မိုက်ကယ်အိုဝင် အရဲစွန့်မခန့်မှန်းရဲတဲ့ လီဗာပူး Vs ယူနိုက်တက် ပွဲစဉ်… သူဘယ်လိုခန့်မှန်းထားမလဲ…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ်မှာ မိုက်ကယ်အိုဝင်အတွက် အခက်အခဲဆုံးခန့်မှန်းရမယ့်ပွဲစဉ်ကတော့ လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ပဲဖြစ်ပါလိမ့်မယ်။ ပရီမီးယားလိဂ်မှာ အခါးသီးဆုံးပြိုင်ဘက် နှစ်သင်းအဖြစ်သတ်မှတ်ခံထားရတဲ့ အသင်းတွေမှာ ကစားခဲ့တဲ့ ကစားသမားတစ်ယောက်အတွက်တော့ ဒီပွဲမှာ ပွဲခန့်မှန်းရလဒ်မှန်ဖို့ထက် နှစ်ဘက် အသင်းပရိသတ်တွေရဲ့ အမုန်းကိုမခံရဖို့ တွေးနေမိမှာက သေချာပါတယ်။

မိုက်ကယ်အိုဝင်ဟာ လီဗာပူးရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သလို ယူနိုက်တက်မှာလည်း ကစားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် (၇) ပိုင်ရှင်တွေထဲက တစ်ဦးဖြစ်ခဲ့သူပါ။ ယူနိုက်တက်အသင်းရဲ့ ပရီမီးယားလိဂ် ပွဲစဉ်တွေကိုခန့်မှန်းခဲ့ရာမှာ မှန်ကန်မှုတွေရရှိနေတဲ့ အိုဝင်ရဲ့ခန့်မှန်းမှုတွေကို နှစ်ဘက်စလုံးက အသင်းအမာခံပရိသတ်တွေစောင့်ကြည့်နေကြပါတယ်။

ဘန်လေအသင်းကို အနိုင်ရရှိပြီး အမှတ်ပေးဇယား အဆင့် ( ၁ )နေရာကို ရောက်ရှိလာတဲ့ ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာ အဆင့် ( ၂ ) နေရာက လီဗာပူးအသင်းနဲ့ အန်ဖီးလ်ကွင်းမှာ ကစားရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းအနေနဲ့ ယခု ပွဲစဉ်ကို အနိုင်ရရှိပါက အဆင့် ( ၁ ) နေရာကို ပြန်လည် တက်ရောက်နိုင်မှာ ဖြစ်သလို တစ်ဘက်မှာလည်း ယူနိုက်တက်က အနိုင်ရရှိခဲ့မယ်ဆိုရင် လက်ရှိချန်ပီယံကို ( ၆ ) မှတ်ထိ အသားစီးရနိုင်မယ့် အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

လီဗာပူး နှင့် ယူနိုက်တက် ကစားသမားဟောင်း မိုက်ကယ် အိုဝင်က ယခု ပွဲစဉ်ဟာ (၀ – ဝ) သရေရလာဒ် ထွက်ပေါ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

” ဒီပွဲစဉ်က တကယ့် Super Sunday ပွဲစဉ်ပါပဲ ။ ဇယားထိပ်က ယူနိုက်တက်အနေနဲ့ အန်ဖီးလ်ကွင်းမှာ ပြိုင်ဘက်ဟောင်းကြီးကို သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ဒီပွဲစဉ်က အိုလေ ဂန်နား ဆိုးရှားအတွက် အလှည့်အပြောင်း ဖြစ်စေနိုင်ပါတယ် ။ အနိုင်ရရှိခဲ့မယ်ဆိုရင် ချန်ပီယံဆုကို စိန်ခေါ်ဖို့ အဆင့် ( ၁ ) နေရာမှာ ဆက်လက်ရပ်တည်ခွင့် ရပါလိမ့်မယ်။”

” လီဗာပူးက ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ( ၆၇ ) ပွဲဆက် ရှုံးပွဲ မရှိ ရပ်တည်ထားနိုင်တာ တွေ့ရတယ်။ ယာဂန် ကလော့ အနေနဲ့ ( ၂ ) နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ဖို့ အဓိကကျော်ဖြတ်ရမယ့် ပွဲစဉ်တစ်ပွဲလို့ သဘောထားပြီး ကစားသွားဖို့ ရှိနေပါတယ်။ ”

” လီဗာပူးအသင်းနဲ့ သက်ဆိုင်သူတွေ ၊ အထူးသဖြင့် ပရိသတ်တွေအနေနဲ့ အဆိုပါ မှတ်တမ်းကောင်းကို ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ကျိုးပျက်မသွားဖို့ မျှော်လင့်နေကြပါလိမ့်မယ်။ ”

“( ၂ ) သင်းစလုံးက တန်ပြန်တိုက်စစ် ကစားရတာ ကြိုက်တဲ့ အသင်းတွေဖြစ်လို့ ဒီပွဲစဉ်က ကြောင် နှင့် ကြွက်လို ဖြစ်နေပါလိမ့်မယ် ။ ကျွန်တော့် အထင်ကတော့ ( ၂ ) သင်းစလုံး counter-attacks တွေကို အဓိက ထိန်းချုပ်ဖို့ အာရုံစိုက်လာပါလိမ့်မယ်။ ဒါကြောင့် အန်ဖီးလ်မှာ သရေရလာဒ် ထွက်ပေါ်လိမ့်မယ်လို့ မြင်မိပါတယ်။” လို့ သုံးသပ်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မိုက္ကယ္အိုဝင္ အရဲစြန္႕မခန္႔မွန္းရဲတဲ့ လီဗာပူး Vs ယူႏိုက္တက္ ပြဲစဥ္… သူဘယ္လိုခန္႔မွန္းထားမလဲ…?

ဒီတစ္ပတ္မွာ မိုက္ကယ္အိုဝင္အတြက္ အခက္အခဲဆံုးခန္႔မွန္းရမယ့္ပြဲစဥ္ကေတာ့ လီဗာပူးနဲ႔ ယူႏိုက္တက္တို႕ရဲ႕ ပြဲစဥ္ပဲျဖစ္ပါလိမ့္မယ္။ ပရီမီးယားလိဂ္မွာ အခါးသီးဆံုးျပိဳင္ဘက္ ႏွစ္သင္းအျဖစ္သတ္မွတ္ခံထားရတဲ့ အသင္းေတြမွာ ကစားခဲ့တဲ့ ကစားသမားတစ္ေယာက္အတြက္ေတာ့ ဒီပြဲမွာ ပြဲခန္႔မွန္းရလဒ္မွန္ဖို႕ထက္ ႏွစ္ဘက္ အသင္းပရိသတ္ေတြရဲ႕ အမုန္းကိုမခံရဖို႕ ေတြးေနမိမွာက ေသခ်ာပါတယ္။ မိုက္ကယ္အိုဝင္ဟာ လီဗာပူးရဲ႕ ဂႏၱဝင္ကစားသမားတစ္ဦးျဖစ္သလို ယူႏိုက္တက္မွာလည္း ကစားခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ယူႏိုက္တက္အသင္းရဲ႕ ေက်ာနံပါတ္ (၇) ပိုင္ရွင္ေတြထဲက တစ္ဦးျဖစ္ခဲ့သူပါ။ ယူႏိုက္တက္အသင္းရဲ႕ ပရီမီးယားလိဂ္ ပြဲစဥ္ေတြကိုခန္႔မွန္းခဲ့ရာမွာ မွန္ကန္မႈေတြရရွိေနတဲ့ အိုဝင္ရဲ႕ခန္႕မွန္းမႈေတြကို ႏွစ္ဘက္စလံုးက အသင္းအမာခံပရိသတ္ေတြေစာင့္ၾကည့္ေနၾကပါတယ္။

ဘန္ေလအသင္းကို အႏိုင္ရရွိၿပီး အမွတ္ေပးဇယား အဆင့္ ( ၁ )ေနရာကို ေရာက္ရွိလာတဲ့ ယူႏိုက္တက္ဟာ ဒီတစ္ပတ္မွာ အဆင့္ ( ၂ ) ေနရာက လီဗာပူးအသင္းနဲ႔ အန္ဖီးလ္ကြင္းမွာ ကစားရဖို႔ ရွိေနပါတယ္။ လီဗာပူးအသင္းအေနနဲ႔ ယခု ပြဲစဥ္ကို အႏိုင္ရရွိပါက အဆင့္ ( ၁ ) ေနရာကို ျပန္လည္ တက္ေရာက္ႏိုင္မွာ ျဖစ္သလို တစ္ဘက္မွာလည္း ယူႏိုက္တက္က အႏိုင္ရရွိခဲ့မယ္ဆိုရင္ လက္ရွိခ်န္ပီယံကို ( ၆ ) မွတ္ထိ အသားစီးရႏိုင္မယ့္ အခြင့္အေရး ရွိေနတာ ျဖစ္ပါတယ္။ လီဗာပူး ႏွင့္ ယူႏိုက္တက္ ကစားသမားေဟာင္း မိုက္ကယ္ အိုဝင္က ယခု ပြဲစဥ္ဟာ (၀ – ၀) သေရရလာဒ္ ထြက္ေပၚလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။

” ဒီပြဲစဥ္က တကယ့္ Super Sunday ပြဲစဥ္ပါပဲ ။ ဇယားထိပ္က ယူႏိုက္တက္အေနနဲ႔ အန္ဖီးလ္ကြင္းမွာ ၿပိဳင္ဘက္ေဟာင္းႀကီးကို သြားေရာက္ ယွဥ္ၿပိဳင္ရဖို႔ ရွိေနပါတယ္။ ဒီပြဲစဥ္က အိုေလ ဂန္နား ဆိုးရွားအတြက္ အလွည့္အေျပာင္း ျဖစ္ေစႏိုင္ပါတယ္ ။ အႏိုင္ရရွိခဲ့မယ္ဆိုရင္ ခ်န္ပီယံဆုကို စိန္ေခၚဖို႔ အဆင့္ ( ၁ ) ေနရာမွာ ဆက္လက္ရပ္တည္ခြင့္ ရပါလိမ့္မယ္။ လီဗာပူးက ပရီးမီးယားလိဂ္ အိမ္ကြင္း ပြဲစဥ္ ( ၆၇ ) ပြဲဆက္ ရႈံးပြဲ မရွိ ရပ္တည္ထားႏိုင္တာ ေတြ႕ရတယ္။ ယာဂန္ ကေလာ့ အေနနဲ႔ ( ၂ ) ႏွစ္ဆက္ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ႏိုင္ဖို႔ အဓိကေက်ာ္ျဖတ္ရမယ့္ ပြဲစဥ္တစ္ပြဲလို႔ သေဘာထားၿပီး ကစားသြားဖို႔ ရွိေနပါတယ္။ လီဗာပူးအသင္းနဲ႔ သက္ဆိုင္သူေတြ ၊ အထူးသျဖင့္ ပရိသတ္ေတြအေနနဲ႔ အဆိုပါ မွတ္တမ္းေကာင္းကို ယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ က်ိဳးပ်က္မသြားဖို႔ ေမွ်ာ္လင့္ေနၾကပါလိမ့္မယ္။ ( ၂ ) သင္းစလုံးက တန္ျပန္တိုက္စစ္ ကစားရတာ ႀကိဳက္တဲ့ အသင္းေတြျဖစ္လို႔ ဒီပြဲစဥ္က ေၾကာင္ ႏွင့္ ႂကြက္လို ျဖစ္ေနပါလိမ့္မယ္ ။ ကြၽန္ေတာ့္ အထင္ကေတာ့ ( ၂ ) သင္းစလုံး counter-attacks ေတြကို အဓိက ထိန္းခ်ဳပ္ဖို႔ အာ႐ုံစိုက္လာပါလိမ့္မယ္။ ဒါေၾကာင့္ အန္ဖီးလ္မွာ သေရရလာဒ္ ထြက္ေပၚလိမ့္မယ္လို႔ ျမင္မိပါတယ္။” လို႔ သံုးသပ္ထားပါတယ္။