မိုက်ဒိန်း ကူညီပေးခဲ့တဲ့ အာနိုးရဲ့ သွင်းဂိုး

လီဗာပူးနောက်တန်းအစွန်လူထရန်းအလက်ဇန္ဒားအာနိုးဟာမနေ့ညတုန်းက

နယူးကာဆယ်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအမိုက်စားအပြင်းကန်ချက်

ဂိုးတစ်ဂိုးကိုသွင်းယူခဲ့ပါတယ်။ဘောလုံးပရိသတ်တွေကအလက်ဇန္ဒား

အာနိုးရဲ့ဂိုးဝင်အောင် ကွင်းလယ်ဒိုင်လူကြီးမိုက်ဒိန်းကထောက်ပံ့ကူညီခဲ့

တယ်လို့ဆိုနေကြပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကနိုဝင်ဘာလအတွက်ပရီးမီးယားလိဂ်တစ်လ

တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တဲ့ထရန်းအလက်ဇန္ဒားအာနိုးဟာ

ကြာသပတေးနေ့ညတုန်းကအန်ဖီးလ်ပွဲစဉ်မှာလည်း ဆက်လက်ခြေစွမ်းပြ

ကစားခဲ့ပါတယ်။

မနေ့ညကပွဲမှာလီဗာပူးဟာပွဲအစ၇မိနစ်မှာဘဲရှာဗေးရဲ့ဧရိယာအပြင်က

လှပတဲ့ကန်ချက်ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပါတယ်။
ဒါပေမဲ့ပထမပိုင်းမှာဂျိုတာနှင့်ဆာလက်တို့ရဲ့သွင်းဂိုးနဲ့အတူ လီဗာပူးဟာ

၂-၁ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။

လီဗာပူးအတွက်အနိုင်သေချာစေမယ့်ဂိုးကိုပွဲချိန်၈၇မိနစ်မှာထရန်းအလက်

ဇန္ဒားအာနိုးက၂၅ကိုက်အကွာကနေအပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ထရန်းအလက်ဇန္ဒားအာနိုးကယင်းဂိုးကိုအပြင်းကန်ရန်ပြင်စဉ်မှာ ကွင်းလယ်

ဒိုင်လူကြီးမိုက်ဒိန်းကရှေ့ကနေဖြတ်ပြေးရှောင်ပေးခဲ့တာတွေ့ရပါတယ်။

ဒါကြောင့်လည်းဘောလုံးပရိသတ်များကမိုက်ဒိန်းကြောင့်နယူးကာဆယ်ဂို

းသမားမှာဘောလုံးလမ်းကြောင်းမှန်းဆမရဖြစ်ခဲ့ရကြောင်း ဟာသနှောကာ

ပြောကြားနေကြပါတယ်။

ပွဲအပြီးတွင်ထရန်းအလက်ဇန္ဒားအာနိုးက “ဒီလိုမျိုးဂိုးကိုသွင်းဖို့ ငါးနှစ်စောင့်

ဆိုင်းလာခဲ့တာပါ။ဧရိယာထိပ်မှာကန်ခွင့်အနည်းငယ်ပဲရခဲ့တယ်။အခုတော့

အရမ်းမိုက်တဲ့တစ်လုံးကိုသွင်းနိုင်ခဲ့ပါပြီ။ထောင့်ကျဉ်းထဲသို့ဝင်သွားခဲ့တာ။

တကယ့်ကိုချိုမြိန်တဲ့ကန်ချက်ပါ။ပွဲကိုအဆုံးသတ်တဲ့ဂိုးပါ”လို့ပြောကြားသွားပါတယ်။

Zawgyi

မိုက္ဒိန္း ကူညီေပးခဲ့တဲ့ အာႏိုးရဲ႕ သြင္းဂိုး
လီဗာပူးေနာက္တန္းအစြန္လူထရန္းအလက္ဇႏၵားအာႏိုးဟာမေန႔ညတုန္းက

နယူးကာဆယ္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအမိုက္စားအျပင္းကန္ခ်က္

ဂိုးတစ္ဂိုးကိုသြင္းယူခဲ့ပါတယ္။ေဘာလုံးပရိသတ္ေတြကအလက္ဇႏၵား

အာႏိုးရဲ႕ဂိုးဝင္ေအာင္ ကြင္းလယ္ဒိုင္လူႀကီးမိုက္ဒိန္းကေထာက္ပံ့ကူညီခဲ့

တယ္လို႔ဆိုေနၾကပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းကႏိုဝင္ဘာလအတြက္ပရီးမီးယားလိဂ္တစ္လ

တာအေကာင္းဆုံးကစားသမားဆုကိုရရွိခဲ့တဲ့ထရန္းအလက္ဇႏၵားအာႏိုးဟာ

ၾကာသပေတးေန႔ညတုန္းကအန္ဖီးလ္ပြဲစဥ္မွာလည္း ဆက္လက္ေျခစြမ္းျပ

ကစားခဲ့ပါတယ္။

မေန႔ညကပြဲမွာလီဗာပူးဟာပြဲအစ၇မိနစ္မွာဘဲရွာေဗးရဲ႕ဧရိယာအျပင္က

လွပတဲ့ကန္ခ်က္ဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရပါတယ္။
ဒါေပမဲ့ပထမပိုင္းမွာဂ်ိဳတာႏွင့္ဆာလက္တို႔ရဲ႕သြင္းဂိုးနဲ႔အတူ လီဗာပူးဟာ

၂-၁ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

လီဗာပူးအတြက္အႏိုင္ေသခ်ာေစမယ့္ဂိုးကိုပြဲခ်ိန္၈၇မိနစ္မွာထရန္းအလက္

ဇႏၵားအာႏိုးက၂၅ကိုက္အကြာကေနအျပင္းကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ထရန္းအလက္ဇႏၵားအာႏိုးကယင္းဂိုးကိုအျပင္းကန္ရန္ျပင္စဥ္မွာ ကြင္းလယ္

ဒိုင္လူႀကီးမိုက္ဒိန္းကေရွ႕ကေနျဖတ္ေျပးေရွာင္ေပးခဲ့တာေတြ႕ရပါတယ္။

ဒါေၾကာင့္လည္းေဘာလုံးပရိသတ္မ်ားကမိုက္ဒိန္းေၾကာင့္နယူးကာဆယ္ဂို

းသမားမွာေဘာလုံးလမ္းေၾကာင္းမွန္းဆမရျဖစ္ခဲ့ရေၾကာင္း ဟာသေႏွာကာ

ေျပာၾကားေနၾကပါတယ္။

ပြဲအၿပီးတြင္ထရန္းအလက္ဇႏၵားအာႏိုးက “ဒီလိုမ်ိဳးဂိုးကိုသြင္းဖို႔ ငါးႏွစ္ေစာင့္

ဆိုင္းလာခဲ့တာပါ။ဧရိယာထိပ္မွာကန္ခြင့္အနည္းငယ္ပဲရခဲ့တယ္။အခုေတာ့

အရမ္းမိုက္တဲ့တစ္လုံးကိုသြင္းႏိုင္ခဲ့ပါၿပီ။ေထာင့္က်ဥ္းထဲသို႔ဝင္သြားခဲ့တာ။

တကယ့္ကိုခ်ိဳၿမိန္တဲ့ကန္ခ်က္ပါ။ပြဲကိုအဆုံးသတ္တဲ့ဂိုးပါ”လို႔ေျပာၾကားသြားပါတယ္။