတယ္။

သူဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔တုန္းက အာဆင္နယ္ဂႏၳ၀င္ေဟာင္းဟင္နီရီကိုင္တြယ္ေနတဲ့ မြန္ထရီရယ္အင္းပတ္အသင္းနဲ႔ ကြန္ကာကပ္ဖ္ခ်န္ပီယံလိဂ္္ပြဲစဥ္အျဖစ္ ရင္ဆိုင္ကစားေတာ့ Mask တပ္ၿပီးကစားတဲ့သူ႔ပုံစံေၾကာင့္ အားလုံးရဲ႕သတိထားစရာျဖစ္ခဲ့ပါတယ္။

ဂ်ယ္ရီဘန္စတန္ဟာ ကိုဗစ္တစ္ေက်ာ့အၿပီး ဟြန္ဒူးရပ္စ္ေဘာလုံးလိဂ္ျပန္စၿပီးကတည္းက အခုလို Mask တပ္ၿပီး ကစားေနတာလည္း ျဖစ္ပါတယ္။

မြန္ထရီရယ္နဲ႔ပြဲမွာ ကြင္းထဲမွာရွိေနတဲ့ ၇၆ မိနစ္စလုံး Mask ၀တ္ဆင္ကစားခဲ့တာျဖစ္ၿပီး ကစားေနစဥ္အတြင္း အသက္ရႈရပိုလြယ္ကူေအာင္ ဘာထူးထူးျခားျခားဒီဇိုင္းမွမပါတဲ့ ပံုမွန္ Mask ကို အသုံးျပဳတာပါ။

”သူကတစ္ဆင့္ မိသားစုကို ကိုဗစ္ကူးမွာစိုးလို႔ျဖစ္ၿပီး အဲဒါဟာ သူ႔ရဲ႕ပုဂၢိဳလ္ေရးဆုံးျဖတ္ခ်က္လည္းျဖစ္ကာ အဲဒီအတြက္ ဘာစည္းကမ္းမွ ထုတ္ထားတာလည္း မရွိပါဘူး။ အဲဒါဟာ သာမန္ႏိုင္လြန္ Mask တစ္ခုပါ”လုိ႔ အခုႏွစ္အေစာပိုင္းက အိုလံပီယာအသင္းဆရာ၀န္က ေျပာခဲ့ပါတယ္။

ဂ်ယ္ရီဘန္စတန္၀တ္ဆင္တာဟာ အားကစားအတြက္ ႏိုင္လြန္ Mask တစ္ခုလည္းျဖစ္ပါတယ္။ အဲဒါကို ေဘာလုံးမွာတင္မဟုတ္ဘဲ မာရသြန္အေျပးသမားေတြ ဒါမွမဟုတ္ စက္ဘီးစီးၿပိဳင္ပြဲေတြလည္း သုံးၾကပါတယ္။

အုိလံပီယာအသင္းနည္းျပကေတာ့ ဘန္စတန္ Mask တပ္ကစားတာဟာ ျပသနာမရွိေၾကာင္းနဲ႔ အဲဒါက သူ႔ရဲ႕ေျခစြမ္းကိုလည္း သက္ေရာက္မႈမရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

”အသင္းမွာေရာ ၿပိဳင္ပြဲမွာပါ သူက Mask တပ္ကစားတဲ့ တစ္ဦးတည္းေသာကစားသမားဆုိေတာ့ ထူးထူးဆန္းဆန္းေတာ့ ျဖစ္ေနတာေပါ့။ အဲဒါက ျပသနာမရွိသလုိ သူလည္း ဂိုးေတြသြင္းေနတာပါ”လို႔ ဟြန္ဒူးရပ္စ္ကလပ္ျဖစ္တဲ့အိုလံပီယာအသင္းနည္းျပက ဆုိခဲ့တာပါ။

၃၃ ႏွစ္အရြယ္ ဘန္စတန္ဟာ ဟြန္ဒူးရပ္စ္လက္ေရြးစင္အသင္းအတြက္ ၅၇ ပြဲကစားေပးထားၿပီး ကလပ္အဆင့္မွာ အီရန္ကေန ေကာ္စတာရီကာက အသင္းေတြထိ ကစားေပးခဲ့ဖူးပါတယ္။